
အမေရိကန်အခြေစိုက် Ford ကားထုတ်လုပ်ရေးကုမ္ပဏီမှ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဒိုးမာတင် က ကားလေအေးပေးစက် မှ သောက်ရေထုတ်လုပ်ပေးသည့်စနစ်ကို စမ်းသပ်အောင်မြင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ကားလေအေးပေးစက်ကိုဖွင့်လိုက်တဲ့အခါ ရေခိုးရေငွေ့ တွေက ကွန်ဒင်ဆာပေါ်မှာ စုပါတယ်။ များလာတဲ့အခါ အရည်ဖြစ်သွားပြီး အောက်ကို တစ်စက်စက်ယိုကျပါတယ်။
လေအေးပေးစက်ဖွင့်ထားရင် ရေထွက်တတ်တာကို အသုံးပြုဖူးသူတိုင်း
သိကြပါလိမ့်မယ်။ ဒီရေတွေအလဟသကုန်ဆုံးနေတာ မဖြစ်စေချင်လို့  အဲဒီရေတွေကို
ပြန်စုပြီး ယာဉ်မောင်းသောက်လို့ ရ တဲ့သောက်ရေသန့် ဖြစ်အောင်
ပြန်လည်ထုတ်လုပ်ပေးခြင်းဖြစ်ပါတယ်ဟု
ဒိုးမာတင် က ပြောပြသည်။ မာတင် သည် ပီရူးနိုင်ငံရှိ ဆိုင်းဘုတ်တစ်ခုကို
ကြည့်ရှုပြီး ကားလေအေးပေးစက်မှ သောက်ရေပြန်ထုတ်ယူမည့်အကြံကို
ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဆိုင်းဘုတ်သည် လေထုစိုထိုင်းမှု
ကိုစုပ်ယူပြီး သောက်ရေအဖြစ် ပြန်ပြောင်း ပေးကြောင်း၊ မာတင် ကလည်း
လေအေးပေးစက်ကွန်ဒင်ဆာမှ ရေကို ပြန်လည်စစ်ယူပြီး ကားထဲသို့ ပန့် ဖြင့်
ပြန်ပို့ ကာ ရေပိုက်ခေါင်းလေးဖြင့် ရေကိုဖွင့်သောက်နိုင်မည့်စနစ်အား တီထွင်စမ်းသပ်အောင်မြင်ခဲ့ကြောင်း
သိရသည်။ ကားလေအေးပေးစက်က တစ်နာရီကို ရေ ၆၄ အောင်စ ထုတ်ပေးနိုင်ပါတယ်။ ဒါ
ရေ လေး ပုလင်းလောက် ရပါမယ်။ သဲကန္တာရလိုနေရာမျိုးမှာ
ခရီးဝေးကားမောင်းရသူတွေအနေနဲ
့ သောက်ရေပြတ်လပ်မှာကို မပူရတော့ ဘူးပေါ့။ ဒါ့အပြင် သန့် ရှင်းတဲ့ရေ
ရှားပါးတဲ့နေရာဒေသတွေမှာ ယာဉ်မောင်းတွေအနေနဲ့  လေအေးပေးစက်က ရေကို
ကိုယ်တိုင်လည်းသောက်နိုင်သလို အများကိုလည်း မျှဝေနိုင်ပါတယ်။ မသန့် ရှင်းတဲ့ရေကိုတောင် သန့် စင်အောင် ပြန်လုပ်ပေးနိုင်တဲ့စနစ်ကို
ထည့်သွင်းနိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်ဟု မာတင် က
ဆက်လက်ပြောပြသည်။ ဒိုးမာတင်၏ ကားလေအေးပေးစက်မှ သောက်ရေ ထုတ်လုပ်သည့်စနစ်ကို
On-the-Go H2O ဟု အမည်ပေးထား ပြီး မကြာမီ မော်တော်ယာဉ်များတွင်
တပ်ဆင်ပေးသွားနိုင်ရန် ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မူပိုင်ခွင့် တင်သွားရန် ရာခိုင်နှုန်းများနေပြီဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊
ရေ သယံဇာတချွေတာနိုင်ရေး နှင့် ခရီးဝေးသွားလာသော မော်တော်ယာဉ်နှင့်
ယာဉ်မှူးများအတွက် ရေလိုအပ်ချက် အလိုအလျောက် ပြေလည် စေရေး အတွက်
ရည်ရွယ်ထုတ်လုပ်နေခြင်းဖြစ်သည့်အတွက် ကြိုဆိုလက်ခံသင့်သည့် နည်းပညာဖြစ်ကြောင်း Ford မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း
ကျွန်တော်များမြစ်ဆုံ media သည်
Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း
သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော
သတင်းapk ၌Auto ဖော်ပြနေခြင်း
မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း
ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ
သည်အချိန်တိုအတွင်း
အများပြည်သူသိရှိအောင်
်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ
ဆက်သွယ်ရန်
myitsonmedia@gmail.com
No comments:
Post a Comment