Monday, May 16, 2016

နမ္မတူ-လားရှိုးသွား ဟိုင်းဝေးကားလမ်းနှင့် လားရှိုးမြို့ရှောင်လမ်းဆုံရှိ အရှိန်လျော့ခုံးများ မြင့်မားကြောင့် ဒေသခံများ အခက်တွေ့ ------- ------ -------

နမ္မတူ-လားရှိုးသွား ဟိုင်းဝေးကားလမ်းနှင့် လားရှိုးမြို့ရှောင်လမ်းဆုံရှိ အရှိန်လျော့ခုံးများ မြင့်မားကြောင့် ဒေသခံများ အခက်တွေ့ ------- ------ ------- ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ နမ္မတူ-လားရှိုးသွား ဟိုင်းဝေးကားလမ်းနှင့် လားရှိုးမြို့ရှာင် လမ်းဆုံတွင် ထားရှိသော အရှိန်လျော့ခုံး (Slow down)များမှာ အလွန် မြင့်နေသောကြောင့် ပြန်လည် ပြုပြင်ပေးရန် ဒေသခံများ လိုလားနေကြောင်း သိရှိရသည်။ အဆိုပါ နမ္မတူ-လားရှိုးသွား ဟိုင်းဝေးလမ်းမကြီးနှင့် လားရှိုးမြို့ရှောင်လမ်းဆုံတွင် ယာဉ်အန္တရာယ် ကင်းရှင်း စေရန် ရည်ရွယ်ချက်ဖြင့် ထားရှိပေးထားသော ယာဉ်အရှိန်လျှော့စေသည့် စလိုးဒေါင်းများမှာ အလွန်မြင့်နေပြီး သွားလာရေး အဆင်မပြေခြင်းကြောင့် ပြုပြင်ပေးရန် ဒေသခံများက လိုလားနေခြင်းဖြစ်သည်။ “ဆိုင်ကယ်ရော ကားရော အောက်မလွတ်ဘူး။ အရမ်း မြင့်လွန်းတယ်။ နာရေးပို့ရင်ပိုဆိုးတယ်။ ကားတွေ ဆိုင်ကယ်တွေက များတော့ အချိန်လည်း ကြာတယ်။ ယာဉ်တွေလည်း ပျက်စီးတယ်။ ဖျက်ဖို့ မဟုတ်ပါဘူး။ ပြန်ပြီးပြင်ပေးဖို့ ပြောတာပါ’’ ဟု လူမှုကူညီရေးအဖွဲ့မှ ကိုလှဦးက ပြောသည်။ အဆိုပါလမ်းသည် ဟိုင်းဝေးလမ်းဖြစ်ပြီး လားရှိုးမြို့မှ နာရေးများ ပို့ဆောင်သော လမ်းလည်းဖြစ်ခြင်းကြောင့် နေ့စဉ်သွားလာနေသော နာရေးယာဉ်များ နှင့် နမ္မတူ-လားရှိုး ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်များလည်း လျင်မြန်စွာ ပျက်စီးသွားနိုင်ခြင်းကြောင့် တောင်းဆိုရခြင်းဖြစ်ကြောင်း နာရေးကူညီနေသူများက ဆိုသည်။ “ကျွန်တော်တို့က ဘယ်လမ်းက ဘယ်ဌာနရဲ့လမ်းလည်း။ စည်ပင်လမ်းလား လမ်းဦးစီးလမ်းလား ဆိုတာကို စိစစ်ပြီးတော့ သက်ဆိုင်တဲ့ ဌာနနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်သွားမှာပါ။ ဘတ်ဂျက်နဲ့ လုပ်မှာလား ရက်တစ်ရာ စီမံချက်နဲ့ လုပ်မှာလား ဆိုတာတွေကို ဆွေးနွေးပြီး လုပ်ဆောင်သွားမှာပါ’ ဟု လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက ပြောသည်။ အဆိုပါ မြို့ရှောင်လမ်းတွင် ယာဉ်တိုက်မှု မကြာခဏ ဖြစ်ပွားခဲ့ကြောင်း၊ နမ္မတူ-လားရှိုးသွား ဟိုက်ဝေး လမ်းမပေါ်တွင် စလိုးဒေါင်း လေးခု ထားရှိထားကြောင်း၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ပေးထားသော စလိုးဒေါင်းများ ပုံစံများ ထားရှိပေးပါက အဆင်ပြေသွားနိုင်ကြောင်း မြို့နေပြည်သူများမှ ပြောဆိုနေကြသည်။ MMK The Ladies News

No comments: