နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတ်ပစ်ဖို့ပဲကောင်းတယ်လို့ ပြောဆိုခဲ့တဲ့ လူနှစ်ဦးကို အောက်တိုဘာလ ၅ ရက်နေ့က ဇေယျာသီရိမြို့နယ်၊ ရေဆင်းရဲတပ်ဖွဲ့စခန်းမှာ အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။
ဇေယျာသီရိမြို့နယ် ကျွန်းရောင်းကျေးရွာအုပ်စု လေသာတောင်ကျေးရွာမှာနေတဲ့ ဦးဌေးမြင့်နဲ့ ဦးအောင်သန်းတို့ က စက်တင်ဘာလ ၂၂ ရက်နေ့ ညက လေသာ-ရေဆင်းလမ်းမကြီးပေါ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ကို ညစ်ညမ်းစွာ ဆဲဆိုပြီး အခုလိုပြောဆိုခဲ့တာပါ။
အဲဒီလို ဆဲဆိုခြိမ်းခြောက်မှုကို အရေးယူပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ဦးသက်ထွေးက အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ညစ်ညမ်းစွာဆဲဆိုခဲ့သူနှစ်ဦးက အခုလိုပြောဆိုမှုအတွက် မနက်ဖြန် ကြိုးစင်တက်ရလည်း ဂရုမစိုက်ဘူးလို့လည်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
No comments:
Post a Comment