Wednesday, October 5, 2016

ပစ်ပြန်ပြီ ဟေ့ ...


 
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ အမေ့အိမ် ခွေငှားဆိုင်ရှေ့လမ်းမပေါ်မှာ အမည်မသိသေနတ်သမားများက ၃.၁၀.၂၀၁၆ နေ့ ည ၁၁ နာရီချိန်မှာ ကျော်မျိုးခေါ် ဝက်ကလေးကို ပစ်ခတ်သွားပါသည် ။

   သေနတ်ဖြင့် ပစ်ခတ်ခံရသူ ကျော်မျိုး ခေါ် ဝက်ကလေးဟာ ကျောဘက်မှာ ကျည်ဆံဖောက်ထွက် ဒဏ်ရာ နှစ်ချက် ၊ဘယ်ဘက်ပေါင်မှာ ကျည်ဆံဖောက်ထွက် ဒဏ်ရာ တစ်ချက်နဲ့ ဖားကန့်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပြီး ဒက်ရာအခြေအနေစိုးရိမ်ရမှု ရှိ /မရှိ သိနိုင်ဘို့ ဖားကန့်ဆေးရုံဆက်သွယ်လို့ မရသေးတဲ့အတွက် မသိရှိရသေးပါ ။

     ကျော်မျိုးခေါ် ဝက်ကလေးဟာ စစ်တပ်ရဲ့ သတင်းပေး လုပ်ကိုင်နေသူတစ်ယောက်လို့ လည်း  သိရပါတယ် ။

   ကျော်မျိုးခေါ် ဝက်ကလေး  အမှန်တကယ် စစ်တပ်ရဲ့ သတင်းပေးဟုတ်ခဲ့မယ်ဆိုလျှင်တော့ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ သူဟာ သုံယောက်မြောက် အသတ်ခံရသူ ဖြစ်ပါတယ် ။ဒီအရင်ကလဲ ဆိုင်းတောင် ကျေးရွာက ကိုရှည်ကြီး နဲ့ လုံးခင်း ကံဆည်းရွာ ကိုဖန်တီး တို့ဟာလည်း အသတ်ခံခဲ့ရပြီးဖြစ်ပါတယ် ။ ဒီဖြစ်စဉ်တွေမှာ တရားခံတွေကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့တဲ့ အပြင် မှော်ရှန်ရာအိမ်မှူး ဒေါ်နန္ဒာလှိုင် ၊ ကောင်စံကျေးရွာက ကျောက်ဝယ်ရောင်းလောပန်း ထွန်လင်း ၊ဝှေခါကျေးရွာက ကျောက်ဝယ်ရောင်း လောပန်း ကိုကံဆင့် တို့လိုမျိုး သေနတ်ဖြင့် ပစ်သတ်ခံရသည့်အမှုတွေကိုလည်း ဖော်ထုတ်နိုင်ခြင်းမရှိသလို ဒေါ်နန္ဒာလှိုင်နှင့် နာရီပိုင်းသာ ခြားပြီး နတ်မှော်လမ်ဆုံတွင် မြန်မာ့တပ်မတော်မှ ပစ်သတ်ခဲ့သည့် နာဂလူငယ်လေး မောင်အားစီရဲ့ သေဆုံးမှုမှာ လည်းအရေးယူဆောင်ရွက်ခြင်းမရှိတာကို တွေ့ရပါတယ် ။

ဇော်မိုးထက်

ဓါတ်ပုံ -၁ ။ စစ်တပ်မှ သေနတ်ဖြင့် ပစ်သတ်ခဲ့သော နာဂလူငယ် မောင်အားစီ ၏ ရုပ်အလောင်းအား ဖားကန့်ဆေးရုံ ရင်ခွဲရုံတွင် တွေ့ရစဉ်

     ၂ ။ ဒေါ်နန္ဒာလှိုင် အားအမည်မသိ သေနတ်သမားသုံးဦးမှ သေနတ်ဖြင့် (၆) ချက် ပစ်သတ်သွားသည့် ရုပ်အလောင်း


No comments: