Monday, March 21, 2016

ကမ္ဘာ့ဆက်စီအကျဆုံး ဆရာဝန်နဲ့ ပေါ်တင်တွဲခုတ်နေတဲ့ အလှမယ်

၂၀၁၅ မယ်စကြာဝဠာဘွဲ့ကို ရရှိထားတဲ့ အလှမယ်နဲ့ တွဲခုတ်နေကြတာ ဖြစ်ပါတယ်။
play

ကမ္ဘာ့စွဲဆောင်မှု အရှိဆုံး ဆရာဝန်ဆိုပြီး အမျိုးသမီးထုအကြား ရေပန်းခဲ့တဲ့ ရုရှားနွယ်ဖွား ဆရာဝန်လေးဟာ ချစ်သူသစ် ရသွားခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ချစ်သူက ပူပူနွေးနွေး မယ်စကြဝဠာဖြစ်ထားတဲ့ ဖိလစ်ပိုင်အလှမယ် ပီယားဖြစ်ပါတယ်။
play

၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ ဆွဲဆောင်မှု အရှိဆုံး ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်ကို People မဂ္ဂဇင်းက ရုရှား ဆရာဝန် မစ်ခ်ဟေးထံ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီကစလို့ ဒေါက်တာမစ်ခ်ဟေးလည်း အမျိုးသမီးထုအကြားမှ လူသိများပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့တာပါ။
play

ချစ်သူအသစ်စက်စက်ဖြစ်တဲ့ အလှမယ်ပီးယာကလည်း နာမည်ကြီး တစ်ယောက်ပါပဲ။ ၂၀၁၅ အလှမယ်ရွေးပွဲမှာ အစီအစဉ်တင်ဆက်သူရဲ့ မှားယွင်းကြေငြာမှုကြောင့် ပရိသတ်အားလုံး သတိထားမိခဲ့တဲ့ Miss Universe 2015 ပြိုင်ပွဲမှာ သရဖူဆောင်းထားသူ ဖြစ်ပါတယ်။ ဒေါက်တာ မစ်ခ်ဟေးကလည်း သူတို့စုံတွဲကိစ္စကို မလျှို့ဝှက်ထားခဲ့ပါဘူး။
play

အင်စတာဂရမ်အကောင့်မှာ စုံတွဲပုံတောင် တင်ခဲ့ပါသေးတယ်။
play

Source & Photos : Daily Mail

No comments: