Tuesday, October 25, 2016

မိုင်းလားကို ကျူးကျော်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြေလည်စွာ ဖြေရှင်းသွားမယ်လို့ ၀ တွေ ပြော

မိုင်းလားအထူးဒေသ(၄)ရဲ့တပ်စခန်းများကို ကျူးကျော်သိမ်းပိုက်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ၀ပြည်နယ်အစိုးရ အနေနဲ့ ပြေလည်စွာဖြေရှင်းသွားမယ်လို့ ၀အထူးဒေသရဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချမ်းက ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ငြိမ်းချမ်းရေးကော်မရှင်၏မေတ္တာရပ်ခံအကြောင်းကြားစာနဲ့ ပတ်သက်ပြီး ပြန်ကြားလွှာမှာ အခုလိုပြောဆိုလိုက်တာပါ။ ၀ပြည်နယ်အစိုးရအနေနဲ့ မိုင်းလားအထူးဒေသ(၄) နယ်မြေအတွင်း ခရီးကြမ်းချီတက်လေ့ကျင့်မှုကြောင့် ဖြစ်ပေါ်လာတဲ့ နားလည်မှုတွေကို ပိုမိုမကြီးထွားစေဖို့ အောက်ခြေတပ်ဖွဲ့တွေကို ညွှန်ကြားထားပြီးဖြစ်တယ်လို့ အဲဒီစာမှာ ဖော်ပြထားပါတယ်။

နှစ်ဖက်တပ်ဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းပြီး အခြေအနေကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်တယ်လို့လည်း ရေးသားဖော်ပြထားတာပါ။ ဒါ့အပြင် ၀ပြည်နယ်အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကိုထိန်းသိမ်းပြီး ဘယ်လိုစစ်မက်ဖြစ်ပွားမှုကိုမှာ ဦးစွာအလွယ်တကူစတင်မှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။

ဝပြည်နယ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ငြိမ်းချမ်းရေးကော်မရှင်နဲ့ လက်တွဲပြီး နိုင်ငံရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောလျင်စွာ အကောင်အထည်ဖော်ဖို့ မျှော်လင့်တယ်လို့ အဲဒီပြန်ကြားလွှာမှာ ဖော်ပြထားပါတယ်။

ဝ ပြည်နယ်အနေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာ ချုပ် (NCA)ကို လက်မှတ်ရေးထိုးဖို့ ငြင်းဆိုထားပြီး မကြာသေးမီက ကျင်းပခဲ့တဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ လည်း ကိုယ်စားလှယ်အဖွဲ့သာ တက်ရောက်ခဲ့သလို လည်ဆွဲမှားယွင်းမှုကို အကြောင်းပြကာ ညီလာခံကို ကျောခိုင်းခဲ့တာဖြစ်ပါတယ်။

ဒီ ၂၁ ရာစု ပင်လုံညီလာခံကို မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ မိုင်းလားအထူး ဒေသ(၄)ရဲ့ ခေါင်းဆောင်ဖြစ်သူ ဦးစိုင်းလင်း ကိုယ်တိုင်တက်ရောက်ခဲ့တာကြောင့် အစိုးရနှင့် မိုင်းလား အဖွဲ့တို့ရဲ့ နီးစပ်လာမှုကို ကျေနပ်မှုမရှိတာကြောင့် အခုလို မိုင်းလားအထူးဒေသ(၄)ရဲ့ ထိန်းချုပ်နယ်မြေတွေကို ၀င်ရောက် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒီလို ကျူးကျော်သိမ်းပိုက်ထားမှုကို ေ

No comments: