Thursday, October 27, 2016

"လှလားလို့မေးလိုက်ပြီ ခင်ရင် Hi ခဲ့ ပြန်အက်ပေးမယ်" ဆိုတာလဲပါသေး ( ဆယ်လီရောဂါသည်တွေ ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ လင့်ရှယ်မရလို့ ကော်ပီကူးတင် မူရင်းကို credit ပေးပါတယ်။

နာမည်ကြီးနေသော အပေါစားများ
•••••••••••••••••••••••••

♕ လူပြောများလာလို့ မြန်မာအဘိဓာန်မှာ ရှာကြည့်တယ်။

"ကွီး" နဲ့ "မွီး" ရဲ့ ဝေါဟာရ {ခက်ဆစ်အဓိပ္ပာယ်မရှိဘူး}

♕ "ဒီဈေးရောင်းနေတဲ့အဘွားကို သနားရင် Hi လို့ မန့်ခဲ့"

"ဒီခွေးလေးကို သနားရင် Hi လို့မန့်ခဲ့"

"ကျတော် normal user လေးတျောက်ပါ, လူတန်းစား
 မခွဲခြားတတ်ရင် Hi လို့မန့်ခဲ့"

ဆိုတဲ့ post တွေမှာ မမန့်မိရင် အကြင်နာတရားမရှိတဲ့
လူယုတ်မာဖြစ်သွားမလား ကြောက်နေရတယ်။

♕ ဘုရားတွေလဲ troll ခံရတဲ့ နိုင်ငံဖြစ်သလို အောင်ဆန်းစုကြည်၊
ဂန္ဓီ၊ လင်ကွန်း မပြောနဲ့။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးနုပါ
နှစ်ပြားမတန် troll ခံရတဲ့နိုင်ငံ။

♕ "ဒီ post ကို share ပါ, မ share ရင် ကံဆိုးမယ်"

"အမေကိုချစ်ရင် share သွားပါ"

"ဂျက်စတင်ဘီဘာဆို like, မိုက်ကယ်ဂျက်ဆင်ဆို cmt"

ဆိုပြီး အိမ်ကမိဘတွေပါ မနေရသလို၊ အဘိုး နဲ့ မြေး
ဘယ်သူအသက်ပိုကြီးလဲ မသိကြတဲ့ခေတ်။

♕ လက်ထပ်စာချုပ် မမြင်ဖူးသေးဘူး၊ ယောကျာ်း နဲ့ မိန်းမ
ခေါ်ကြတဲ့ခေတ်။

အတူတကွ ခွေးဇတ်ခင်းတဲ့ပုံတွေကို ရဲရဲဝံ့ဝံ့ public ဖွင့်
တင်ရဲတဲ့ခေတ်။

အမေမွေးထဲကပါလာတဲ့ ပစ္စည်းတွေကို လူသိရှင်ကြား
ပြပစ်တဲ့ခေတ်။

မိုးလင်းလဲနှုတ်ဆက်တယ်၊ မိုးချုပ်လဲနှုတ်ဆက်တယ်၊
အိပ်ခါနီးလဲနှုတ်ဆက်တတ်တဲ့ လူလိမ္မာတွေ FB သုံးတဲ့ခေတ်။

♕ အဲဒီ FB ဆိုတာကြီးကို သူများနိုင်ငံကစထွင်ခဲ့တယ်။
ဒါပေမယ့် သူတို့ဆီမှာ စာအုပ်စာပေတွေ မပျောက်သွားတဲ့
အပြင် ရောင်းအားပိုကောင်းလာပြီး၊ ကိုယ်တွေနိုင်ငံမှာ
စာအုပ်ဆိုင်တွေထဲ Conjuring ရိုက်လို့ရတဲ့အထိ သရဲခြောက်
လာသလို စာအုပ်တွေကလည်း ဘုံပျောက်သွားတယ်။
"ဒါပေမယ့် ကိစ္စမရှိဘူး, FB ကနေလည်း စာပေတွေကို
ဖတ်လို့ရတယ် သောက်ပိန်းရဲ့" ဆိုပြီး ပြန်ပြောကြတယ်။

♕ အဲ့လိုလူငယ်အများစု ကိုလိုက်မေးရင်. . . . .
 
ရွှေဥဒေါင်း နဲ့ သိပ္ပံမောင်ဝ က အထူးအဆန်းနာမည်တွေ
ဖြစ်လာသလို၊ ပုညခင် နဲ့ မြသန်းတင့် က ဘယ်ဟာယောကျာ်း
ဘယ်ဟာမိန်းမမှန်း မသဲကွဲကြဘူး။

ဇော်ဂျီ နဲ့ မင်းသုဝဏ် က ဇာတ်ထုတ်ထဲကနာမည်တွေလားလို့
မေးနိုင်သလို၊ အောင်သင်း နဲ့ ဆင်ဖြူကျွန်းအောင်သိန်းက
ဘယ်မြန်မာကားထဲက လူကြမ်းတွေလဲလို့ အမေးခံရလိမ့်မယ်။

♕ ဟစ်တလာက အင်္ဂလန်ကဖြစ်နိုင်သလို၊ Civilization War
က Avengers ကားအဆက်လားလို့ မေးလိမ့်မယ်။

♕ ဒုတိယကမ္ဘာစစ် ဘယ်နှခုနှစ်လဲမသိကြတော့သလို၊ မြန်မာ
သက္ကရာဇ်ကလည်း 2016 လို့ ဖြေလာနိုင်တယ်။

♕ လေရူးသုန်သုန် က ဂျူးရေးတာလားလို့ မေးနိုင်သလို
ရှိတ်စပီးယားက ဘရစ်တနီစပီးယားအဖေလားလို့ မေးကြ
လိမ့်မယ်။

♕ ကိုရီးယားကျွန်းဆွယ်တိုက်ပွဲ သိလားမေးရင် DOTS
ကားမလားလို့ ဖြေနိုင်သလို၊ ကင်ဂျုံအမ်း ကိုသိလားမေးရင်
ဘယ်ကားထဲပါတဲ့ ကိုရီးယားမင်းသားလဲလို့ မေးလာ
နိုင်တယ်။

♕ ရွှေတိဂုံစေတီက ဘယ်တောင်ကုန်းမှာတည်ထားလဲ မေးရင်
unseen ဖြစ်နိုင်သလို၊ G-20 ကဘာလဲမေးရင် 3G+ ထက်
ပိုကောင်းတဲ့ internet လိုင်းလားလို့ မေးလာနိုင်တယ်။

♕ WHO နဲ့ WTO ကိုမသိရင်တောင်၊ WTF နဲ့ LOL ကို
သိရင်ရပြီ။

♕ Feb 13 နဲ့ January 4 ကိုမသိချင်နေ၊ RS Goals နဲ့
Single is the best ကိုသိရင်ရပြီ။

♕ ရပြီ။ ဒီလိုလူငယ်တွေများများနဲ့ဆို ရပြီ။ ကမ္ဘာ့အဆင်းရဲဆုံး
စာရင်းဝင်ဖို့နဲ့ ပြည်ပနိုင်ငံကို ကျွန်အများဆုံးတင်ပို့ခံရတဲ့
နိုင်ငံစာရင်း ဝင်ခွင့်ရပြီ။

ဒီမိုကရေစီ ရရုံမကလို့၊ လင်ကွန်းလူဝင်စားပြီး သမ္မတ
လာဖြစ်ရင်တောင် ဒီလိုလူငယ်တွေနဲ့ ဘယ်လိုမှရှေ့ဆက်နိုင်မယ်
မမျှော်လင့်နဲ့။

♕ စာဖတ်ပါ စာဖတ်ပါ။ ဘွဲ့ရများများထက်စာဖတ်တဲ့လူများ
ဖို့ပဲ လိုပါတယ်။

© မူရင်းစာရေးသူ

-------------------------------------------------------

No comments: