Wednesday, August 27, 2014

သြဇီရောက် NLD အဖွဲ့ဝင်တစ်ဦးမှ သီတဂူဆရာတော်အား ရိုင်းစိုင်းစွာ ပြောဆိုမှုနှင့် ပတ်သက်၍ ဒေါသထွက်

သြဂုတ် ၂၆ ရက်၊ ၂၀၁၄ ခုနှစ်

Australia နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ရရှိထားပြီး NLD ပါတီဝင်တစ်ဦးဖြစ်သူ ဖုန်းကျော် ဆိုသူသည် သီတဂူဆရာတော် အား ၎င်း၏ Facebook မှတစ်ဆင့် ရိုင်းစိုင်းစွာ ဝေဖန်ပြောဆိုမှုများကြောင့် ဗုဒ္ဓ ဘာသာဝင်အများစုမှ ကျေနပ်မှုမရှိကြောင်း သိရှိရသည်။

၎င်းမှ “ သီတဂူဆရာတော်ကြီးကို ခင်ဗျားမို့လို့ ဖူးဖူး မှုတ်ထားတယ်။ အဲဒီဘုန်းကြီးက တောင်းတာပတ်စက်တယ်။ တောင်းတာကို အလှူခံတာလို့ခေါ်တယ်။ ပြီးရင် ဘုန်းကြီး ကောင်းစားရေးပဲလုပ်တယ်။ သူ့တပည့်တွေကို စကောလားရှစ် ပေးတယ်။ ပြီးတော့ ဘုန်းကြီး လောကမှာ နာမည်ကြီးအောင် လုပ်တယ်။ သီတဂူဆရာတော်ဆိုတာ သာမညဆရာတော်နဲ့ ဖားအောက် ဆရာတော်လောက်တောင် အဆင့်မရှိဘူး။ အဲဒီလိုဘုန်းကြီးကိုခေါ်တာ ဒစ်စကိုဘုန်းကြီး။ ” ဟု ဝေဖန်ထား သည့်အပြင် “ ဘုန်းကြီးဆိုတာ ပိန်မှကြည့်ကောင်းတာ… အခုဘုန်းကြီးတွေက၀က်လိုပဲ… သီတဂူဆိုရင်ပိုဆိုးပဲ” ဟုဝေဖန်ထားကြောင်း တွေ့ရှိရသည်။

၎င်း၏ ရိုင်းစိုင်းစွာ ဝေဖန်ပြောဆိုမှုနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာဝင်များ အပြင် အခြားဘာသာဝင်များကပါ ကျေနပ်မှုမရှိဘဲ Comment များရေး၍ ပြန်လည်ဝေဖန်ထားကြောင်း တွေ့ရသည်။

အဆိုပါ Comment အောက်တွင် NLD ပါတီဝင်များ၊ NLD ပါတီ ထောက်ခံသူများ၊ ဘင်္ဂါလီ ဟု ယူဆရသူများက ရိုင်းစိုင်းစွာ ဝေဖန်မှုများ ပြုလုပ်လာရာ လူမှုကွန်ရက်တွင် ကတောက်ကဆများ အကြီးအကျယ် ဖြစ်ပေါ်နေကြောင်း တွေ့ရသည်။

“ဒါ အသိသာကြီးပါပဲ။ သီတဂူဆရာတော်ကြီး အမေရိကန် ဘာသာရေး လွတ်လပ်ခွင့်အဖွဲ့ကို ပြတ်ပြတ်သားသား ပြောလိုက်ပြီးတဲ့နောက် ပစ်မှတ်ထား ပြီး တိုက်ခိုက်လာတာ။ သီတဂူဆရာတော် ပြောတဲ့စကားတွေက ခင်ဗျားတို့ ကျွန်တော်တို့ စိတ်ထဲမှာ ရှိနေတဲ့၊ အားလုံး ပြောချင်နေတဲ့ စကားတွေပဲ။ အကုန်လုံး အမှန်တွေချည်းပဲ။ ဒါကို NLD က ကောင်တွေ၊ ကော်မတွေ ရောပြီး ကြိတ်တာကတော့ ဘယ်လိုမှ သည်းခံလို့ မရတော့ဘူး။ အဲဒါကြောင့် ကျွန်တော် ပြင်းပြင်းထန်ထန် ၀င်ဆဲပစ်တာ” ဟု လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက ပြောသည်။

သြစတေးလျနိုင်ငံနေ ကိုဖုန်းကျော်သည် မွန်ပြည်နယ်၊ လွိုင်ကော်ရွာမှဖြစ်ပြီး တောခိုကာ ABSDF တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ နိုင်ငံရေးခိုလှုံခွင့်ဖြင့် သြစတေးလျနိုင်ငံတွင် နေထိုင်လျက် မိုးသီးဇွန်၊ ငြိမ်းချမ်းအောင်တို့နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၏ သြစတေးလျခရီးစဉ်အတွင်း အစစအရာရာ ကူညီပံ့ပိုးပေးခဲ့သူတစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။

No comments: