မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, September 16, 2016
မန္တလေး သမန်းကုန်းမြို့သစ် အိမ်၊ ခြံ၊ မြေဈေး ကွက် ဝယ်သူမရှိသလောက်ရပ်တန့် ==============================
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ သမန်းကုန်းမြို့သစ် အိမ်၊ ခြံ၊ မြေများမှာ ၂၀၁၅ ခုနှစ်အကုန်ပိုင်းမှစတင် ကာ လက်ရှိအချိန်အထိ အရောင်းအဝယ်နည်းနေပြီး ဝယ်ယူသူမရှိသလောက်ဖြစ်နေကြောင်း သမန်းကုန်းမြို့ သစ်ရှိ အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ကိုင်သူများထံမှ သိရှိရသည်။သမန်းကုန်းမြို့နယ်အတွင်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းများဖော်ဆောင်ပေးမည်ဆိုသည့်သတင်းများနှင့် ဝန် ထမ်းများအား နေရာစီစဉ်ပေးမည်ဆိုသည့်သတင်းများ ထွက်ပေါ်နေမှုကြောင့် အိမ်၊ ခြံ၊ မြေဈေးကွက် အရောင်း ဝယ်အေးနေခြင်းဖြစ်ကြောင်း သိရသည်။“၂၀၁၅ အကုန်ပိုင်းတုန်းကလည်း ရွေးကောက်ပွဲအခြေအနေကိုစောင့်ကြည့်နေလို့၊ ဒီနှစ်ပိုင်းကျတော့လည်း မြို့ တော်ဝန်က မြေဈေးတွေချပေးမယ်လို့ သတင်းလည်းကြားတယ်။ နောက်ပြီး တန်ဖိုးနည်းအိမ်ရာစီမံကိန်းရှိတယ် လည်းပြောတယ်။ ဝန်ထမ်းတွေကို နေစရာစီစဉ်ပေးမယ်ဆိုပြီး သတင်းတွေကလည်းကြားနေရတော့ ဝယ်မယ့် သူတွေနဲ့ မြေဝယ်ရောင်းလုပ်တဲ့သူတွေက မဝယ်ရဲကြဘူး။”ဟု သမန်းကုန်းမြို့သစ်မှ အိမ်၊ ခြံ၊ မြေအကျိုးဆောင် လုပ်ကိုင်သူ ကိုမြင့်မောင်ကပြောသည်။သမန်းကုန်းမြို့သစ်အတွင်း (၅၈)လမ်း၊ လမ်းမကြီးပေါ်ရှိ ပေ(၃၀× ၆၀)မြေတစ်ကွက်လျှင် ကာလပေါက်ဈေး ကျပ်သိန်း ၁၀၀၀ ဝန်းကျင်အထိရှိနေပြီး လမ်းသွယ်အတွင်းရှိမြေကွက်များမှာ ပေ(၄၀× ၆၀)မြေတစ်ကွက်လျှင် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၇၀၀ အကြားရှိနေကြောင်း သိရသည်။“သမန်းကုန်းမှာဆိုရင် ၅၈ လမ်းမပေါ်က ဈေးကောင်းတယ်။ သူကလမ်းဆုံလိုဖြစ်နေတယ်။ ဈေးနည်းတဲ့ ကြား လမ်းလေးတွေမှာ မြေကွက်ပိုင်းရောင်းတဲ့သူတွေလည်းရှိပေမယ့် အခုတော့ ဝယ်သူမရှိသလောက်ပဲ။ မြို့သစ်က တော့ ဝန်ထမ်းတွေ၊ လက်လုပ်လက်စားတွေများတာပေါ့။ ပိုက်ဆံလေးစုပြီး ဈေးနည်းတာလေးဝယ်မယ့် ဝန် ထမ်းတွေတောင် အိမ်ရာပေးမယ့်သတင်းကြားပြီးတော့ မဝယ်ကြတော့ဘူး။”ဟု သမန်းကုန်းမြို့သစ်မှ အိမ်အကျိုးဆောင် ဦးစိုင်းကပြောသည်။မန္တလေးမြို့ အိမ်၊ ခြံ၊ မြေအရောင်းအဝယ်ဈေးကွက်အတွင်း အရောင်းအဝယ်များအေးလျှက်ရှိနေပြီး အငှားဈေး ကွက်မှာလည်း မြို့တွင်းတိုက်ခန်းများသာ အလုပ်ဖြစ်လျှက်ရှိကာ မြို့သစ်မြေကွက်များမှ အရောင်းအဝယ်နှင့် အငှားဈေးကွက်များလည်းအေးနေကြောင်း အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းများမှ သိရသည်
မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment