မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, November 9, 2015
Election Update- ကြိုတင်မဲနှင့်လားရှိုးအခြေအနေ
Election Update- ကြိုတင်မဲနှင့်လားရှိုးအခြေအနေ
ရှမ်းပြည်နယ်၊ လားရှိုးတွင် ကြိုတင်မဲ ၁၁၈၁၅ ရေတွက် ၊ မဲဆန္ဒနယ်အားလုံးတွင် ကြံ့ခိုင်ရေး အသာစီးရ
===================================================
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် ညသန်းခေါင်ယံ ကြိုတင်မဲ ၁၁၈၁၅ မဲ ရေတွက်ချိန်တွင် မူလက ကြံ့ခိုင်ရေး အရေးနိမ့်နေရာမှ ကြိုတင်မဲများကြောင့် ပြန်လည်အသာစီးရသွားကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ် မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းဝမ်းလန်းက ပြောကြားသည်။
"ကြိုတင်မဲတွေဆိုပြီး ထုတ်ရေတော့ အခု ကြံ့ခိုင်ရေးပါတီက မဲဆန္ဒနယ်အားလုံး ပြန်သာသွားပြီ" ဟု ၎င်းက ဆိုသည်။
လားရှိုးမြို့တွင် ရောက်ရှိလာသော ကြိုတင်မဲအရေအတွက်မှာ ပြည်သူ့လွှတ်တော်တွင် ၃၉၅၁ မဲ၊ အမျိုးသားလွှတ်တော်တွင် ၃၉၃၁ မဲ၊ ပြည်နယ်မဲဆန္ဒနယ် ၁ တွင် ကြိုတင်မဲ ၁၀၀၁ မဲ၊ ပြည်နယ်မဲဆန္ဒနယ် ၂ တွင် ကြိုတင်မဲ ၂၉၃၂ မဲ ရောက်ရှိ လာခြင်းဖြစ်သည်။
ဧရာဝတီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment