Saturday, December 19, 2015

မြေမြို၍ လူမျိုး မပြုတ်၊ လူမြိုမှ လူမျိုး ပြုတ်မည်

မြေမြို၍ လူမျိုး မပြုတ်၊ လူမြိုမှ လူမျိုး ပြုတ်မည်
=====================<=====
ဒီဆောင်ပုဒ်ကို ဒီနေ့အချိန်မှာ လ၀ကရုံးတိုင်းမှာ ချိတ်ဆွဲထားတာ တွေ့နိုင်ပါတယ်။ ဒီစကားကို အင်္ဂလိပ်ခေတ်တုန်းက ဒီပဲယင်းဝန်ထောက် ဦးမြဲက န၀မအကြိမ်မြောက် G.C.B.Aအသင်း အစည်းအဝေးမှာ ပြောကြားခဲ့တာလို့ မှတ်သားဖူးပါတယ်။ အခုခေတ်မှာတော့ ဆောင်ပုဒ်ဖြစ်လာပါတယ်။ အင်မတန်မှ ထိရောက်မြင်သာလှတဲ့ စကားပေါ့ဗျာ။

သူတို့ခေတ်တုန်းက လူမျိုးခြားပြသနာဟာ အခုထက်ဆိုးတယ်။ အဓိက လူမျိုးခြားက ၂ခုပဲ။ ပထမက အိန္ဒိယလူမျိုးစုတွေဖြစ်တဲ့ ဘင်္ဂါလီ(အဲအချိန်က အိန္ဒိယက ခွဲမထွက်ရသေးဘူး)၊ တမီး၊ ပန်ချာပီ၊ ဂေါ်ရခါး၊ ချစ်တီး၊ မာရ၀ါရီ၊ ဂူဂျာရတီ၊ စူရတီ အစသဖြင့်။ ဒုတိယကတော့ တရုတ်ပေါ့။

အင်္ဂလိပ်လက်ထက်တုန်းက မြန်မာကို အိန္ဒိယရဲ့ ပြည်နယ်အဖြစ် သတ်မှတ်ထားတော့ ဗီဇာမလို နိုင်ငံကူးလက်မှတ်တောင်မလိုပဲ ငတ်လို့စားစရာမရှိလို့၊ စီးပွားရှာဖို့ ရည်ရွယ်ချက်တွေနဲ့ ကုလားတွေ ၀င်လာကြတယ်။ နောက်ပြီး မြောက်များလှတဲ့ မြန်မာ့လယ်ယာတွေမှာ ကူလီခိုင်းစေဖို့အတွက် အင်္ဂလိပ်အစိုးရကိုယ်တိုင်က သွင်းလာခဲ့တာတွေလည်း ရှိတယ်။ တရုတ်တွေဟာလည်း
ရေကြည်ရာ မြက်နုရာ ပြောင်းလာခဲ့ကြတာပဲ။

မြန်မာအမျိုးသားရေးအင်အားစုတွေဟာ ဒါကို တားဆီးရမယ်ဆိုတာ သိပေမယ့် သိသိနဲ့ ခံခဲ့ရတယ်။ ဘာလို့ဆို အင်္ဂလိပ်ကျွန်ဖြစ်နေရလို့ပဲ။ ၁၉၄၀ကျော်လောက်မှာတော့ ရန်ကုန်မြို့မှာ တိုင်းရင်းသားထက် လူမျိုးခြားက ပိုများလာတဲ့အထိကို ဆိုးဝါးလာခဲ့တယ်။
လွတ်လပ်ရေးရအပြီးနောက်ပိုင်းမှ ပြန်ပို့သင့်တာပို့ နှင်ထုတ်သင့်တန်ထုတ် လုပ်လိုက်မှ ရန်ကုန်မှာ လူမျိုးခြားတွေ လျော့သွားတယ်။

အပေါ်က ပြောခဲ့တာတွေက သမိုင်းကြောင်းအခံ အခင်းအကျင်းပါ။ ဆိုတော့ အဲဒီရွေ့ပြောင်း
ရောက်လာသူလူမျိုးခြားတွေရဲ့ မျိုးဆက်တွေဟာလည်း မြန်မာပြည်မှာ ပြန့်ပွားလာခဲ့တယ်။ နှစ်တွေလည်း ကြာခဲ့ပြီဆိုတော့ သူတို့ကို နိုင်ငံသားအဖြစ်လက်ခံနိုင်ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားအဖြစ်တော့ လက်မခံနိုင်ဘူး။

ပြီးခဲ့တာတွေ ပြီးပါစေတော့ဆိုတဲ့ စိတ်သွင်းလိုက်ပြီး အခုခေတ်ကို ပြန်ကြည့်လိုက်တော့လည်း လူမျိုးခြားတွေဟာ ဆက်ဝင်နေတုန်းပဲ။ အထူးသဖြင့် ဘင်္ဂါလီနဲ့တရုတ်။

မန်းလေးကျုံးဘေးမှာ တခါတလေ သွားထိုင်မိရင် ငါတို့မြေမှ ဟုတ်ရဲ့လားလို့ သံသယ၀င်မိတယ်။ အသက်ရှုကြပ်မိတယ်။ ကိုယ်လက်လှုပ်ရှားနေတဲ့ မျက်လုံးမှေးမှေး အသားဖြူစပ်စပ် စိနတိုင်းသားတွေကို ကြည့်ရင်း ငါတို့ရဲ့ပဒေသရာဇ်ဘုရင်တွေဟာ တချိန်မှာ ဒင်းတို့ ကျန်းမာရေးကိုယ်လက်လှုပ်ရှား
လုပ်ဖို့ ဟောဒီကျုံးကြီးကို ဆောက်လုပ်ခဲ့သလားလို့ ရွဲ့တွေးမိသေးရဲ့။

ဒီလောက်အများကြီးရောက်နေကြတာဟာ အရင်ခေတ်ကတည်းကတော့ လုံးဝမဖြစ်နိုင်ဘူး။ ဒီဘက်ခေတ်ရောက်မှ ဒီဘက်ခေတ်အစိုးရတွေ အသုံးမကျလို့ ဒီလို ဖြစ်ရတာပဲ။

ဗမာစကားတလုံးမှ မတတ်ပဲ .. ပန်းရောင် နိုင်ငံသားစီစစ်ရေးကတ်ပြားကိုင်ထားသူတွေလည်း ရှိတယ်။ လူမြိုမှ လူမျိုးပြုတ်မယ်ဆိုပြီး ဆောင်ပုဒ်လုပ်ထားတဲ့ လ၀က အရာရှိများဟာလည်း ငွေကြေးရဲ့တိုက်ခိုက်
မှုကို တောင့်မခံနိုင်ကြဘူးဆိုတာ ဒါက သက်သေခံနေတယ်။

ကုလားတွေကျတော့ ဒီဘက်ခေတ်မှ ခိုးဝင်လာတာရှားတယ်။ မရှိဘူး။ ဘင်္ဂါလီကုလားတွေပဲ ရှိတယ်။ ခက်တာက သူတို့ဟာ မြန်မာပြည်သားအဖြစ် စိတ်ဓါတ်မရှိဘူး။ ကျုပ်တို့မှာ မြွေပွေးခါးပိုက် ပိုက်ထားရသလိုဖြစ်နေတယ်။

ရောထွေးမပစ်ဖို့ လိုပါတယ်။ အခုပြောနေတာက ကုလားမုန်းတီးရေး၊ တရုတ်မုန်းတီးရေး မဟုတ်ဘူး။ မိမိနိုင်ငံအတွင်းကို လူမျိုးခြားတွေ ၀င်လာမစဲ တသဲသဲဖြစ်နေတာကို ပြောပြတာ။

Saithu Ya Lwin

No comments: