Sunday, August 31, 2014

ယနေ့ဖြစ်နေတာတွေဟာဘာတွေလဲဟ့

မေမြတ်နိုးကို တောင်ကိုရီးယားကအလှ သရဖူ ရုတ်သိမ်းလိုက်ခြင်းထက် ဘက ကျောင်းက လေးတန်းကျောင်းသူလေး အင်္ဂလိပ်စာမှတ်စုပျောက်ဆုံးခြင်းကို ပို စိုးရိမ်ပါတယ်။ ပုဇွန်တောင်ချောင်းထဲ နဂါးသေတယ်ဆိုတဲ့ ကောလဟလ ထက် မိုးခေါင်ရေရှားဒေသ မှာ ဝမ်းရေးအတွက် တရုပ်ပြည်ကို ရောင်း လိုက်ရတဲ့နွားမရှိတော့တဲ့ မိသားစုကို ပိုစိုး ရိမ်တယ်။ ရန်ကုန်မြို့တော်သစ်ကြီးတည်ထောင်မှာ ထက် နေစရာ လုပ်စားစရာမရှိတော့မယ့် လယ်သမားတွေကို ပိုစိုးရိမ်တယ်။ ပေါ်လာမယ်ဆိုပြီးစောင့်နေတဲ့ခေါင်းလောင်း ထက် ပျောက်သွားတော့မယ် ၄၃၆ ပြင်ဆင် ရေးကို ပိုစိုးရိမ်တယ်။ ဆေးကြောင်တဲ့ကောင်ကသတ်လို့သေသွားတဲ့ မော်ဒယ်ကောင်မလေးထက်အနာဂတ်ကို ဆေး သမားတွေ ပိုင်ဆိုင်သွားမှာ ပိုစိုးရိမ်တယ်။ နဂါးမောက်သီးတွေ ပဲ စိုက်တော့မယ်ဆိုပြီး ပေါတောတောပြောတက်တဲ့ သမ္မတထက် ဘယ်တုန်းကမှ နွားနို့ဝဝလင်လင် မသောက် ဖူးတဲ့ ငါ့နိုင်ငံသားတွေကို ပိုစိုးရိမ်တယ်။

No comments: