Monday, May 30, 2016

ပူတာအိုဒေသရှိ အစိုးရစက်မှုလက်မှု သိပ္ပံ ကျောင်း လျှောက်လွှာများ ဇွန်လကုန်ထိ လျှောက်ထားနိုင်

ပူတာအိုဒေသရှိ အစိုးရစက်မှုလက်မှု သိပ္ပံ ကျောင်း လျှောက်လွှာများ ဇွန်လကုန်ထိ လျှောက်ထားနိုင် အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)ကျောင်းတွင် ကျောင်းသား/သူ ဦးရေ မျှော်မှန်းသလောက် ရောက်မလာသေးသဖြင့် ဇွန်လကုန် အပတ်ထိလက်ခံပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ကြီး ဦးဝင်းမင်းဆန်း မှပြောသည်။ မေလ ၂၄ ရက်သည် လျှောက်လွှာနောက်ဆုံးပေးပို့ရမည့်ရက် သတ်မှတ်ထားသည်။ပူတာအိုဒေသရှိ အစိုးရစက်မှုလက်မှု သိပ္ပံ ကျောင်း လျှောက်လွှာများ ဇွန်လကုန်ထိ လျှောက်ထားနိုင် အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)ကျောင်းတွင် ကျောင်းသား/သူ ဦးရေ မျှော်မှန်းသလောက် ရောက်မလာသေးသဖြင့် ဇွန်လကုန် အပတ်ထိလက်ခံပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ကြီး ဦးဝင်းမင်းဆန်း မှပြောသည်။ မေလ ၂၄ ရက်သည် လျှောက်လွှာနောက်ဆုံးပေးပို့ရမည့်ရက် သတ်မှတ်ထားသည်။ ` သုံးမေဂျာဖွဲ့မယ်၊ကျွန်တော်မျှော်မှန်းတာက ဒီဘက်နေမြေအနေအထားအရတော့ ၄၅ယောက်လောက်ရှိရင်ကို အောင်မြင်ပြီပေါ့ ၊ တစ်မေဂျာ ၁၅ယောက်လောက် ၊ တကယ်တမ်း လက်ခံသင်ကြားပေးနိုင်တာက ဒီ သင်ထောက်ကူပစ္စည်းအခြေအနေအရ ၊ စာသင်ခန်းအခြေအနေအရ တစ်မေဂျာကို အယောက် ၃၀ လောက် လက်ခံပေးလို့ရတယ်´ ဟု ကျောင်းအုပ်ကြီး မှဆိုသည်။ ထိုကျောင်းကို လျှောက်လိုသူများသည် မည်သည့်နှစ်တွင်မဆို အခြေခံပညာအလယ်တန်း ( အဋ္ဌမတန်း) အောင်မြင်သူဖြစ်ရမည် ဖြစ်ကြောင်း၊ သင်တန်းကာလမှာ (၂)နှစ်ဖြစ်ပြီး ထူးချွန်စွာအောင်မြင်ပါက A.G.T.I ပထမနှစ် သင်တန်းသို့ဆက်လက်တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း ၊သင်တန်း(၂)နှစ်ပြီး၍ အောင်မြင် သည်ဖြစ်စေ ၊ ကျရှုံးသည်ဖြစ်စေ တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုဖြေဆိုလိုပါက အပြင်ဖြေအနေဖြင့် ဝင်ရောက်ဖြေဆိုခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။ ပူတာအိုဒေသ တွင် စက်ရုံ ၊အလုပ်ရုံများ မရှိသောကြောင့် သင်တန်းသားများ တက်ရောကိမှု နည်းပါးကြောင်း ကျောင်းအုပ်ကြီး မှ ပြောသည်။ ` အဓိက ကဒီအမြင်တွေကျယ်ဖို့ ၊ ဒီနယ်မဖွံ့ ဖြိုး မတိုးတက်တော့ ဒီကျောင်းရဲ့ တန်ဖိုးကို မသိရဘူး ´ ဟု ၎င်းက ဆိုသည်။ ကျောင်းတွင် ဖွင့်လှစ်သွားမည့်သင်တန်းများမှာ အဆောက်အဦး နည်းပညာ၊လျှပ်စစ်နည်းပညာ နှင့် မော်တော်ယာဉ်နည်းပညာ သင်တန်းများ ပို့ချမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းတက်ရောက်ခွင့်ရရှိသော ကျောငိးသား/သူ များအား လစဉ် ထောက်ပံ့ကြေး (၃၀၀၀၀) နှုန်းဖြင့် သင်တန်းကာလအတွင်း ပေးအပ်သွားမည်ဖြစ်ကြောင်း လည်း သိရှိရသည်။ ထိုကျောင်းသည် ၂၀၀၉ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခင်နှစ်တွင် စုစုပေါင်း ကျောင်းသား/သူ ဦးရေသည် ပထမနှစ် ၁၇ဦး နှင့် ဒုတိယနှစ် ၁၀ဦးရှိခဲ့ပြီး အမျိုးသမီးအများစုဖြစ်ကြောင်း စာရင်းအရ သိရသည်။

No comments: