စီးပွားရေးပျက်ကပ်လို့ ပြောရမှာလား
ကျောက်စိမ်းဈေးတွေကျလိုက်တာ
မြေဈေးတွေကလဲဝယ်မဲ့သူမရှိ
တိုက်ခန်းကွန်ဒိုတွေဆိုရောင်းချင်တဲ့
သူတွေချည်းဘဲ
ရွှေဈေးကလဲထိုးဆင်း
မြန်မာပြည်စီးပွားရေးကိုခြုံပြောရရင်
မကောင်းဘူးလို့ ပြောရမယ်
ကောင်းတာတွေလဲရှိပါတယ်
မနှစ်ကပိုင်ဆိုင်မူသိန်းတသိန်းရှိတဲ့
သူဌေးတယောက်
သူပိုင်ဆိုင်တဲ့ကျောက်ဟာအခုချိန်မှာ
သိန်းနှစ်သောင်းဘဲရှိတော့တယ်
မကြာသေးခင်ကမှနေပြည်တော်
ကျောက်စိမ်းလေလံပွဲမှာသိန်းခုနှစ်ရာ
အရင်ကဈေးရှိတဲ့ကျောက်ကိုအခုခါမှာ
သိန်းတစ်ရာငါးဆယ်နဲ့ဝယ်လို့ ရပြီ
ဒီအတိုင်းဆိုကျောက်ဈေးဟာမူလဈေး
ရဲ့ငါးပုံတပုံဘဲကျန်တော့တယ်
မြေတွေပိုင်ဆိုင်ထားတဲ့မြေသူဌေး
တယောက်ဟာမနှစ်ကပိုင်ဆိုင်မူသိန်း
တစ်သိန်းရှိခဲ့ရင်အခုချိန်မြေဈေးနဲ့ဆို
သူရဲ့ပိုင်ဆိုင်မူဟာဘယ်လောက်ဘဲ
ကျန်တော့မှာလဲဆိုတာသူကိုယ်တိုင်
တောင်ခန့်မှန်းရခက်နေပါလိမ့်မယ်
ဆောက်လုပ်ရေးလုပ်တဲ့လုပ်ငန်းရှင်
တွေလဲကြိုပွိုင့်တွေရောင်းလို့ကမရ
လက်ငင်းလဲဝယ်မဲ့သူမရှိ
ချေးငွေတွေယူပြီးလုပ်ထားတာအသံ
ကိုမထွက်နိုင်ဘူး
ရွှေဈေးတွေကလဲကျလိုက်တာ
ရှစ်သိန်းကျော်ထိဖြစ်ခဲ့ရွှေဈေးဟာ
အခုချိန်မှာ၇၄၄၀၀၀/ဖြစ်နေတယ်
ရှစ်သိန်းရောက်တော့ကြောက်လို့ 
ဝယ်တဲ့သူနဲ့ရောင်းပြီးထားတဲ့သူကလဲ
၇၇၀၀၀၀/တန်းမှာပြန်ဝယ်ပြီးသွားပြီး
အားလုံးပိုက်ဘောမိနေကြတယ်
ဗဟိုဘဏ်ကတိုင်းပြည်စီးပွားရေးကောင်း
လို့ မြန်မာငွေတန်ဖိုးကျရတာဆိုပြီးထုတ်
ပြန်ထားတယ်
စီးပွားရေးကမကောင်းရတဲ့အထဲမြန်မာငွေ
တန်ဖိုးကထပ်အကျခံရတော့မိအေးနှစ်ခါ
နာဖြစ်နေရတယ်
စီးပွားရေးဝင်ငွေကမတိုးပွားပေမဲ့ကုန်ကျ
စရိတ်ကအရင်ထက်ပိုကုန်ကျနေတယ်
မြန်မာငွေကျပ်တာကအလုပ်တကယ်
လုပ်နေတဲ့သူအားလုံးသိကြတယ်
မြန်မာငွေတွေဘယ်ရောက်ကုန်ပြီလဲ
ဘဏ်တွေကလဲပေးလိုက်တဲ့အတိုး
ကလဲအမျိုးကိုစုံလို့ 
သူတို့ ကလဲဘာအလုပ်တွေလုပ်နေလို့ 
အတိုးတွေအဲလောက်ပေးနေနိုင်တာလဲ
ဆိုတာကိုတောင်စဉ်းစားရတော့မယ်
ဝန်ထမ်းတွေအများကြီးနဲ့လုပ်အားခကလဲ
ရှင်းပေးရအုန်းမယ်
အားလုံးကိုစဉ်းစားရမယ်
အလုပ်လုပ်တဲ့ချိန်မှာလဲသတိအရမ်းထား
ရတော့မယ်မှားလိုက်လို့ ရင်တော့
ဒုက္ခကောင်းကောင်းတွေ့ သွားမယ်
အခုချိန်မှာဟောပြောပွဲတွေသင်တန်းတွေ
အများကြီးလုပ်နေကျင်းပနေကြတယ်
ဂရုစိုက်ပါနားမယောင်ကြပါနဲ့
ဦးနှောက်သုံးစဉ်းစားကြပါ
ငွေကဘယ်လိုဝင်မယ်ဘယ်လိုရမယ်
ပြောတာဟောတာကိုနားထောင်ပြီးလုပ်
လိုက်ရင်တော့သူတို့ ဂွင်ထဲရောက်သွား
ပြီဘဲငွေရှာလို့ ဒီလောက်လွယ်ရင်သင်တန်း
သားတို့ ရှယ်ယာတို့ ခေါ်စရာလိုလို့ လား
သင်တန်းတွေခေါ်ပေးစရာလိုလို့ လား
သူတို့ ဖာသာသူတို့ ဘဲလုပ်မှာပေါ့
စီးပွားရေးပျက်ကပ်လိုဆိုက်နေချိန်မှာ
မိသားစုအားလုံးတိုင်တိုင်ပင်ပင်
လုပ်စေချင်ပါတယ်
သူတလူငါတမင်းမလုပ်ကြပါနဲ့
ရှယ်ယာလုပ်ငန်းဆိုရင်လဲအားလုံး
ညီညီညွတ်ညွတ်ခြေလှမ်းမကျယ်
ကြဖိုဒီဆောင်းပါးကို
လမ်းကြောင်းပေါ်မှာသွားရင်း
မြင်သမျှကြားသမျှကိုရေးသားခြင်း
ဖြစ်ပါတယ်အမှားပါခဲ့ရင်
ကျွန်တော်ရဲ့ဥာဏ်မမှီ
လို့ မှားသောအမှားဘဲလို့ သတ်မှတ်
ပေးပါရန်ပြောကြားလိုပါတယ်
U Win Sein (Gold trade)
No comments:
Post a Comment