Wednesday, October 5, 2016

လွှတ်တော်ရုံးအတွင်းဓါးထိုးမှုဖြစ်



ပြည်သူ့လွှတ်တော်အဆောက်အအုံအတွင်းမှာ လွှတ်တော်ရုံးအမျိုးသမီးဝန်ထမ်း တစ်ဦး ဒီနေ့ မနက်ပိုင်းက ဓားထိုးခံခဲ့ရပါတယ်။

ဓါးထိုးခံရသူ အမျိုးသမီးဟာ လက်ထောက်ညွန်ကြားရေးမှူးဖြစ်ပြီး ၀န်ထမ်းအမျိုးသမီးတစ်ဦးက ဖုန်းအရောင်းအ၀ယ်ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်တာကြောင့် အိမ်သုံးဓားနဲ့ထိုးတာ ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းအောင်က သတင်းထောက်တွေကို အတည်ပြုပြောပါတယ်။

ဓားထိုးခံရသူအမျိုးသမီးရဲ့ ဒဏ်ရာအခြေအနေမှာ မစိုးရိမ်ရကြောင်းလည်း ရဲမှူးဆန်းအောင် က ပြောပါတယ်။

ဒီကနေ့ မနက် ၈ နာရီဝန်းကျင်မှာ ပြည်သူ့လွှတ်တော် ညွန်ကြားရေးမှူးချုပ်ရုံး လက်ထောက် ညွန်ကြားရေးမှူးက ရုံးအကူဝန်ထမ်းအမျိုးသမီးထံကနေ ဖုန်းဟန်းဆက်ဖိုး အကြွေးတောင်းရာမှာ ရုံးအကူ အမျိုးသမီးက လက်ထောက်ညွန်ကြားရေးမှူးရဲ့ နောက်ကြောကို ကြက်သွန်လှီးဓားနဲ့ ထိုးခဲ့တာဖြစ်ပါတယ်။

Photo: Wun Naung Toe/ RFA

( ပြည်သူ့လွှတ်တော်အဆောက်အအုံကို  အောက်တိုဘာလ ၅ ရက်နေ့က ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းအောင် လာရောက်စစ်ဆေးစဉ် )


No comments: