Wednesday, December 9, 2015

ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

နေပြည်တော် ဒီဇင်ဘာ ၈

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီမှ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များကို မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲဒုတိယနေ့အဖြစ် ယနေ့နံနက် ၈ နာရီတွင် စတင်ကျင်းပသည်။

မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲသို့ ပြည်တွင်းရတနာကုန်သည် ၁၃၄၅ ဦး တက်ရောက်လျက်ရှိပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့်ကျောက်စိမ်းအတွဲများကို ကြည့်ရှုလေ့လာကာသက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ဈေးနှုန်းအဆိုပြုလွှာများကို အပြိုင်အဆိုင် ထည့်သွင်းကြသည်။

ယခုကျင်းပသည့် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များကို မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲ၌ အလေးချိန် ၈၂၅၇ ကီလိုဂရမ်ရှိ ကျောက်စိမ်းအသားကျောက် အပါအဝင် ကျောက်စိမ်းတွဲပေါင်း ၆၈၂၆ တွဲကို ဒီဇင်ဘာ ၁ဝ ရက်မှ ၁၃ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments: