Thursday, September 29, 2016

အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး အစီရင်ခံစာပါ အချက်အများစုကို ဆောင်ရွက်နိုင်သည့်အနေအထားတွင်ရှိ

အကျဉ်းထောင် စနစ်ပြုပြင်ပြောင်းလဲရေးအစီရင် ခံစာပါ အကျဉ်းဦးစီးဌာနသို့ အကြံပြုသည့် အချက်အလက်အများစု သည် ၎င်းတို့ဆောင်ရွက်နိုင်သည့် အနေအထားတွင် ရှိနေသည်ဟု အကျဉ်းဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘လက်ရှိကတော့ ကျွန်တော် တို့လုပ်နေတာတွေ အကြောင်း ပြန်ပေးသွားမှာပါ။ ဝန်ကြီးရုံးကို တော့ သေချာပေါက်တင်ရမှာပါ။ သူတို့ပြောတာတွေက ကျွန်တော် တို့လုပ်နိုင်တာတွေ အများကြီးရှိ ပါတယ်။ မလုပ်ထားတာတော့ မရှိပါဘူး’’ဟု အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်း ထွန်းစိုးက ပြောသည်။

အဆိုပါအစီရင်ခံစာအချက် အလက်များ အကျဉ်းဦးစီးဌာနသို့ မရောက်ရှိသေးသော်လည်း ၎င်း တို့သိထားရသည့်အချက်အလက် များအရ ဆောင်ရွက်နိုင်သည့်အ နေအထားတွင် ရှိနေသည်ဟု ၎င်းက ပြောကြားသည်။

ယင်းအစီရင်ခံစာအရ အ ကျဉ်းထောင်များတွင် အကျဉ်း သားဦးရေ အဆမတန်များပြား နေပြီး ကျန်းမာရေးစောင့်ရှောက် မှုအားနည်းချက်များရှိနေသည်ဟု ဖော်ပြထားသည်။

အဆိုပါကိစ္စရပ်ကို ဆောင် ရွက်နိုင်ရန် ဘတ်ဂျက်လိုအပ်မှု ရှိနေပြီး နှစ်စဉ်ရရှိသည့် ဘတ်ဂျက်အပေါ် မူတည်၍ အကျဉ်း ထောင်တည်ဆောက်ခြင်းများ ပြု လုပ်နေသည်ဟု ဦးမင်းထွန်းစိုးက ပြောသည်။

ထို့ပြင် ကျန်းမာရေးစောင့် ရှောက်မှုများကို ယခင်ကတည်း က ပြုလုပ်နေသော်လည်း ၂၀၁၅ ကစ၍ နိုင်ငံတကာအဖွဲ့အစည်း၊ ကျန်းမာရေးဝန်ကြီးဌာနတို့ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည် ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ အကျဉ်း ထောင်အခြေအနေနှင့် အကျဉ်း ထောင်စနစ်ပြုပြင်ပြောင်းလဲရေး အစီရင်ခံစာကို နိုင်ငံတော်သမ္မတ ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အ ကျဉ်းဦးစီးဌာန၊ လွှတ်တော်နှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ ထံ တင်ပြမည်ဟု နိုင်ငံရေးအ ကျဉ်းသားကူညီစောင့်ရှောက်ရေး အသင်း(AAPP)မှ မြန်မာပြည်ရုံး တာဝန်ခံ ဦးအောင်မျိုးကျော်က ပြောသည်။

‘‘ဒီရက်ပိုင်းအတွင်းကို ပို့ သွားမှာပါ။ သူတို့ဘက်က တိုင်ပင်ဆွေးနွေးဖို့ လုပ်လာရင်တော့ ကျွန်တော်တို့ဘက်က ကြိုဆိုပါ တယ်။ အကျဉ်းထောင် ပြုပြင် ပြောင်းလဲရေးကိစ္စက ကျွန်တော် တို့ချည်း လုပ်လို့မရဘူး၊ အစိုးရ ရယ်၊ လွှတ်တော်ရယ် သက်ဆိုင် ရာ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး တော့ လုပ်မှ ရမှာပါ။ ကျွန်တော် တို့က ဘေးကနေ ပံ့ပိုးပေးသွားပါ မယ်’’ဟု ၎င်းက ပြောသည်။

အကျဉ်းထောင်အတွင်း သိ သာမြင်သာသည့် ပြုပြင်ပြောင်း လဲမှုတစ်ခုကို ခြောက်လအတွင်း ဖော်ဆောင်မည်ဖြစ်ပြီး အကျဉ်း ထောင်များမှ ရရှိထားသည့် အကြံပြုချက်များကို ဝန်ကြီးဌာနသို့ တင်ပြထားကြောင်း အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်း ထွန်းစိုးက ပြောသည်။

Share?

No comments: