Saturday, October 15, 2016

မောင်တောခရိုင်ကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်


လုံခြုံရေးတပ်ဖွဲ့များအပြင် လဝကဝန်ထမ်းများကိုလည်း လက်နက်တပ်ဆင်ပေးထား

မောင်တောမြို့နယ် ၀ါးပိတ်ကျေးရွာအတွင်းနယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ(ဓာတ်ပုံ−စိုင်းဇော်)

နယ်ခြားစောင့်ရဲဌာ နချုပ်အပါအဝင် ရဲစခန်းသုံးခုကို အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ သည့် မောင်တောခရိုင်ကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ် လိုက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ အပြင် လဝကဝန်ထမ်းများကို လည်း လက်နက်များတပ်ဆင်ပေး ထားကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၄ ရက်က စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြန်ကြားရေးပြည် ထောင်စုဝန်ကြီး ဒေါက်တာဖေ မြင့်ဦးဆောင်သော အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် စစ်တွေမြို့ရှိ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများတွ့ဆုံစဉ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

 ပြည်ထောင်စုဝန်ကြီး ဦး သိန်းဆွေက အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့မှုကြောင့် မောင်တော ခရိုင်ဖြစ်သည့် မောင်တောမြို့ နယ်နှင့် ဘူးသီးတောင်မြို့နယ်များကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်လိုက်ကြောင်း ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ဒါက လုံခြုံရေးအရ သက် ဆိုင်ရာနယ်မြေ လုံခြုံရေးရဲတပ်ဖွဲ့ တွေက တစ်ခုခုဖြစ်ရင် ကာကွယ် နိုင်ဖို့ ပေးထားတဲ့သဘောပါ။ သူတို့ (လဝကဝန်ထမ်း)တွေက လည်း စစ်ပညာသင်ကြားထားဖူး တဲ့သူတွေလေ။ ရခိုင်ပြည်နယ် တစ်ခုလုံးက လဝကဝန်ထမ်းတွေ ကို ပေးကိုင်တာတော့မဟုတ် ဘူး။ ကျွန်တော်တို့ ဝန်ကြီးဌာနက လက်နက်ကိုင်ဆောင် တပ်ဆင် ခွင့် တရားဝင်တော့ ရထားတာ မဟုတ်ဘူး’’ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြော သည်။

မောင်တောမြို့နယ်ဝက်ပစ် ကျေးရွာတွင် စစ်ဆင်ရေးဆောင် ရွက်နေသည့် တပ်မတော်အရာရှိ တစ်ဦးက ကျီးကန်းပြင်ကျေးရွာ နယ်ခြားစောင့် ရဲဌာနချုပ်၏ မြောက်ဘက်ပိုင်း နယ်မြေအား လုံးတွင် တပ်မတော်၊ နယ်ခြား စောင့်ရဲတပ်ဖွဲ့နှင့် နယ်ခြေခံရဲတပ်ဖွဲ့များပါဝင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း ပြောသည်။

 လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ငန်း များ ဆောင်ရွက်ချိန်တွင် ဘင်္ဂါလီ လူမျိုးအချို့က မိမိနေအိမ်များ ကို မီးရှို့၍ ထွက်ပြေးတိမ်းရှောင် မှုများလည်း ရှိကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ကျီးကန်းပြင် ကျေးရွာဒေသခံများက ဆိုသည်။

  အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင် ငါးဦးကျဆုံးခဲ့သည့် ကျီးကန်း ပြင်နယ်ခြားစောင့်ရဲဌာနချုပ်အနီး တစ်ဝိုက်ရှိ တောင်ကုန်းများထက် တွင် တပ်မတော်နှင့် နယ်ခြား စောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းစစ် ကြောင်းများ လုံခြုံရေးတင်းကျပ် စွာ ရယူထားပြီး ရဟတ်ယာဉ်များ ဖြင့် ကင်းလှည့်နေသည်ကိုတွေ့ရ သည်။

‘‘တောင်ကုန်းတွေက စိတ်မ ချရသေးဘူး။ ရှင်းလင်းရေးတွေ ဆက်လုပ်နေတုန်းပဲ’’ဟု တပ်မ တော်အရာရှိတစ်ဦးက ပြော သည်။

အောက်တိုဘာ ၉ ရက်က စတင်ဖြစ်ပွားခဲ့သည့် နယ်ခြား စောင့်ရဲစခန်းများ အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ်များနှင့် နယ်မြေရှင်းလင်းမှုများတွင် တပ်မ တော်သားငါးဦး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်ကိုးဦး ကျဆုံးခဲ့ပြီး အကာလ်မူလ်မူဂျာဟီဒင်န်အဖွဲ့ မှ ၁၆ ဦးကို အသေဖမ်းဆီးရမိ ထားသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားရာ ရခိုင်ပြည်နယ်အနောက်ဘက် ဝင် ပေါက်နယ်မြေ ကွပ်ကဲရေးစခန်း များတွင် တာဝန်ထမ်းဆောင်နေ သည့် လဝကဝန်ထမ်းဦးရေ ၂၅၀ ကျော်ရှိပြီး သက်ဆိုင်ရာ လုံခြုံရေးရဲတပ်ဖွဲ့များကလည်း စခန်း အသီးသီးတွင် လုံခြုံရေးရယူပေး ထားကြောင်း ဦးမြင့်ကြိုင်က ပြောသည်။

 ယင်းဒေသတွင် ထိုသို့ မတည်ငြိမ်မှု ဖြစ်ပေါ်နေသော် လည်း လဝကလုပ်ငန်းစဉ်များကို ရပ်ဆိုင်းထားခြင်းမရှိဘဲ ပုံမှန် အတိုင်း ဆက်လက်လုပ်ဆောင် နေကြောင်း ၎င်းက ဆိုသည်။

 မောင်တောအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ကို RSO အ ကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ် သည့် အကာလ်မူလ်မူဂျာဟီဒင်န် အဖွဲ့က ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံအချို့ရှိ အစွန်းရောက် ပုဂ္ဂိုလ်များ၏ငွေ ကြေးပံ့ပိုးမှုအလုံးအရင်းဖြင့် ဘူး သီးတောင်မောင်တောဒေသကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး က ယမန်နေ့က သတင်းထုတ်ပြန် ထားသည်။

 အကြမ်းဖက်မှုများစတင် ဖြစ်ပွားခဲ့ပြီး ခြောက်ရက်အကြာ အောက်တိုဘာ ၁၄ ရက်တွင် မောင်တောမြို့ပေါ်ရှိ ဈေးဆိုင် အချို့မှာ နံနက်ပိုင်း၌ ဖွင့်လှစ်ရောင်းချမှုများရှိခဲ့သော်လည်း နေ့ လယ်ပိုင်းမှ စတင်ကာ ဆိုင်အား လုံးပိတ်ထားကြသည်ကိုတွေ့ရ သည်။ ထို့အပြင် မောင်တော- ကျီးကန်းပြင်-ကြိမ်ချောင်းလမ်း တစ်လျှောက်တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှလွဲ၍ လူသွားလာ မှုရှင်းလင်းနေသည်။

No comments: