Thursday, September 29, 2016

ရွှေဘိုမြို့ထောင့်စေတီပွဲတော်တွင် သီတင်းကျွတ်မီးပုံးပျံပွဲတော် ကျင်းပမည်

ကျင်းပနေသော ရွှေဘိုမြို့ထောင့်စေတီပွဲသို့လာရောက်သူများ (ဓာတ်ပုံ-ညီညီဇော်)

 ရွှေဘိုမြို့ထောင့်စေတီတွင် ပထမဆုံးအကြိမ် သီတင်း ကျွတ်မီးပုံးပျံပွဲတော်ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရွှေဘိုမြို့ထောင့်စေတီပွဲ တော်ကို တော်သလင်းလပြည့် ကျော် ၁၀ ရက်မှ တော်သလင်း လကွယ်နေ့အထိ နှစ်စဉ်ကျင်းပ လေ့ရှိပြီး ယခုအခါ သီတင်းကျွတ်လဆန်း ၁၄ ရက်နှင့် သီတင်းကျွတ်လပြည့်နေ့ညများမှစတင်ကာ ဆီမီး ၉,၀၀၀ ပူဇော်ပွဲနှင့်အတူ မီးပုံးပျံပွဲတော်ကိုပါ စတင်ကျင်းပမည် ဖြစ်ကြောင်း ရွှေဘိုမြို့ထောင့်စေတီ (မော်ဓောမြင်သာ မြို့ထောင့်စေတီ)ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးသိန်းလွင်က ပြောသည်။

‘‘ဂေါပကအဖွဲ့ကလည်း အ ဖွဲ့သစ်ပါ။ ရွှေဘိုမြို့ထောင့်စေတီ ပွဲဆိုတာကလည်း အထက်မြန်မာ ပြည်ရဲ့ အထင်ကရပွဲတစ်ခုပါ။ ဒါ ကြောင့် ဒီနှစ်ကစပြီး သီတင်းကျွတ်မီးပုံးပျံပွဲတော်ကိုပါ စတင်ကျင်းပ ဖို့ စီစဉ်တာပါ’’ဟု ဦးသိန်းလွင်က ပြောသည်။

ရွှေဘိုမြို့ထောင့်စေတီ သီ တင်းကျွတ်မီးပုံးပျံပွဲတော်တွင် စိန် နားပန်မီးပုံးပျံ လေးလုံး၊ သံမီး ကျည်မီးပုံးပျံ နှစ်လုံးလွှတ်တင်မည်ဖြစ်ပြီး ဘုရားခြေတော်ရင်းဇာတ်ရုံတွင် ရွှေဝေလျှံဇာတ်အဖွဲ့၏ ဖျော်ဖြေမှုကိုပါ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင်များက ပြောသည်။

လက်ရှိတွင် ရွှေဘိုမြို့ ထောင့်စေတီပွဲကို စက်တင်ဘာ ၂၆ ရက်မှစတင်ကျင်းပနေပြီး ဖိုး ချစ်၊ ဟန်ဇာမိုးဝင်း၊ ပွဲဦးမင်းဇာတ်အဖွဲ့တို့အပြင် ဗလာဇာတ် (ကြည့် ချင်ပွဲဇာတ်) သုံးဇာတ်ဖြင့်လည်း ညစဉ်ဖျော်ဖြေတင်ဆက်လျက်ရှိ သည်။ ရွှေဘိုမြို့ထောင့်စေတီသည် အလောင်းမင်းတရားကြီး ဦး အောင်ဇေယျတည်ထားခဲ့ခြင်း ဖြစ်သည်။ တော်သလင်းလပြည့် ကျော်တွင် နှစ်စဉ်ကျင်းပလေ့ရှိ သည့် ရွှေဘိုမြို့ထောင့်စေတီပွဲ သည် အထက်မြန်မာပြည်၏ ထင်ရှားသော ပွဲတော်များတွင် တစ်ခု အပါအ၀င်ဖြစ်ပြီး အထည်အလိပ်၊မီးဖိုချောင်သုံး အိမ်သုံးပစ္စည်း၊ ပရိဘောဂ၊ လယ်ယာသုံးပစ္စည်းအစ ရှိသည့် ကုန်ပစ္စည်းမျိုးစုံကို တည် ခင်းရောင်းချလေ့ရှိသည်။

No comments: