Thursday, August 28, 2014

မိုက်တွင်းဆက်မနက်စေချင်ဘူး


အခုရက်ပိုင်း ရှမ်းပြည်နယ် ကျေးသီးမြို့နယ်အတွင်း တာဖာဆောင်ရွာရှိရွာသား ၃၀၀ ကျော်မှ ရွာထဲက စစ်တပ်များထွက်သွားဖို့ လက်မှတ်ထိုးတင်ပြဖို့ရှိတယ်ဆိုပြီး SSPP/SSA အဖွဲ့များ လုပ်ဇတ်ခင်း လာပြန်ပါတယ်။ အဆိုပါ တာဖာဆောင်ရွာအနီးရှိ တာဖာဆောင်တံတားမှာ ၄င်းတို့ဝမ်ဟိုင်းဌာနချုပ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအကြား စီးပွားရေးလမ်းကြောင်းပေါ်တွင်တည်ရှိပြီး ဒေသခံများအား ဆက်ကြေး ကောက်ခံရာ နေရာကြီးတစ်ခုလည်းဖြစ်သလို ၄င်းတို့အတွက် ဘိန်းကုန်ကူးရာ အရေးကြီးသော လမ်းကြောင်းလည်းဖြစ်ပါတယ်။ SSPP/SSA တပ်ဖွဲ့တွေကို တာဖာဆောင်ဒေသကနေ ဆုတ်ခွာပေးဖို့ ဒေသခံများ၏ တောင်းဆိုမှုများကြောင့် အစိုးရဘက်က SSPP/SSA ခေါင်းဆောင်ပိုင်းကို ဇူလိုင်လ ၈ ရက်နေ့မှာ တရားဝင်ပြောကြားခဲ့ပါတယ်။ သို့သော်လည်း ၄င်းအဖွဲ့များဟာ တာဖာဆောင်ရွာ ပတ်ဝန်းကျင် တောင်ကုန်းများတွင် လှုပ်ရှားတပ်စွဲထားသဖြင့် တပ်မတော်စစ်ကြောင်းများဝင်ရောက် လှုပ်ရှားလာရခြင်း လည်းဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့်အပစ်ရပ် သဘောတူလက်မှတ်ကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့က တောင်ကြီးမြို့မှာ ရေးထိုးထားစဉ်ကတည်းက နှစ်ဖက်သဘောတူသတ်မှတ် ခဲ့တဲ့နေရာဖြစ်ပြီး ကာကွယ်ရေးဒုဝန်ကြီးကိုယ်တိုင်ကလည်း SSPP/SSA အဖွဲ့ဟာ သတ်မှတ်ထားတဲ့ နယ်မြေကိုကျော်လွန်ပြီး တပ်စွဲခြင်းဖြစ်ကြောင်းကို လွှတ်တော်တွင်ရှင်းလင်းပြောကြားခဲ့ပြီးလည်း ဖြစ်ပါတယ်။

တာဖာဆောင်တံတားနဲ့ တစ်မိုင်ခန့်အဝေးမှာရှိတဲ့ မမ့်ဝပ်ရွာဘုန်းကြီးကျောင်းက ဒုက္ခသည်ဆိုတာ ကလည်း လာရောက်လှူဒါန်းသူရှိရင် ဘုန်းကြီးကျောင်းရောက်လာပြီး ကျန်အချိန်များတွင် တောင်ယာ လုပ်ကိုင်ကြသူများဖြစ်ပါတယ်။ ဒါဟာလည်း SSPP/SSA အဖွဲ့က အတင်းခြိမ်းခြောက်လို့ ရွာတွေကနေ ထွက်ပြေးလာရပြီး ဒုက္ခသည်အဖြစ် ဟန်ဆောင်နေကြတာ ဖြစ်တဲ့အပြင် လက်ဘနွန်က ဟားမတ်စ်တွေလို ဒေသခံပြည်သူများအား လူသားတံတိုင်းသဖွယ် အောက်တန်းကျစွာဆောင်ရွက်လာပါတယ်။ စစ်တပ်နှင့် ထိတွေ့မှုဖြစ်ရင် ရွာထဲပစ်ထည့်ရုံနဲ့ အပြစ်မဲ့အရပ်သားသေဆုံးရခြင်းမှာ စစ်တပ်ကြောင့်ဖြစ်တယ်လို့ လက်ညှိးထိုးဖို့ အကွက်ဆင်ထားတာလည်းဖြစ်ပါတယ်။ လက်တွေ့မှာတော့ ပြည်သူတွေ အထိနာမှာစိုးလို့ အစိုးရတပ်က SSPP/SSA အဖွဲ့ကို တာဖာဆောင်ကနေ ဆုတ်ခွာခိုင်းနေတာဖြစ်ပါတယ်။ သူတို့ ခေါင်းဆောင်ပိုင်းက တာဖာဆောင်ဒေသကနေ ဆုတ်မပေးဘူးလို့ ပြောလိုက်တော့ SSPP/SSA အဖွဲ့ဟာ ကျေးသီးမြို့နယ်ထဲမှာ ဒုက္ခသည်တွေများလာပြီး ဒေသခံရှမ်းတိုင်းရင်းသားအားလုံးကို ဒုက္ခဆင်းရဲတွင်းထဲ ထည့်ပြီး တွန်းပို့နေတာနဲ့ အတူတူပဲဖြစ်ပါတယ်။ ဒေသခံတွေ ချွေးနည်းစာကို အတင်းယူ စားသောက် နေပြီး ဒုက္ခသာပေးနေသော ဘီးလူးသဘက်သာသာ SSA အဖွဲ့ကို မိုက်တွင်းဆက် မနက်စေချင်ကြောင်း တိုက်တွန်းသတိပေးချင်ပါတယ်။

No comments: