Tuesday, October 4, 2016

ကချင်ပြည်နယ်တွင် တိုက်ပွဲများ အမြန်ဆုံးရပ်ဆိုင်းပေးရန် ဒေသခံပြည်သူများ ဆန္ဒထုတ်ဖော်

မြစ်ကြီးနားမြို့ မနောကွင်း၌ အောက်တိုဘာ ၃ ရက်တွင် စစ်ဘေးရှောင်နှင့်ဒေသခံပြည်သူများက ကချင်ပြည်နယ်၌တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ပေးရန် ဆန္ဒဖော်ထုတ်နေကြစဉ် (ဓာတ်ပုံ − မရန်)

ကချင်ပြည်နယ်၌ တပ်မတော်ထိုးစစ်ဆင်မှုများအ မြန်ဆုံးရပ်ဆိုင်းပေးရန်လူဦးရေ ထောင်ချီရှိ စစ်ဘေးဒုက္ခသည် များနှင့် ဒေသခံပြည်သူများကအောက်တိုဘာ ၃ ရက်တွင် မြစ် ကြီးနားမြို့ရှိ မနောကွင်း၌ စုဝေးဆန္ဒထုတ်ဖော်ခဲ့သည်။

ကချင်ဒေသတွင် တပ်မ တော်မှ ထိုးစစ်ချက်ချင်းရပ်ရန်၊ စစ်ရှောင်ဒုက္ခသည်များအား နိုင်ငံ တကာမှ စားနပ်ရိက္ခာထောက်ပံ့မှု မရပ်တန့်ရန်၊ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်း ရန်၊ စစ်ဘေးရှောင်များဂုဏ်သိက္ခာ ရှိစွာ နေရပ်ပြန်နိုင်ရန်၊ ကချင် ပြည်နယ်တွင် ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရန်၊ တပ်မ တော်က တိုင်းရင်းသူအမျိုးသမီး များအား စနစ်တကျအဓမ္မပြုကျင့် သတ်ဖြတ်မှုအလိုမရှိ၊ End War in Kachin Region Now စသည့် အချက်များကို တောင်းဆိုခဲ့ကြ သည်။

‘‘ကေအိုင်အေကို ထိုးစစ် ဆင်ပြီး ကေအိုင်ကေလျော့သွား တယ်ဆိုတာ တစ်ခါမှမရှိခဲ့ဘူး။ ကေအိုင်အေကို ထိုးစစ်ဆင်လည်း ကေအိုင်အေက ပိုပြီးအင်အားကြီးလာလေလေပဲ။ နှစ် ၅၀ ကျော်ကတည်းက သူတို့တိုက်လာတာပါ။ ဒါပေမဲ့ ကေအိုင်အေက အင်အားလျော့မသွားဘူး။ ပိုပိုပြီးဝလာတယ်။ စစ်လက်နက်ကလည်း ပိုပြီးတော့ကောင်းလာတယ်။ တပ်မတော်ကလည်း ထိုးစစ်ဆင်တယ်။ ဘယ်လောက်ပဲ လုပ်လုပ်ဘယ်ဘက်ကမှ မနိုင်ဘူး။ ဘာပဲအကျိုးရှိသလဲဆိုရင် သာမန်အရပ်သားတွေ၊ ပြည်သူတွေပဲ ဒုက္ခရောက်တယ်’’ ဟု ဆန္ဒထုတ်ဖော်သည့် အစီအစဉ်ကိုကျင်းပရာတွင် ဦးဆောင်ပါဝင်သူ ဦးလုံဂျုံတူးရော်ကဆိုသည်။ မူလက ဆန္ဒပြလမ်း လျှောက်ရန် စီစဉ်ထားသော် လည်း သက်ဆိုင်ရာက ခွင့်မပြု၍ လမ်းလျှောက်ခြင်း အစီအစဉ်မပြုလုပ်တော့ဘဲ ဆုတောင်းခြင်းသာ ပြုလုပ်ခြင်းဖြစ်သည်။

‘‘ကျွန်မတို့ဆီမှာ အခုဖြစ်နေ တဲ့ တိုက်ပွဲတွေရပ်တန့်လာအောင်  ပြီးတော့ ကျွန်မတို့လူမျိုးတွေကို ဖိ နှိပ်နေတာတွေကို ရပ်တန့်သွား အောင် ပြည်သူများနဲ့အတူ ဆန္ဒ ထုတ်ဖော်ဖို့လာရောက်ပါဝင်ဖြစ် ပါတယ်’’ဟု အသက်(၂၄)နှစ်ခန့် အရွယ်ရှိ မြစ်ကြီးနားဒေသခံမမွန် ပျော်ကဆိုသည်။

တိုက်ပွဲရပ်ရန်လမ်းလျှောက် ဆန္ဒပြတောင်းဆိုမှုကို အောက် တိုဘာ ၆ရက်တွင် ပြန်လည်ပြု လုပ်မည်ဖြစ်ကြောင်း ဦးလုံဂျုံတူးရော်က ဆိုသည်။

‘‘ဒီနေ့လိုပါဝင်ခဲ့တဲ့အတွက် ဒုက္ခရောက်နေတဲ့ ကျွန်တော်တို့ ညီအစ်ကိုဆွေမျိုးတွေကို ပိုပြီးသ တိရစေတယ်။ စိတ်လည်းတ ကယ်မကောင်းဘူး။ ဒါကြောင့် တိုက်ပွဲတွေကို အမြန်ဆုံးရပ်ဆိုင်း စေချင်တယ်’’ဟု မြစ်ကြီးနားဒေ သခံကိုဂျွန်ကဆိုသည်။

လွန်ခဲ့သည့်တစ်လခန့်က စ တင်ပြီး ကချင်ပြည်နယ်တွင် တပ် မတော်နှင့် ကေအိုင်အေတို့အကြားတိုက်ပွဲများ ပြင်းထန်လျက်ရှိ သည်။

No comments: