ပြည်မြို့တွင် စိတ်ကြွမူးယစ် ဆေးဝါးရောင်းချသည့် သတင်း အရ ဖမ်းဆီးစစ်ဆေးနေသည့် ကွင်းဆက် တရားခံတစ်ဦးအား ဥပဒေရုံး၏ အကြံပြုချက်အရ ပြန် လွှတ်ပေးခဲ့ကြောင်း ပြည်မြို့မရဲစ ခန်းမှ သတင်းရရှိသည်။
အသက် (၂၁) နှစ်အရွယ်ရှိ အဆိုပါကွင်းဆက်တရားခံသည် ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ် ကွက်တွင် နေထိုင်သူဖြစ်သည်။
၎င်းကို စိတ်ကြွမူးယစ်ဆေး ၀ါးရောင်းချသည်ဟု သတင်းအရ ဖမ်းဆီးကာ ရမန်ယူစစ်ဆေးပြီး ဥပဒေရုံးသို့ အကြံပြုတောင်းခံခဲ့ ရာ တရားစွဲဆိုရန် မသင့်ကြောင်း အကြံပြုလာသဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၉ အရ အမှုမှလွှတ်ခဲ့သည်ဟု ပြည်မြို့မရဲစ ခန်းမှူးက ပြောသည်။
‘‘အောက်တိုဘာပထမပတ် လောက်က ဆံပင်ညှပ်ဆိုင်က လူ ငယ်နှစ်ဦးထံကနေ စိတ်ကြွမူးယစ် ဆေးပြားတွေ ဖမ်းမိခဲ့တယ်။ ဖမ်း မိတဲ့လူငယ်နှစ်ဦးရဲ့ ထွက်ဆိုချက် အရ ကွင်းဆက်တရားခံတစ်ဦးဆီ က ၀ယ်ယူရတယ်လို့ သိရတာ ကြောင့် နာရီပိုင်းအတွင်းမှာပဲ သွားရောက်ရှာဖွေပေမယ့် မူးယစ် ဆေးဝါးကို ရှာမတွေ့ခဲ့ဘူး။ ဒါပေ မဲ့ ဖမ်းမိထားတဲ့ လူငယ်နှစ်ဦးက သေသေချာချာ ထွက်ဆိုတာ ကြောင့် ရမန်နှစ်ပတ်ယူပြီး ဖမ်း ဆီးစစ်ဆေးတယ်။ ဥပဒေရုံးကို အကြံတောင်းတဲ့အခါ တရားစွဲဆို ရန် မသင့်ဘူးလို့ အကြံပြုတာ ကြောင့် လွှတ်ပေးလိုက်တယ်’’ဟု ၎င်းက ပြောသည်။
အောက်တိုဘာ ၂၅ ရက်တွင်ဆံပင်ညှပ်ဆိုင်ရှင် အသက် (၁၉) နှစ်အရွယ် လူငယ်နှင့် (၂၅) နှစ် အရွယ်လူငယ်နှစ်ဦးအား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာပုဒ်မ ၁၉ (က) အရ တရားစွဲဆိုခဲ့ပြီး အသက် (၂၁) နှစ်အရွယ် ကွင်းဆက်တရားခံအား အမှုမှ လွှတ်ပေးခဲ့ကြောင်း ပြည်မြို့မရဲစခန်းမှ သိရသည်။
No comments:
Post a Comment