Wednesday, August 27, 2014

အာကြီးကတော့ပွဲတောင်းပြီ

ညာနောက်ခံမှာ ကစားရတာထက် ဗဟိုခံစစ်မှာ ကစားရတာ ပိုပြီးသဘောတွေ့ကြောင်း Chambers မှ အသင်းရဲ့ မေးမြန်းတွေ့ဆုံခန်း အစီအစဉ်မှာ ပြောကြားလိုက်ပါတယ်။ Chambers က "ကျနော် ဗဟိုခံစစ် မှာ ကစားရတာ ပိုပြီးနှစ်သက်ပါတယ်။ အဲနေရာမှာ ကစားရတာ ကျနော့်ကိုကျနော် ပိုပြီး ယုံကြည်စိတ်ချတယ်လို့ ခံစားရပါတယ်။ နောက်ပြီး ဗဟိုခံစစ်မှာ ကစားရင် အသင်းရဲ့ အားနည်းအားသာချက်ကို ပိုပြီး လွယ်လွယ်ကူကူနဲ့ ဖတ်နိုင်ပါတယ်။ ညာခံစစ်မှာကျတော့ တောင်ပံတလျှောက် အတက်အဆင်းလုပ်ရတော့ ကိုယ်ကာယပိုင်း ပိုပြီးကြံ့ခိုင်ဖို့လိုတယ်။ ဒါပေမယ့် နေရာတိုင်းတော့ လွယ်ကူစွာကစားရတာတော့မဟုတ်ပါဘူး။ နောက်ပိုင်းကျရင် ဘယ်နေရာကစားရမယ်ဆိုတာမသိသေးပါဘူး။ လောလောဆယ်တော့ ကျနော် ဗဟိုခံစစ်မှာ ကစားရတာ ပိုပြီးသဘောကျနေပါတယ်။ ကျနော် ကွင်းလယ်အဖြတ်နေရာလည်းကစားနိုင်ပါတယ်" ပြောသွားခဲ့ပါတယ်။ အသင်းအနေနဲ့ ခံစစ်ကစားသမားတဦးခေါ်ယူရန် လိုအပ်နေပေမယ့်လည်း ဦးဝင်းဂါးအတွက် ဗဟိုခံစစ် နှစ်ဦး ပွဲထုတ်ဖို့က ခေါင်းစားစရာဖြစ်နေပါတယ်။ Mertesacker ပြန်လာမှုနဲ့အတူ Chambers, Koscielny တို့ သုံးဦးအထိ ရှိနေပါတယ်။ လောလောဆယ် Arteta ဒဏ်ရာရနေတဲ့အတွက် အသင်းခေါင်းဆောင်အဖြစ် Mertesacker ကပဲ တာဝန်ယူမှာဖြစ်ပါတယ်။ ထိုအတွက်ကြောင့် Mertesacker အနေနဲ့ နေရာတနေရာအခိုင်အမာ ရယူထားပြီဖြစ်ပြီး ကျန်တနေရာအတွက် Chambers လား Koscienly လားဆိုတာ ဒီည Besiktas နဲ့ပွဲမှာလည်း ရင်ခုန်စွာစောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ် Everton ပွဲတော့ Mertesacker + Chambers အတွဲသုံးသွားခဲ့ပါတယ်။ ဒီညပွဲအတွက် Mertesacker ကိုဘယ်သူနဲ့တွဲရင် ပိုအဆင်ပြေပါသလဲ???? ~D@N ABA

No comments: