Sunday, August 31, 2014

ဘဝမှာနေထိုင်းမူ့တွေပါဖတ်ကြည့်ပါ

ပန်းရံသမားသုံးဦး… တစ်ခါတုန်းက ပန်းရံသမားသုံးဦးရှိတယ်။ တစ်နေ့ တော့ လူတစ်ယောက်က သူတို့ ဘာလုပ်နေတာလဲလို့  မေးတဲ့အခါမှာ သူတို့ တွေက ခုလို အသီးသီး ဖြေကြတယ်။ ပထမ ပန်းရံသမား ။ ။ ကျွန်တော် အုပ်စီနေတာပါ။ ဒုတိယ ပန်းရံသမား ။ ။ ကျွန်တော် နံရံ တစ်ခု လုပ်မလို့ ပါ။ တတိယ ပန်းရံသမား ။ ။ ကျွန်တော် ဘုရားရှိခိုးကျောင်းတော်ကြီး တစ်ကျောင်းကို ဆောက်မလို့ ပါ။ ဒီပုံပြင်တိုလေးဟာ အောင်မြင်မှုရဲ့ လျှို့ ဝှက်ချက်နှစ်ခုကို ရှင်းရှင်းလင်းလင်းဖော်ပြပေးနေပါတယ်။ ၁) စိတ်သဘောထား ။ ။ ကိုယ်လုပ်ဆောင်တဲ့ အလုပ်တစ်ခုရဲ့ အောင်မြင်မှုအတိုင်းအတာကို အလုပ်တစ်ခုစီတိုင်းအပေါ်မှာ ထားရှိတဲ့ ကိုယ့်သဘောထားက ဆုံးဖြတ်ပေးပါတယ်။ ကိုယ်အလုပ်လုပ်တဲ့အခါမှာ စိတ်အားထက်သန်မှုနှင့် ဂုဏ်ယူဝင့်ကြွားမှုရှိ မရှိတို့ ကို ကိုယ်လုပ်လိုက်တဲ့ အလုပ်ကို ပြန်လည် ကြည့်ရင် သိမြင် နိုင်ပါတယ်။ ကိုယ့်စိတ်သဘောထားဆိုတာ ကိုယ် ထိန်းချုပ်လို့ ရနိုင်တဲ့ အရာတွေ ထဲက တစ်ခုအပါအ၀င်ဖြစ်တယ်။ နေ့ ရက်စဉ်တိုင်းမှာ ကိုယ်ဘယ်လို စိတ်သဘောထားမျိုး ထားရှိမလဲဆိုတာကို ကိုယ်ကိုယ်တိုင် ရွေးချယ်နိုင်ပါတယ်။ ကိုယ့်ရဲ့ ရွေးချယ်မှုဟာ ကိုယ့်ရဲ့ အောင်မြင်မှုကို အဆုံးအဖြတ် ပေးမယ့် အရာပဲဖြစ်တယ်။ ၂) မျက်စိတစ်ဆုံး မဟုတ်ပဲ ရေရှည်ကို တွေးမြင်တတ်ခြင်း ။ ။ အခု လက်ရှိလုပ်ဆောင်နေရတာတွေ၊ ကြုံတွေ့ နေရတဲ့ အခက်အခဲ အတားအဆီးတွေ၊ ကုန်ဆုံးသွားတဲ့ အားအင်တွေကိုသာ မမြင်ပဲ ရရှိလာမယ့် ရလဒ်ကို ကြိုတင်မျှော်တွေးခြင်းဟာ ကိုယ့်ကို အောင်မြင်မှုဆီ အရောက်ပို့ နိုင်တဲ့ တွန်းအားတွေပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်မတို့ တွေဟာ မျက်မှောက်ဖြစ်ပျက် နေတဲ့ အရာတွေပေါ်မှာပဲ အာရုံထားတတ်ကြတယ်။ အဲဒီလိုမဟုတ်ပဲ ရရှိလာမယ့် ရလဒ် သို့ မဟုတ် ရေရှည်အကျိုးကို မျှော်တွေးခြင်းအားဖြင့် စိန်ခေါ်မှုတွေကို ဘယ်လို ရင်ဆိုင်ရမယ်ဆိုတဲ့ အဖြေကို ရှာတွေ့ လာနိုင်ပြီး အောင်မြင်မှု ရရှိသည်အထိ ဆက်လက်လုပ်ဆောင်နိုင်စေမယ့် တွန်းအားကို ရရှိလာနိုင်မှာဖြစ်ပါတယ်။ Catherine Pulsifer ရဲ့ ပုံပြင်လေးကို ဘာသာပြန်ဆိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းအင်္ဂလိပ်လိုလည်း ထည့်သွင်းပေးထားပါတယ်။ စနိုး Three Bricklayers "Once there were 3 bricklayers. Each one of them was asked what they were doing. The first man answered gruffly, 'I'm laying bricks.' The second man replied, 'I'm putting up a wall.' But the third man said enthusiastically and with pride, 'I'm building a cathedral.'" This story clearly reveals two secrets of success: 1. Attitude - Your attitude towards whatever you are doing determines your ultimate level of success. Having enthusiasm and pride in what you are doing will show in your work. Your attitude is one of the most important things that you control. You choose your attitude each and every day. And the choice you make will determine your success. 2. Ability to See the Bigger Picture - Being able to see the end result, rather than just the task, eliminates obstacles, focuses your energy, and provides motivation to excel. At times our focus is only on the immediate task. When we change our focus on the bigger picture or the end result it provides motivation to continue, it inspires solutions to challenges. Catherine Pulsifer

No comments: