စစ်ကိုင်းတိုင်းဒေသကြီး၊
မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ ဟွန်ဒါဂွမ်းဖတ်စက်ရုံ
ပြီးခဲ့သည့်ရက်ပိုင်းက ဂွမ်းဖက်စက်လည်ပတ်နေစဉ် မီးလောင်မှုဖြစ်ပွားသဖြင့်
ကျပ်(၆)သိန်းကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး
မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
"ဂွမ်းဖတ်စက်လည်နေတုန်း
ကျောက်ခဲညပ်ပါသွားပြီး မီးလောင်တာလို့ သိရတယ်။ မီးလောင်မှုနဲ့ ပတ်သတ်ပြီး
အမှုလည်း ဖွင့်ထားပြီးပါပြီ။" ဟု မုံရွာနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်
ရဲအောင်က ပြောသည်။
မီးလောင်မှုအား
စစ်ကိုင်းတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်ထမ်း(၄၂)ဦး၊
မီးသတ်ယာဉ်(၁၂)စီး၊ ရေသယ်ယာဉ် (၁၁)စီး၊ အရံမီးသတ်တပ်ဖွဲ့င် (၁၀၀)ဦး၊
ရပ်ကွက်နေပြည်သူ (၁၀၀)ဦးခန့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။
မီးလောင်မှုကြောင့်
ဂွမ်းဖတ်စက်ရုံ အလျား ၃၀ ပေ၊ အနံ ၂၄ ပေ၊ အမြင့် ၁၈ ပေ၊ သွပ်မိုး၊
နံကပ်စက်ရုံနှင့် အဆိုပါ အဆောက်အဦးဘေးတွင်ရှိသော အလုပ်သမားများ
ပစ္စည်းထားသိုနေထိုင်သည့် ၁၀ ပေ ပတ်လည် သွပ်မိုး၊ သွပ်ကာ မြေစိုက်တဲနှင့်
အလျား ၂၄ ပေ၊ အနံ ၁၀ ပေ၊ သွပ်မိုး၊ သွပ်ကာ မြေစိုက်တဲတို့အား မီးကူးစက်
လောင်ကျွမ်းခဲ့သည်။
"မီးမီး..ဆိုလို့ကြည့်လိုက်တော့
စက်ရုံထဲမှာ လောင်နေပြီ။ မီးတောက်က အိပ်ယာထဲကနေ မြင်နေရတယ်။ အခု လောင်တာ
ဂွမ်းဖတ်စက်ပါ။ ရန်ကုန်ကလာတဲ့ အဝတ်အပိုင်းအစ အပြတ်တွေကို မွေ့ယာတို့
ခေါင်းအုံးတို့ လုပ်တာပါ" ဟု အဆိုပါ ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။
မီးပေါ့ဆစွာအသုံးပြုသူ
စက်ရုံမန်နေဂျာ စိုးလင်း(ခ)ကိုပေါက် (၃၀)နှစ်အား အရေးယူပေးရန်
မုံရွာနယ်မြေရဲစခန်း (ပ)၆၁၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့်
အမှုဖွင့်ထားကြောင်း သိရသည်။
MMK
The Ladies News
No comments:
Post a Comment