Wednesday, December 9, 2015

အမေရိကန်နိုင်ငံမှကုန်သွယ်ရေးဆိုင်ရာကန့်သတ်မှု ခြောက်လယာယီဆိုင်းငံ့မှုအပြီးတွင် အခြားစီးပွားရေးပိတ်ဆို့မှုများကိုလည်း ဖြေလျှော့ပေးလိမ့် မည် မျှော်လင့်ရဟု ပြည်တွင်းလုပ်ငန်းရှင်များဆို +++++++++++++++++++++++++++++++++

အမေရိကန်နိုင်ငံမှကုန်သွယ်ရေးဆိုင်ရာကန့်သတ်မှု ခြောက်လယာယီဆိုင်းငံ့မှုအပြီးတွင် အခြားစီးပွားရေးပိတ်ဆို့မှုများကိုလည်း ဖြေလျှော့ပေးလိမ့် မည် မျှော်လင့်ရဟု ပြည်တွင်းလုပ်ငန်းရှင်များဆို
++++++++++++++++++++++++++++++++++++++++++++++++

ရန်ကုန်၊ ဒီဇင်ဘာ ၈-အမေရိကန် နိုင်ငံမှ မြန်မာနိုင်ငံအပေါ်ချမှတ် ထားသည့် ကုန်သွယ်ရေးဆိုင်ရာ ပစ်မှတ်ထားကန့်သတ်မှုများကို ခြောက်လ ယာယီ ဆိုင်းငံ့မှုအပြီးတွင် အခြားစီးပွားရေးပိတ်ဆို့မှုများကို လည်း ဖြေလျှော့ ပေး လိမ့်မည်မျှော်လင့်ရဟု ပြည်တွင်းလုပ်ငန်းရှင်များက ပြောကြား လိုက် ကြောင်း သိရသည်။

အမေရိကန်အစိုးရအနေဖြင့် ဒီဇင်ဘာ ၇ရက်က ပြည်တွင်းစီးပွား ရေး လုပ်ငန်းရှင်ပိုင်ဆိုင်သော ဆိပ် ကမ်းမှတစ်ဆင့် ကုန်သွယ်ရေး ခွင့်ပြု ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးကန့် သတ်ချက်များကို ယာယီဖြေလျှော့ ပေးခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်ဟု The Wall Street Journal တွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် မကြာသေးမီ က ရွေး ကောက်ပွဲများ အောင်မြင်စွာကျင်းပပြီး စီးခဲ့ပြီး အစိုးရသစ်တစ်ရပ်ထူထောင် ရန် ပြင်ဆင်နေချိန်တွင် ခြောက်လ ကြာမြန်မာနိုင်ငံနှင့် ကုန်ပစ္စည်းများ တင်သွင်း၊ တင်ပို့ခွင့်ပြုရန်အတွက် ပိတ်ဆို့မှု အချို့ကို ယာယီဖြေလျှော့ ရန် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဌာနက အထွေထွေလိုင်စင်တစ်ခုကို ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းလိုင် စင်သည် ပိတ်ဆို့မှုအလုံးစုံကို ဖြေလျှော့ ပေးလိုက်ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံ ရှိ ကုန်ပစ္စည်းများနှင့် ဘဏ္ဍာရေးလုပ် ငန်းမဟုတ်သော ဝန်ဆောင်မှုများ ကို ပြုလုပ်နိုင်မည့် ကုန်သွယ်ရေးနှင့် ဆက် နွှယ်သောကိစ္စရပ်များကို အမေရိကန် ကုမ္ပဏီများအနေဖြင့် ဝင်ရောက်လုပ် ကိုင်ခွင့်ရရန်အတွက် သာဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် အမေရိကန်နှစ် နိုင်ငံ ကုန်သွယ်ရေးပိုမိုချောမွေ့စေရန် အတွက် ခြောက်လသက်တမ်းရှိသည့် အထွေထွေလိုင်စင်အမှတ် (၂၀)ကို အေးရှားဝေါဆိပ်ကမ်းရှိ အမေရိကန် ကုမ္ပဏီများ ကုန်ပစ္စည်း တင်ပို့မှုအ တွက်သာ ချမှတ်ပေးခြင်းဖြစ်ပြီး ကုန်ပစ္စည်းတင်ပို့မှုအတွက်သာ ချ မှတ်ပေးခြင်းဖြစ်ပြီး အခြားကုန် သွယ်ရေးပိတ်ဆို့မှုများကို ဆက် လက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ''ကုန်သွယ် မှုအနေနဲ့ကတော့ အရင်တုန်းက ဆိုရင်လည်း အေးရှားဝေါကို ပိတ် ထားလည်း ရှောင်ကွင်းပြီးတော့လာ ကြတာတွေရှိတယ်။ အခု ရန်ကုန် မှာဆိုရင် ဗိုလ်တထောင်ဆိပ်ကမ်း ရှိတယ်။ မြန်မာ့စက်မှုဆိပ်ကမ်းရှိ တယ်။ သီလဝါဆိပ်ကမ်းရှိတယ်။ သူ့ကို စီးပွားရေး ပိတ်ဆို့ထားတော့ သူ့ဆိပ်ကမ်းက လွှဲတဲ့ငွေတွေကို အ မေရိကန်ကဖမ်းပြီး သိမ်းထားတာ မျိုးတွေရှိတယ်။ ဆိုလိုချင်တာက အေး ရှားဝေါဆိပ်ကမ်းကနေ ကုန်တွေကို ပို့လို့မရဘူး။ ချလို့မရဘူး။ ကုန်တွေကို ချမယ်ဆိုရင် သင်္ဘောခတွေ ဘာတွေ ထုတ်လို့မရဘူးဖြစ်တယ်။  အဲဒါတွေ အတွက် အခုလို ဖြေလျှော့ပေး လိုက် တော့ ကောင်းတယ်။ ကုန်သွယ်ရေးအတွက်လည်း ကောင်းတယ်'' ဟုဆို သည်။

အထူးသဖြင့် အဆိုပါ လိုင်စင် သည် ရန်ကုန်မြို့ရှိ အမေရိကန် စီးပွားရေးပိတ်ဆို့မှု အမည်ပျက်စာ ရင်းတွင်ပါရှိသည့် ကုမ္ပဏီကပိုင် ဆိုင်ပြီး လုပ်ငန်းများ လုပ်ကိုင်နေ သော အဓိကဆိပ်ကမ်းဖြစ်သည့် အေးရှားဝေါ ဆိပ်ကမ်းမှ တစ်ဆင့် ကုန် ပစ္စည်းများကို အမေရိကန်ကုမ္ပဏီ များက တင်ပို့ခွင့်ရရှိနိုင်ရန် ကူညီ ပေးမည်ဖြစ်ကာ အမေရိကန်စီးပွား ရေး လုပ်ငန်းများအနေဖြင့် အဆိုပါ ဆိပ်ကမ်းကိုအသုံးပြုကာ ငွေကြေး လွှဲပြောင်းခြင်းများကို လုပ်ကိုင်နိုင် မည်ဖြစ်ကြောင်းသိရသည်။

စီးပွားရေးပညာရှင် ဦးလှမောင် က ''အခုဖြေလျှော့ပေးမှုက ကြီးကြီး ကျယ်ကျယ်တော့မဟုတ်ဘူး။ အဓိပ္ပါယ် ကတော့ ရွေးကောက်ပွဲမှာ အနိုင်ရ တဲ့ အင်န်အယ်လ်ဒီပါတီရဲ့ မဟာမိတ် ဖြစ်တဲ့ အမေရိကန်က အသိအမှတ် ပြုတဲ့သဘောပါ။ ပိတ်ဆို့မှုတွေက တော့ အများကြီးရှိတယ်။ အခုက နည်းနည်းပဲ ပွင့်သေးတာ ကျန်တဲ့ ပိတ်ဆို့မှုတွေကိုလည်း အစိုးရသစ်ရဲ့ လုပ်ငန်းတွေကိုကြည့်ပြီး ဖြေလျှော့ ပေးလိမ့်မယ်''ဟု ဆိုသည်။

အမေရိကန်အစိုးရမှ မြန်မာ နိုင်ငံအပေါ် ပိတ်ဆို့ကန့်သတ်ထားသည့် စီးပွားရေးဆိုင်ရာ ပိတ်ဆို့မှု များကို ဖြေလျှော့ပေးရန်အတွက် အစိုးရသစ်၏ လုပ်ငန်းစဉ်များကို တစ်ဆင့်ချင်း စောင့်ကြည့်ကာ ပိတ် ဆို့မှုများကိုလည်း တစ်ဆင့်ချင်း ဖြေ လျှော့ပေးသွားနိုင်ဖွယ်ရှိကြောင်း ယင်းက ထပ်မံပြောသည်။
ယင်းက ''အမေရိကန်က အစိုး ရသစ်ရဲ့လုပ်ငန်းတွေကို ကြည့်ပြီး တစ်ဆင့်ချင်း ဖြေလျှော့မှုတွေ လုပ် သွားမှာပါ'' ဟု ထပ်မံပြောသည်။

သို့သော်အမေရိကန် အစိုးရ အနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွား ရေးပိတ်ဆို့မူတစ်ခုလုံးကို ရုပ်သိမ်း ရန် သင့်၊ မသင့် ဆုံးဖြတ်ရန် အချိန် စောလွန်းသေးကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက မကြာသေးမီက ပြောကြားခဲ့သည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်း ရှင် ဦးအောင်မြင့်ဦးက ''မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲ အတွက် အမေရိကန်ရဲ့ ပထမဆုံး ဖြေလျှော့ မှုတစ်ခုလို့ ယူဆပါတယ်။ အခု ကုန်သွယ်ရေးနဲ့ပတ်သက်တဲ့  ဖြေလျှော့မှုတွေ အပြီးမှာ အခြား စီး ပွားရေးပိတ်ဆို့မှုတွေကိုလည်း ဖြေ လျှော့ပေးလိမ့်မယ်လို့ ထင်တယ်။ အဓိကတော့ ရင်းနှီးမြှုပ်နှံမှုအပိုင်း ပေါ့။ အမေရိကန်ရဲ့ စီးပွားရေး ပိတ် ဆို့မှုတွေကို အလုံးစုံ ဖြေလျှော့လိုက် မယ်ဆိုရင်တော့ သူနဲ့ မဟာမိတ်နိုင်ငံ တွေကနေပြီး ရင်းနှီးမြှုပ်နှံမှုတွေ လည်း ဝင်လာနိုင်တယ်'' ဟု သုံးသပ် ပြောသည်။

TNO, WN
#Democracytoday

No comments: