Thursday, September 29, 2016

သားမယားအဖြစ်ပြုကျင့်ရန်ကြိုးပမ်းအားထုတ်မှုဖြစ်ပွား ***************************************

29.9.2016 (ကြာသပတေးနေ့) နံနက် ၄နာရီအချိန်ဝန်းကျင်ခန့် တွင်  မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ကမ်းသာယာရပ်ကွက် အနောက်ဘက်ရှိ မြကမ်းသာရွာတွင် နေအိမ်ပေါ်သို့ ကျူးကျော်တက်ရောက်၍ အိမ်ပေါ်၌အိပ်နေသော အသက်(၁၆)နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦး အား သားမယားအဖြစ်ပြုကျင့်ရန် ကြိုးပမ်းအားထုတ်သော  စိုးငယ်(ခ)သန်းစိုး အသက်(35)နှစ် ဆိုသူအား မြကမ်းသာရွာနေ တာဝန်သိလူငယ်များမှ ဖမ်းဆီး၍
ကလွင်ကျေးရွာ အုပ်ချုပ်ရေးရုံးသို့ လာရောက်ပို့ဆောင်ရာ အုပ်ချုပ်ရေးအဖွဲ့မှ စီစစ်မေးမြန်း၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်
်မြိတ်မြို့ မရဲစခန်းသို့ သွားရောက်အပ်နှံပေးခဲ့ကြောင်း သိရသည်။

သတင်း+ဓါတ်ပုံ - KoYe Lwin
Via - Ye Htut Gyi

No comments: