အစိုးရသစ်လက်ထက် ပထမလေးလအတွင်း ပြည်ပရင်း နှီးမြှုပ်နှံမှုလုပ်ငန်းလေးခုက အမေ ရိကန်ဒေါ်လာ ၃၈၁ သန်းကျော် ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
အစိုးရသစ် လက်ထက်ဧပြီ နှင့်မေလတွင် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုများ ခွင့်ပြုခြင်းကို ရပ်ဆိုင်း ထားပြီး ဇွန်လက စတင်ခွင့်ပြုခဲ့သည်။
လုပ်ငန်းလေးခုက မွေးမြူရေးနှင့် ရေလုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ၇၄ သန်း၊ စက်မှုကုန်ထုတ်လုပ်ငန်းတွင် ဒေါ်လာသန်း ၁၈၀ ခန့်၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းတွင် သန်း ၉၀ နှင့် အခြားဝန်ဆောင်မှုလုပ်ငန်းတွင် ၃၇ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။
ပြည်ပကုမ္ပဏီများအား လုပ် ငန်း ၁၂ခုတွင် ရင်းနှီးမြှုပ်နှံခွင့်ပြု ထားပြီး ဇူလိုင်လကုန်အထိ လုပ်ငန်း လေးခုကသာ ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။
၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုမှာကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံကျော်ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၄၅နိုင်ငံမှလာရောက်ရင်းနှီးမြှုပ်နှံ ပြီး တရုတ်၊ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုအ များဆုံးဖြစ်သည်။
No comments:
Post a Comment