Wednesday, September 21, 2016

အိမ်အကူ ညှင်းပန်းနှိပ်စက် ပြစ်မှုကျူးလွန်သူအား ထပ်မံဖမ်းဆီးရမိ


ကျောက်တံတားမြို့နယ်တွင် အိမ်အကူ မိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သည့်ဖြစ်စဉ်မှ ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူအား ထပ်မံဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၂၁

ကျောက်တံတားမြို့နယ်တွင် အိမ်အကူ မိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သဖြင့် ကျောက်တံတားမြို့ရဲစခန်း(ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/၃၂ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသော အမှုမှကျန်ရှိသည့် ပြစ်မှုကျူးလွန်သူ ဦးကိုလတ်၊ (၆၃)နှစ်အား ၂၁.၉.၂၀၁၆ ရက်နေ့ ၂၀၅၀ အချိန်တွင် ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် အမှုဖြင့် ဆက်လက် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments: