မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, May 16, 2016
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး (၂၇) ရက်မြောက်နေ့ စတင်
#Eleven_News_Update (10:30 AM, 16, May, 2016)
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး (၂၇) ရက်မြောက်နေ့ စတင်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး (၂၇) ရက်မြောက်နေ့ကို ယနေ့ (မေ ၁၆ ရက်)တွင် ပြည်သူ့လွှတ်တော်၌ ကျင်းပလျက်ရှိပြီး ကြယ်ပွင့်ပြမေးခွန်း ၃ ခု မေးမြန်းခြင်း၊ ပုလဲမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် တင်သွင်းခဲ့သည့် "ထိန်းသိမ်းပြုပြင်ရန် နောက်ကျလျက်ရှိသဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နေသော မကွေးတိုင်းဒေသကြီး မုန်းချောင်းတစ်လျှောက်ရှိ မုန်းတမံနှင့် ကြီးအုံကြီးဝ တမံပျက်စီးမှုများနှင့် စစ်ကိုင်းတိုင်းဒေသကြီး-ချင်းပြည်နယ် နယ်စပ်၊ ရာဇဂြိုလ်အထက်ရှိ သဘာဝမြေပြိုကန်တို့အတွက် ယခုလာမည့် မိုးရာသီမတိုင်မီ အမြန်ဆုံးလုပ်ဆောင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း" အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ဆွေးနွေးပြီး လွှတ်တော် အဆုံးအဖြတ် ရယူခြင်းနှင့် စက်မှုဝန်ကြီးဌာနမှ ပေးပို့သော "ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး နည်းဥပဒေများ" နှင့် စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုအား ဆွေးနွေးအတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၄၂၆ ဦးရှိသည့်အနက် ၃၉၁ ဦးတက်ရောက်ခဲ့ပြီး ခွင့်တိုင်ကြားသူ လွှတ်တော်ကိုယ်စားလှယ် ၃၅ ဦးရှိကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment