Monday, December 28, 2015

နိုင်ငံတော်သမ္မတ၏ လက်ဆောင်ပစ္စည်းများ ပြခန်း

နိုင်ငံတော်သမ္မတ၏ လက်ဆောင်ပစ္စည်းများ ပြခန်း

ငါးနှစ်တာကာလအတွင်း နိုင်ငံတော်သမ္မတထံကို နိုင်ငံတကာခေါင်းဆောင်တွေက ပေးအပ်ခဲ့တဲ့ အမှတ်တရလက်ဆောင်ပစ္စည်းတွေကို စုစည်းထားရှိပြီး "နိုင်ငံတော်သမ္မတ၏ လက်ဆောင်ပစ္စည်းများ ပြခန်း" အဖြစ် -

- နောင်လာနာက်သားမျိုးဆက်သစ်တွေ လေ့လာနိုင်ဖို့၊

- နောင်အစဉ်အဆက် သမ္မတတွေလက်ထက်မှာလည်း ဒီလိုပဲ ထားရှိနိုင်ဖို့

အစဉ်အလာတစ်ရပ်အနေနဲ့ အမျိုးသားပြတိုက် (နေပြည်တော်)မှာ ပြသထားပါတယ်။

အမျိုးသားပြတိုက် (နေပြည်တော်)ကို -
အပတ်စဉ် အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ၊
နေ့စဉ်  နံနက် ၉း၃၀ နာရီကနေ ညနေ ၄း၃၀ နာရီအထိ
ဖွင့်လှစ်ထားရှိကြောင်း သိရှိရပါတယ်။

အခြားသော အခါကြီးရက်ကြီး ရုံးပိတ်ရက်တွေတော့ ပိတ်ထားကြောင်း သိရှိရပါတယ်။

ဝင်ကြေးအနေနဲ့ လူကြီး(နိုင်ငံသား) ၅၀၀ ကျပ် ၊ နိုင်ငံခြားသား ၅၀၀၀ ကျပ် ဖြစ်ပြီး
ကလေးသူငယ်တွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ ရဟန်းသံဃာတွေကိုတော့ အခမဲ့ ဝင်ရောက်လေ့လာခွင့် ပြုထားကြောင်း သိရှိရပါတယ်။

Photo - Thein Win Oo

No comments: