Thursday, December 31, 2015
2016ကိုကြိုဆိုပါတော့မည်
ဒီလိပ်ကျွန်းလူသတ်မှုမှာ မျက်မြင်ကိုယ့်တွေ့တဲ့အဓိကသက်သေတွေ ၈ယောက်ရှိပါတယ် အမှုဖြစ်ပြီး မိမိအသက်အန္တရာယ်လုံခြုံ ရေးအတွက် မြန်မာပြည်ကိုပြန်သွားကြတယ်လို့သိရပါတယ်
ဒီလိပ်ကျွန်းလူသတ်မှုမှာ မျက်မြင်ကိုယ့်တွေ့တဲ့အဓိကသက်သေတွေ ၈ယောက်ရှိပါတယ်
အမှုဖြစ်ပြီး မိမိအသက်အန္တရာယ်လုံခြုံ ရေးအတွက်
မြန်မာပြည်ကိုပြန်သွားကြတယ်လို့သိရပါတယ်
ဒီမတရားမှုကိုလိုက်ပါကူညီဆောင်ရွှက်နေသော
ရှေ့နေဦးအောင်မျိုးသန့် ဒီရက်ပိုင်းအတွင်း
မြန်မာပြည်ဆင်းပြီး အဓိကမျက်မြင်သက်သေတွေကို
ဆက်သွယ်မယ်လို့ သိရပါတယ်
သက်သေတွေရဲ့ အသက်အန္တရာယ်အာမခံကို
အပြည့်အဝကာကွယ်စောင့်ရှောက်ပေးမယ်သိရပါတယ်
သက်သေများအနေဖြင့် အခု မြန်မာပြည်မှာ
ဖြစ်ပွားနေသော နေရာအနှံ့ဆန္ဒပြမှုများကို
သိရှိပြီးဖြစ်မှာပါ
မြန်မာလူမျိုးတွေရဲ့ ကိုယ့်လူမျိုးထိရင်
မခံနိုင်တဲ့ မျိုးချစ်စိတ်ဓာတ်ကိုလည်း မြင်တွေ့ရပြီး
ဖြစ်ပါတယ်
ဒါကြောင့် အမှုဖြစ်ပွားတာကိုမြင်တွေ့ခဲ့တဲ့
အဓိက သက်သေ ခင်ဗျားတို့အနေဖြင့်
ရေငုံနုတ်ပိတ်နေနေမယ်ဆိုရင်
သင်တို့ဟာ လူမျိုးနဲ့တိုင်းပြည်ကို
သစ္စာဖောက်တဲ့သူတွေအဖြစ် ဖြစ်လာမည့်အပြင်
သင်တို့ ရေငုံနုတ်ပိတ်နေမှုကြောင့်
အပြစ်မရှိသူ မြန်မာနိုင်ငံသား၂ယောက်
မဆီမဆိုင်သေဒဏ်အပေးခံရရင်
သင့်တို့အသက်ရှင်နေသမျှ ကာလပတ်လုံး
ကိုယ့်လိပ်ပြာကိုယ်မလုံပဲ ကြောက်ရွှံသွေးပျက်
ခံစားနေရမှာပါ
မြန်မာပြည်ရဲ့ဂုဏ်သိက္ခာ
မြန်မာပြည်သား သန်း၆၀ကျော်ရဲ့ဂုဏ်သိက္ခာ
သင့်တို့ကြောင့် မကျဆုံးစေချင်ရင်
အပြစ်မရှိသူ မြန်မာနိုင်ငံသား၂ယောက်
သေဒဏ်ကျမှာကို သင်တို့မလိုလားဘူးဆိုရင်
ရှေ့နေဦးအောင်မျိုးသန့်နှင့် အမြန်ဆက်သွယ်ပြီး
အမှုဖြစ်ပွားပုံကို အကြောက်တရားကင်းမဲ့စွာနှင့်
ထုတ်ဖော်ပြောကြားကြပါ
တကယ်လို့ သင့်တို့ ထုတ်ဖော်မပြောပဲ
သူရဲဘောကြောင်နေမယ်ဆိုရင် သင့်တို့နေရပ်လိပ်စာ
သင်တို့ဓါတ်ပုံတွေ စုံစမ်းပြီး
မြန်မာပြည်သစ္စာဖောက် သူရဲဘောကြောင်သူ
ငကြောက်များဆိုပြီး လူအများသိအောင်
ဖော်ထုတ်ရပါလိမ့်မည်
ဒီpostကို အမှုဖြစ်စဉ်အဓိကမျက်မြင်သက်သေများ
တွေ့ပြီးသိရှိရအောင် ရှယ်ပေးစေလိုပါသည်
သထုံ နယ်စားလေး
အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်းခံရသော ဆော်ဒီအမျိုးသမီးတစ်ဦး ကြိမ်ဒဏ် အချက် ၂၀၀ နှင့်အတူ ထောင်ဒဏ်ပါချမှတ်ခံရ
အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်းခံရသော ဆော်ဒီအမျိုးသမီးတစ်ဦး ကြိမ်ဒဏ် အချက် ၂၀၀ နှင့်အတူ ထောင်ဒဏ်ပါချမှတ်ခံရ
အသက် ၁၉ နှစ် အရွယ် ဆော်ဒီအမျိုးသမီးတစ်ဦးသည် လူ ၇ ဦး ၏ အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်းကိုခံရသည့်အတွက် ထောင် ၆ လ နှင့် သူမ၏ ကာအိနြေ္ဒပျက်ပြားမှု (မုဒိမ်းကျင့်ခံရအောင် မိန်းကလေးတစ်ဦးတည်းရှိနေမှု) နှင့်  ထိုမုဒိမ်းမှုအကြောင်း မီဒီယာသို့ဖွင့်ဟခဲ့မှုတို့အတွက် ကြိမ်ဒဏ် အချက် ၂၀၀ ချမှတ်ခြင်းခံခဲ့ရသည်။
"အရှေ့အလယ်ပိုင်းစောင့်ကြည့်ရေး" မှ ဖော်ပြချက်အရ  ရှီးယားအမျိုးသမီးတစ်ဦး
သူမ၏သူငယ်ချင်းကျောင်းသူတစ်ဦးနှင့်အတူ သူမ၏ကားပေါ်၌ရှိနေစဉ် လူနှစ်ဦး ကားထဲသို့ဝင်လာပြီး ကားကိုလူပြတ်သောနေရာတစ်ခုသို့မောင်းသွားကာ ထိုနေရာ၌ သူမကို လူ ၇ ဦး က မုဒိမ်းကျင့်ခဲ့သည်။ မုဒိမ်းသမားများကို ၅ နှစ် ထောင်ဒဏ်ချမှတ်ခဲ့သည်။
ဆော်ဒီဥပဒေ၌ အမျိုးသမီးတစ်ဦး လူမြင်ကွင်းတွင် ရှိနေသမျှအချိန်တိုင်း သူမကို သူမ၏မိသားစုဝင် အမျိုးသားတစ်ဦးက အဖော်ပြုပေးရမည်ဟု ဆိုထားသည်။ ထိုအမျိုးသမီးမှာ ထိုဥပဒေကို ချိုးဖောက်သဖြင့် ကနဦး ကြိမ်ဒဏ် အချက် ၉၀ အပြစ်ပေးခြင်းခံရသည်။
အမျိုးသမီး၏ ပြစ်ဒဏ်ကို ကြိမ်ဒဏ် ၉၀ မှ ၂၀၀ သို့ တိုးမြှင့်လိုက်သည့်အပေါ် အမျိုးသမီး၏ရှေ့နေ အဗ္ဗဒူလ်ရာဟ်မန်က ဆော်ဒီတရားရုံးကို အယူခံသည်။ သို့သော် အမျိုးသမီးမှ မီဒီယာနှင့် စကားပြောခဲ့သည်ကို တွေ့ရှိပြီး ရှေ့နေကို ရှေ့နေလုပ်ခွင့်ပိတ်သိမ်းကာ ရှေ့နေလိုင်စင်ပါ သိမ်းဆည်းလိုက်သည်။
http://www.newindianexpress.com/world/Gang-Raped-Saudi-Woman-Sentenced-to-200-Lashes-and-Jail-Term/2015/12/28/article3200457.ece
Gang Raped Saudi Woman Sentenced to 200 Lashes and Jail Term
By Online Desk
Published: 28th December 2015 11:25 PM
Last Updated: 28th December 2015 11:25 PM
Email6
A 19 year old Saudi woman who was raped by 7 men has been sentenced to 6 months jail term and 200 lashes for speaking about crime and indecency to the media.
According to the reports of Middle East Monitor, Shia woman was in the car of a student friend when 2 men got into the vehicle and drove them to a secluded area, where she was raped by the 7 men. The rapists are sentenced to 5 years of jail term.
As per Saudi law, a male family member is supposed to accompany a woman at all hours in public. The victim was initially sentenced to 90 lashes for breaking this law. The Saudi Ministry of Justice said in a statement “The Ministry of Justice welcomes constructive criticism, away from emotions”.
Abdul Rahman al-Lahem, victim’s lawyer appealed to the court of Saudi Arabia Court after the court increased the lashes to 200 from 90. However, on finding the woman guilty on speaking with the media, the lawyer was banned along with having his license confiscated.
http://www.newindianexpress.com/world/Gang-Raped-Saudi-Woman-Sentenced-to-200-Lashes-and-Jail-Term/2015/12/28/article3200457.ece
ဒေါက်တာစိုင်းမောက်ခမ်းဦးဆောင်သည့် တရားမဝင်ကုန်သွယ်မှု တားဆီးရေး ဗဟိုကော်မတီ ဖျက်သိမ်းမှု အခြေအနေ ရှုပ်ထွေးဟုဆို
ဒေါက်တာစိုင်းမောက်ခမ်းဦးဆောင်သည့် တရားမဝင်ကုန်သွယ်မှု
တားဆီးရေး ဗဟိုကော်မတီ ဖျက်သိမ်းမှု အခြေအနေ ရှုပ်ထွေးဟုဆို
===============================
၃၁..၁၂..၁၅
-
ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းဦးစီးသည့် တရားမဝင်ကုန်သွယ်မှု
တားဆီးရေး ဗဟိုကော်မတီဖျက်သိမ်းသည်ဆိုသော အမိန့်စာမှာ အမှန်တကယ်ဖြစ်ပြီး လတ်တလော အခြေအနေများ
အလွန်ရှုပ်ထွေးနေကြောင်း၊ Mobile Team များဖျက်သိမ်းမှုသည် လာဘ်ပေးလာဘ်ယူမှုများနှင့်ဆက်စပ်ဖွယ်ရှိနေကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
==========
The Irrawaddy (Burmese Version)
လက်ရှိ ၀န်ကြီးဌာန ၃၂ ခု .... ၀န်ကြီးဌာနတွေ လျော့မယ်ပြောလို့  ... တစ်ဝက်ဖြုတ်ချလိုက်အုန်း ... ၁၆ခု ....
လက်ရှိ ၀န်ကြီးဌာန ၃၂ ခု ....
ဝန်ကြီးဌာနတွေ လျော့မယ်ပြောလို့  ...
တစ်ဝက်ဖြုတ်ချလိုက်အုန်း ... ၁၆ခု ....
သို့ သော် ... ဒီဝန်ကြီးတွေဟာ ...
အလုပ်နှစ်ဆ ပိုလုပ်ရမယ် ...
မတူတဲ့  လုပ်ငန်း နှစ်ခုကို ...
တစ်ပြိုင်နက် ကိုင်တွယ်ရမယ် ...
အတူအလုပ်လုပ်ရမှာက ...
အရင် ၀န်ထမ်းတွေနဲ့  ....
:D :D :D :D :D
ဝန်ကြီး ၁၆ ယောက် ...
ဒုဝန်ကြီး ၁၆ ယောက် ...
ပြည်နယ် နှင့်တိုင်း ၀န်ကြီးချုပ် ၁၄ ယောက် ....
ခြေ / ဥ ခုံရုံး
ရွေးကော် ...
စာရင်းစစ်ချုပ် ...
ဘာညာသရကာ နေကြာကွာစိ ....
:D :D :D :D :D
ဘာရယ်မဟုတ် ....
လူစာရင်း လျာထားကြည့်နေတာပါ ...
:) :) :) :)
NLD ရင်ဆိုင်ရမယ့် အကြီးဆုံးပြသနာဟာ ...
အရင်က ကိုယ့်ဘက်ကလူတွေ ...
တစ်ချိန်လုံး ထိုင်သောက်ပြစ်ပြောခဲ့တဲ့  ကိစ္စတွေကို ...
အခု ကိုယ့်ရှိတဲ့ လူတွေနဲ့ ....
လက်တွေ့ ထလုပ်ရတော့မယ့်  ပြသနာပဲ ...
တကယ်လဲ လက်တွေ့ လုပ်ရမယ်ဆိုတော့ ...
တကယ်လုပ်နိုင်မယ့် လူဟာ ...
ဘယ်လောက်ရှားပါးတယ်ဆိုတာ ....
လက်တွေ့ တွေ့ လာရပြီ ....
ရှိတဲ့ ဘတ်ဂျက်နဲ့  ... ရှိတဲ့  လူနဲ့  ...
မဖြစ်ဖြစ်အောင် လုပ်ရတော့တဲ့ အခါ ...
တစ်ချို့ ကိစ္စတွေဟာ ထင်သလောက်မလွယ်တာကို ...
သဘောပေါက်လာရပြီ ....
ဒေါ်အောင်ဆန်းစုကြည် အခုရင်ဆိုင်နေရတဲ့  ...
လူအလုံအလောက်မရှိတဲ့  ပြသနာကို ...
ကိုယ်ချင်းစာကြည့် လို့ ရပါတယ် ....
ဘယ်လောက် ခေါင်းခြောက်မယ်ဆိုတာလဲ ...
စဉ်းစားကြည့် လို့ ရပါတယ် ...
:) :) :) :)
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လဲ ...
အထိုက်အလျောက် ကိုယ်ချင်းစာနိုင်လာပြီလို့  ...
မျှော်လင့်ပါတယ် ....
သူပြောနေကြ စကားအတိုင်းဆိုရရင်တော့ ...
တရားဥပဒေ စိုးမိုးဖို့ လိုတယ် ဆိုတာမျိုးလိုပေါ့ ....
အဲဒီစကားကို မကြာခင် ....
သူကိုယ်တိုင် ....
လက်တွေ့  အကောင်အထည်ဖော်ခွင့်ရတော့မယ် ....
ကျွန်တော့်အနေနဲ့  ....
ရန်ကုန်တိုင်းဒေသကြီးအတွင်း ...
၂၀၁၅ ခုနှစ်မှာ ဖြစ်ခဲ့တဲ့  မူခင်းအရေအတွက်ကို ....
စာရင်းပြုစုထားပြီး ဖြစ်ပါတယ် ...
၂၀၁၆ နှစ်ကုန်မှာ ...
ကျွန်တော်တို့  ပြန်လည်နိုင်းယှဉ် ကြည့်ကြပါအုန်းစို့  ....
:) :) :) :) :)
ဖားကန့် ကိစ္စက အစပျိုးလိုက်တဲ့  ဂယက်ဟာ ... ကချင်ပြည်နယ်အစိုးရ အပေါ် ... စတင်ရိုက်ခတ်လို့ လာပါပြီ ....
ဖားကန့် ကိစ္စက အစပျိုးလိုက်တဲ့  ဂယက်ဟာ ...
ကချင်ပြည်နယ်အစိုးရ အပေါ် ...
စတင်ရိုက်ခတ်လို့ လာပါပြီ ....
ပြည်ထောင်စု အစိုးရအဖွဲ့ ရဲ့  အရေးယူဆောင်ရွက်မှုဟာ ...
ဘယ်လောက်ပြင်းထန်မလဲ ဆိုတာတော့ ...
ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ် ....
သတ္တုတွင်း ဒုဝန်ကြီးကတော့ ....
ဖားကန့် နဲ့ လုံးခင်းဒေသတွေဟာ ....
တရားဥပဒေစိုးမိုးမှု မရှိတဲ့ အတွက် ....
ကျောက်တူးဖော်မှုတွေ အပြီးပိတ်သိမ်းဖို့  ....
ဒါမှမဟုတ် စစ်အုပ်ချုပ်ရေး (သို့ မဟုတ် ) ပုဒ်မ ၁၄၄ ထုတ်ပြန်ဖို့  ...
စီစဉ်ဆောင်ရွက်သွားမယ်လို့  ....
ပြည်ထောင်စု လွှတ်တော်မှာ တင်ပြခဲ့ပါတယ် ...
ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်းကတော့ ...
ဒီကိစ္စဟာ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု နဲ့  ....
ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တဲ့ အတွက် ....
ပြန်စဉ်းစားဖို့  အစိုးရအဖွဲ့ ကို သ၀ဏ်လွှာပေးပို့ ထားပါတယ် ....
KIA အဖွဲ့  လှုပ်ရှားရာဒေသ ဖြစ်တဲ့ အပြင် ...
အနယ်နယ်အရပ်ရပ်က ...
ရေမဆေးကျောက် ရှာဖွေသူပေါင်း သိန်းနဲ့ ချီရှိနေတဲ့ အတွက် ....
အစိုးရအနေနဲ့  .....
ပုဒ်မ ၁၄၄ ဒါမှမဟုတ် စစ်အုပ်ချုပ်ရေး မထုတ်ပြန်ဘဲ ....
တရားဥပဒေစိုးမိုးရေးကို ....
ဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့ အချက်ဟာလဲ ...
အရေးတကြီး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ် ...
နောက်ဆုံးရရှိတဲ့  သတင်းအရတော့ ....
စီးပွားကူးသန်း ၀န်ကြီးဌာနမှာ ....
ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မှုတွေ ....
စတင်ပြုလုပ်နေပြီလို့ သိရပါတယ် ....
နယ်စပ်ဒေသတွေမှာ ထားရှိတဲ့  ...
Mobile Team အားလုံး ကိုတော့ ...
မနေ့ ကဘဲ လုပ်ငန်းတွေ ရပ်ဆိုင်းထားလိုက်ပါပြီ ...
ဖားကန့် ကိစ္စနဲ့ ပတ်သက်ပြီး ...
တရားမ၀င် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး
ဗဟိုကော်မတီတစ်ခုလုံးရော ....
တစ်နိုင်ငံလုံးက ....
Mobile Team အဖွဲ့ အားလုံးကိုပါ ...
ဖျက်သိမ်းတော့မှာ ဖြစ်တယ်လို့  ...
စီးပွားကူးသန်း ၀န်ကြီးဌာနက ....
အမည်မဖော်လိုတဲ့  အရာရှိကြီးတစ်ဦးက ...
The Myanmar Review Journal ကို ...
အတည်ပြု ပြောကြားခဲ့ပါတယ် ...
( ရဲမိုး )
( Photo - Tomorrow Journal )
ဂျပန်တို့၏စီမံခန့်ခွဲမှု ပုံစံသစ် အစုအဖွဲ့ စီမံခန့်ခွဲမှုအတွက် ဥပမာ ‘ဆိုနီ’ ကုမ္ပဏီသည် ကုမ္ပဏီအတွင်းမှ ပုဂ္ဂိုလ်များ အများစုပါဝင်သည့် အဖွဲ့ဝင် လေးဆယ်ခန့်ပါဝင်သော ဒါရိုက်တာအဖွဲ့ကို ဖွဲ့စည်းထားသည်
ဂျပန်တို့၏စီမံခန့်ခွဲမှု ပုံစံသစ် အစုအဖွဲ့ စီမံခန့်ခွဲမှုအတွက် ဥပမာ
‘ဆိုနီ’ ကုမ္ပဏီသည် ကုမ္ပဏီအတွင်းမှ ပုဂ္ဂိုလ်များ အများစုပါဝင်သည့် အဖွဲ့ဝင် လေးဆယ်ခန့်ပါဝင်သော ဒါရိုက်တာအဖွဲ့ကို ဖွဲ့စည်းထားသည်။ ဝန်ထမ်းလုပ်သားပေါင်း ၂ဝဝဝဝ ကျော်ရှိသည့် ယင်းကုမ္ပဏီတွင် ထိုမျှများပြားသည့် ထိပ်ဆုံးစီမံခန့်ခွဲမှုအဖွဲ့သည် အလျင်အမြန် ပြောင်းလဲလျက်ရှိသည့် ပြင်ပ စီးပွားရေးနှင့်အညီ လိုက်လျောညီစွာ အချိန်မီ တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ဟု ယူဆလာပေသည်။
‘ဆိုနီ’ ကုမ္ပဏီသည် ဒါရိုက်တာအဖွဲ့၏ သုံးပုံနှစ်ပုံကို ကုမ္ပဏီအတွင်း ဌာနကြီးများ၏ အကြီးအကဲဥက္ကဋ္ဌအဖြစ် ပြောင်းရွှေ့လုပ်ကိုင်စေသည်။ ယင်းဌာနများကို ဆိုနီကုမ္ပဏီအတွင်း၌ လုပ်ငန်းလုပ်ဆောင်နေသည့် ကုမ္ပဏီများအဖြစ် နာမည်ပေးခဲ့သည်။ ပြောင်းရွှေ့ခဲ့ကြရသည့် ဒါရိုက်တာများမှာ ဒါရိုက်တာအဖွဲ့ဝင်များ မဟုတ်တော့သော်လည်း ‘ဆိုနီ’ ကုမ္ပဏီအသင်း အဖွဲ့၏ အဆင့်မြင့်ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။
‘ဆိုနီ’ ကုမ္ပဏီအတွင်းမှ ကုမ္ပဏီများမှာ ဖျော်ဖြေရေးပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများ၊ ကွန်ပျူတာနည်းပညာ ထုတ်လုပ်မှုကုမ္ပဏီများ၊ လက်ကိုင်ဖုန်း ထုတ်လုပ်မှုကုမ္ပဏီများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုကုမ္ပဏီများ၊ မိတ္တူကူးစက်၊ ကွန်ပျူတာဆက်စပ်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများ၊ ရုပ်မြင်သံကြားထုတ်လုပ်မှုကုမ္ပဏီများ၊ ဒီဂျစ်တယ်ကွန်ရက်ဆိုင်ရာ ကုမ္ပဏီများ ပါဝင်သည်။
ယင်းကုမ္ပဏီများသည် အဆင့်မြင့်နည်းပညာ ကုမ္ပဏီများဖြစ်ကြသည်။ ယင်းကုမ္ပဏီများ၏ ဥက္ကဋ္ဌများမှာ လုပ်ငန်းရပ်တစ်ခုစီတွင် သီးခြားလေ့လာလိုက်စားထားပြီး ကျွမ်းကျင်သည့် ပညာရှင်များဖြစ်ကြသည်။ ‘ဆိုနီ’ ကုမ္ပဏီ၏ ပုံစံသစ်အစု အဖွဲ့စီမံခန့်ခွဲမှုတစ်ခုအဖြစ် ပါဝင်နေပေသည်။
တိုယိုတာကုမ္ပဏီကမူ ခြားနားသည့် အစုအဖွဲ့ စီမံခန့်ခွဲမှု ပုံသဏ္ဌာန်ကို ထူထောင်ထားပေသည်။ တိုယိုတာ ကုမ္ပဏီသည် အမှန်တကယ် စွန့်စားကြိုးပမ်းမှု ကုမ္ပဏီ (Virtual Venture Company) တစ်ခုကို ထူထောင်ခဲ့သည်။ မန်နေဂျာ ၄ဝခန့်နှင့် ဝန်ထမ်းအလုပ်သမားများ ပါဝင်သည်။ လက်ရှိ ဈေးကွက်အတွင်းရှိ တိုယိုတာမော်တော်ကားများနှင့် လုံးဝခြားနားသည့် မော်တော်ကားပုံစံတစ်ခုကို တီထွင်ထုတ်လုပ်ကာ ဈေးကွက်တင်ရန် ဖြစ်သည်။ ယင်းကုမ္ပဏီသည် တိုယိုတာ ကုမ္ပဏီဥက္ကဋ္ဌထံ တိုက်ရိုက် အစီရင်ခံတင်ပြ ဆက်သွယ်နိုင်ပေသည်။
မော်တော်ကား ပုံစံသစ်ထုတ်လုပ်ရန် ရည်မှန်းချက်ဖြင့် တည်ထောင်သည့် ဤကုမ္ပဏီသည် ကမ္ဘာတွင် ထိပ်တန်းဦးဆောင်ကုမ္ပဏီဖြစ်နေသည့် တိုယိုတာကုမ္ပဏီ၏ မူလခံယူချက်အမြင်မှ သီးခြားတိုယိုတာ စီမံခန့်ခွဲမှု သဘောတရားအသစ်သို့ ပြောင်းလဲခဲ့ပေသည်။ မော်တော်ကား ပုံစံသစ် ကြိုးပမ်းမှုအမြင်သည် နောင်လူငယ်မျိုးဆက်များအတွက် ရည်မှန်းပေသည်။
တိုရှီဘာကုမ္ပဏီကမူ ကုမ္ပဏီကို သီးခြားလွတ်လပ်သည့် ကုမ္ပဏီ၆ခု အဖြစ် ခွဲထုတ်ပြီး ၎င်းတို့ကိုဒါရိုက်တာ အဖွဲ့ဝင် ၁ဝဦးခန့်သာပါဝင်သည့် မိခင် တိုရှီဘာ ကုမ္ပဏီကြီးအောက်တွင် ထားရှိပေသည်။ ယင်းမှာ မူလဒါရိုက်တာအဖွဲ့၏ သုံးပုံတစ်ပုံသာရှိပေသည်။ ဤပြောင်းလဲမှုသည် နိုင်ငံတကာ ယှဉ်ပြိုင်နိုင်မှုစွမ်းအားကို တည်ဆောက်နိုင်ရန် ယခင်က တစ်စုတစ်ပေါင်းတည်း ကုမ္ပဏီ အဖြစ်မှ ယခု သီးခြားကျွမ်းကျင်မှုတို့ဖြင့် ဖွဲ့စည်းထားသည့် ကုမ္ပဏီငယ်များအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်ပေသည်။ ကုမ္ပဏီငယ်တစ်ခုစီသည် တိုရှီဘာကုမ္ပဏီကြီး၏ အစိတ်အပိုင်းပင် ဖြစ်သည်။
အမေရိကန် ကော်ပိုရေးရှင်းကမ္ဘာတွင်မူ ဂျီအီး(GE) မော်တော်ကားကုမ္ပဏီ၏ ဦးတည်ချက်မှာ နယ်မြေကန့်သတ်ပိုင်းခြားမှု မရှိတော့သည့် နိုင်ငံတကာ ဦးဆောင်မှုပင် ဖြစ်သည်။ အမှုဆောင်အရာရှိချုပ် ‘ဂျက်ဝဲ့ခ်ျ’ (Jack Welch) က ၁၉၉ဝပြည့်လွန် နှစ်ကာလများအတွက် ရည်မှန်းချက်မှာ နယ်မြေကန့်သတ်ပိုင်းခြားမှုမရှိတော့သည့် ကုမ္ပဏီဖြစ်ရန်ဟု ဆိုခဲ့သည်။ နယ်မြေကန့်သတ်ပိုင်းခြားမှု မရှိတော့သည့် ကုမ္ပဏီသည် အင်ဂျင်နီယာပိုင်းဆိုင်ရာ၊ ထုတ်လုပ်မှုပိုင်းဆိုင်ရာ၊ ဈေးကွက်တင် အရောင်းဆိုင်ရာနှင့် စားသုံးသူဆိုင်ရာတို့တွင်ရှိနေသည့် အကန့်အသတ် အတားအဆီးများကို ဖယ်ရှားရမည်ဖြစ်သည်။ ဂျက်ဝဲ့ခ်ျသည် ကုမ္ပဏီ၏ အကြီးအကဲနှင့် လက်အောက်ဝန်ထမ်းများအကြား ဆက်ဆံဆက်သွယ်မှုကို ပြန်လည်ပြုပြင်သတ်မှတ်ခြင်း၊ လုပ်ငန်းဌာနအလိုက် အဆင့်ဆင့်ဖွဲ့စည်းပုံကို အစားထိုးပြုပြင်ခြင်းနှင့် မန်နေဂျာများကို ခေါင်းဆောင် (Leader) များအဖြစ် ပြောင်းလဲခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ဂျီအီး၏ ကြိုးပမ်းမှုသည် အရည်အသွေးအပြည့် စီမံခန့်ခွဲမှု (Total Quality Management-TQM) ၏ သဘောတရားနှင့် ကိုက်ညီနေပေသည်။
အိုင်ဘီအမ် (IBM) ၏ ယုံကြည်ချက် ကြွေးကြော်သံတွင် မန်နေဂျာများနှင့် ဝန်ထမ်းများကို အချက် ၃ချက် တောင်းဆိုတိုက်တွန်းထားသည်။ အောင်မြင်မှု၊ အကောင်အထည်ဖော်မှု၊ အသင်းလိုက်စည်းလုံးမှုတို့ ဖြစ်သည်။ နိုင်ငံတကာအနှံ့ ယှဉ်ပြိုင်မှုကို အောင်မြင်ရန်ဖြစ်သည်။ တီထွင်မှုများကို အကောင်အထည်ဖော်ရန်ဖြစ်သည်။ ကုမ္ပဏီတွင်း ဌာနကွဲပြားမှု၊ ရာထူးနိမ့်၊ မြင့်မှုများကိုမခွဲခြားဘဲ အသင်းစိတ်ဓာတ်ဖြင့် တညီတညွတ်တည်း ကြိုးပမ်းရန်ဖြစ်သည်။
‘တက်ဆက်စ်အင်စထရူးမင့်’ ကုမ္ပဏီသည် ခေါင်းဆောင်မှုအဖွဲ့ မဟာဗျူဟာအမည်ရှိ အစုအဖွဲ့ စီမံခန့်ခွဲမှု သဘောတရားသစ်ကို စတင် ကျင့်သုံးခဲ့သည်။ ဤစနစ်တွင် အရည်အသွေး၊ စီမံကိန်းစီစဉ်ရေးဆွဲမှု၊ စရိတ်ကြီးကြပ်စိစစ်မှုနှင့် အခြားနည်းဗျူဟာများပါဝင်သည့် လုပ်ပိုင်ခွင့် အခွင့်အာဏာများ ပေးအပ်ထားသည့် ခေါင်းဆောင်မှုနည်းဗျူဟာ အဖွဲ့အသင်းများဖြစ်ပေသည်။ ကျွမ်းကျင်ပညာရှင်ဝန်ထမ်းများသည် ၎င်းတို့အကျိုးပြုပေးနိုင်မည့် အဖွဲ့တစ်ခု သို့မဟုတ် နှစ်ခုတို့တွင် ပါဝင်ဆောင်ရွက်ကြရင်း မိမိတို့၏ တစ်ဦးချင်းဘဝ မျှော်မှန်းချက်များကိုလည်း အကောင်အထည် ဖော်နိုင်ပေသည်။
‘ဟာလေဒေးဗစ်ဆင်’ ကုမ္ပဏီသည် မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး လွန်ခဲ့သည့်၁ဝနှစ် ကာလအတွင်း နှစ်စဉ်၁ဝရာခိုင်နှုန်းကျော် တိုးတက်မှုနှုန်းရှိခဲ့သည်။ကုမ္ပဏီ၏ ကြွေးကြော်သံဆောင်ပုဒ်မှာ ‘အလုပ်အတူလုပ်ကြစို့’ ဟူ၍ဖြစ်ပါသည်။ ကုမ္ပဏီ၏ မျှော်မှန်းချက်မှာ ကုမ္ပဏီ၏ သိက္ခာတန်ဖိုးကို မြှင့်တင်ရန် အလုပ်သမားများ၊ အရောင်းကိုယ်စားလှယ်များနှင့် ဝယ်ယူသုံးစွဲသူဖောက်သည်များ လက်တွဲလုပ်ဆောင်ကြရန်ဖြစ်သည်။
ကုန်ပစ္စည်း ထုတ်လုပ်မှုမဟုတ်သည့် လုပ်ငန်းများတွင်လည်း တစ်မူထူးခြားသည့် အုပ်စုအဖွဲ့အစည်းများကို တွေ့ရပါသည်။ ဥပမာအားဖြင့် ရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် အာမခံစာချုပ်စာတမ်းများကုမ္ပဏီ ‘ဂိုးလ်မင်းဆာ့’ (Gold-man Sachs) သည် အုပ်စုအစုအဖွဲ့ စီမံခန့်ခွဲမှုကို အစုရှင် ၃ဝဝ (ပူးတွဲပိုင်ရှင်) တို့နှင့် လုပ်ငန်းလုပ်ဆောင်သည်ကို တွေ့ရပါသည်။ တစ်ဦးချင်းတို့၏ အမြတ်ဝေစုကို အငြိမ်းစားယူသည့်အထိ ထိန်းသိမ်းထားပေးသည်။
ဤစနစ်သည် အသင်းအဖွဲ့လိုက်စိတ်ဓာတ်နှင့် ကုမ္ပဏီ၏ အကျိုးအမြတ် ရရှိမှုအတွက် အသင်းလိုက် လှုပ်ရှားကြိုးပမ်းမှုကို ဖန်တီးပေးလေသည်။ ကုမ္ပဏီသည် ဤပုဂ္ဂလိက အစုစပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုကို နှစ်ပေါင်း ၁၃ဝကျော် ကျင့်သုံးခဲ့ပြီး ၁၉၉၈ခုနှစ်တွင် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့သည်။ ပြောင်းလဲသွားသည့် ကုမ္ပဏီအခြေအနေသည် အများပိုင်ကုမ္ပဏီအဖြစ်မှ အကျိုးအမြတ် ရရှိစေခဲ့သည်။ သို့သော် ပြောင်းလဲသွားသည့် ပုံစံသစ် စီမံခန့်ခွဲမှုသည် အစုအဖွဲ့စီမံခန့်ခွဲမှု၏ အကျိုးကျေးဇူးကို ဆက်လက်ခံစားရရှိ စေလေသည်။
အစုအဖွဲ့ စီမံခန့်ခွဲမှုကို အောက်ပါအတိုင်း အကျဉ်းချုပ်နိုင်ပါသည်။
٭ ဂျပန်နိုင်ငံ၏ အစုအဖွဲ့အုပ်စုစီမံခန့်ခွဲမှုသည်
ဂျပန်လူမျိုးတို့၏ ယဉ်ကျေး
အလေးအနက်အခြေခံပါသည်။
٭ ဂျပန်နိုင်ငံကုမ္ပဏီများသည်
ပြောင်းလဲနေသည့် စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်တွင် အောင်အောင်မြင်မြင် ယှဉ်ပြိုင်နိုင်ရန် ကျွမ်းကျင်ပညာရှင် လုပ်သားများအား အသင်းအဖွဲ့စိတ်ဓာတ်နှင့် အသင်းလိုက် ပူးပေါင်းလုပ်ဆောင်မှု စွမ်းအားတို့ဖြင့် ပူးပေါင်းလုပ်ဆောင်မှုသို့ ဦးတည်သည့် အစုအဖွဲ့ စီမံခန့်ခွဲမှု ဟန်ပန်စနစ်ဖြင့် ပြောင်းလဲစေခဲ့ပါသည်။
٭ အမေရိကန်
ကော်ပိုရေးရှင်းကြီးများသည်လည်း ၎င်းတို့၏ လုပ်ငန်းများတွင် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် လုပ်ဆောင်မှုကို ကျင့်သုံးလာသည်။
٭ အစုအဖွဲ့စီမံခန့်ခွဲမှုနှင့်
ပူးပေါင်းလုပ်ဆောင်မှုသည် နိုင်ငံတကာ အသွင်သဏ္ဌာန်သို့ ရောက်ရှိလာတော့သည်။
(Examples of New Group Management)
kyi khin
ဒီမိုကရေစီဟူသည် ---------------
ဒီမိုကရေစီဟူသည်
--------------------
ကျွန်တော်တို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးနေပြီဖြစ်သည့်အတွက် ဒီမိုကရေစီ နိုင်ငံသား
များအနေဖြင့်ီမိုကရေစီစနစ်အကြောင်းကိုမဖြစ်မနေသိရှိထားရမည်မှာ နိုင်ငံသားအားလုံး၏ သမိုင်းပေးတာဝန်ဖြစ်ပါသည်။ ဒီမိုကရေစီသည် ခေတ်သစ်နိုင်ငံရေးအယူအဆများ အနက်တန်ဖိုး
ထားအခံရဆုံးဖြစ်ပါသည်။ီမိုကရေစီဟူသောစကားရပ်မှာ ရှေးဟောင်းဂရိစကားလုံးDemo (ပြည်သူလူထု)နှင့်Cracy (အင်အား)မှ ဆင်းသက်လာပြီးပြည်သူကအာဏာပိုင်စိုးသောစနစ်ဟု ခေါ်ပါသည်။
စကားလုံးသဘောအရ ဒီမိုကရေစီဆိုသည့်အဓိပ္ပါယ်ကိုအတိအကျဖော်ပြထားခြင်းမရှိ သော်လည်း အဆုံးတွင်နိုင်ငံရေးအာဏာသည်အရွယ်ရောက်ပြီးပြည်သူတစ်ရပ်လုံး၏လက်တွင်းသာရှိ သည်ဟု ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင် လူအများသိထားကြသည်မှာ ]] ဒီမိုကရေစီဆိုတာ
ပြည်သူ တွေက မိမိတို့ကိုအုပ်ချုပ်စေမည့်အစိုးရအဖွဲ့ကို မိမိတို့စိတ်တိုင်းကျရွေးချယ်တင်မြှောက်ပြီး အစိုးရ ကလည်း ပြည်သူတွေအတွက်အုပ်ချုပ်ပေးတယ်}}လို့ သိရှိထားသည်ဟုယူဆပါသည်။
ဒီမိုကရေစီကိုခွဲခြမ်းကြည့်လျှင် ပုံစံ(၂)မျိုးရှိပါသည်။
ကိုယ်စားပြုဒီမိုကရေစီစနစ် င့် တိုက်ရိုက်ဒီမိုကရေစီစနစ်စနစ်တို့ဖြစ်ပါသည်။ ]]ကိုယ်စားပြု ဒီမိုကရေစီစနစ်}}ကိုကမ္ဘာ့နိုင်ငံတော်တော်များများမှာအသုံးပြုနေကြပါသည်။ ပြည်သူတွေက နိုင်ငံတော်က
ချမှတ်ထားသည့် ၂၀ဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကိုယ်တိုင်ဝင်ရောက်အရွေးခံ နိုင်ပါသည်။ မိမိတို့ကိုယ်တိုင်အရွေးမခံလျှင်လည်း ရွေးကောက်ခံလိုသည့်ပုဂ္ဂိုလ်များကို မဲပေးနိုင်ပါသည်။
ရွေးကောက်ပွဲတွင်အနိုင်ရရှိသူများကို လွှတ်တော်များအလိုက် သက်ဆိုင်ရာဒေသ၏လွှတ်တော်ကိုယ်စား လှယ်အဖြစ် တာဝန်ယူရပါသည်။ ၎င်းကိုယ်စားလှယ်များအနေဖြင့် မိမိအားရွေးချယ်တင်မြှောက်ပေး ထားသော ဒေသများအလိုက် မိမိတို့ဒေသအတွင်းနေထိုင်သည့်ပြည်သူပြည်သားများအတွက် မိမိ ရောက်ရှိနေသည့်လွှတ်တော်တစ်ရပ်မှာ တင်ပြဆွေးနွေးရမည်ဖြစ်ပါသည်။ ပြည်သူလူထုကရွေးချယ် တင်မြှောက်ထားသည့်လွှတ်တော်ကိုယ်စားလှယ်များအနက်မှ ဥပဒေပြုလွှတ်တော်အမတ်များက အရည်အချင်းနှင့်ကိုက်ညီသူများအား ပြည်ထောင်စုအစိုးရကို ဖွဲ့စည်းတာဝန်ပေးရခြင်းဖြစ်ပါသည်။
]]တိုက်ရိုက်ဒီမိုကရေစီစနစ်}} ဆိုသည်မှာ ကိုယ်စားပြုဒီမိုကရေစီစနစ်ကဲ့သို့ ပြည်သူများရွေးချယ် ထားသောလွှတ်တော်ကိုယ်စားလှယ်များကို အစိုးရအဖြစ်ခန့်အပ်၍အုပ်ချုပ်ခိုင်းစေတာမျိုးမဟုတ်ဘဲ အစိုးရကပေးလာသည့်ရွေးချယ်စရာများကိုသာပြည်သူတွေအနေနဲ့ရွေးချယ်ခွင့်ရှိပြီးနိုင်ငံတော်အတွက် အရေးကြီးသည့်ကိစ္စများကို အစိုးရကသာဆုံးဖြတ်သွားခြင်းဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ လက်ရှိ ကာလတွင် ဒီမိုကရေစီစနစ်သည်လူ့ဘောင်အတွက် အဆင်ပြေကောင်းမွန်သောစနစ်၊ တရားမျှတသော စနစ်တစ်ခုအဖြစ် သတ်မှတ်ထားကြပြီဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်ခင်ဗျာ။
မောင်သုတ