Tuesday, January 12, 2016

အရင်က လွှတ်တော်ကို အပြစ်တင်ခဲ့ပြီး NLD နိုင်မှ စကားရှေ့နောက်မညီ ဖြစ်လာတဲ့ ဦးကိုနီ Jan 12, 2016




Tuesday, 12 Jan 2016

ကာလုံဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဝေဖန်သူအများအပြားကို သတင်းမီဒီယာများမှာ တွေ့ရပါတယ်။ အများစု ကတော့ NLD ပါတီဝင်တွေနဲ့ ၎င်းတို့ရဲ့ နီးစပ်သူတွေပဲဖြစ်ပါတယ်။ ဝေဖန်သူများဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေးမဏ္ဍိုင်ကို အရေးမပါကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသော်လည်း ယခု အချိန်မှာတော့ ယင်းမဏ္ဍိုင်နှစ်ခုက တိုင်းပြည်အတွက် အလွန်အရေးကြီးကြောင်းနဲ့ ကာလုံဥပဒေကြောင့် ယင်း မဏ္ဍိုင်နှစ်ခုကို ထိခိုက်စေနိုင်ကြောင်း စကားရှေ့နောက်မညီ ပြောဆိုလာကြပြန်ပါတယ်။ ဒီလိုပြောဆိုသူများ ထဲမှာ NLD ရဲ့ ဥပဒေအကြံပေး ထိပ်တန်းပုဂ္ဂိုလ် ဦးကိုနီလည်းပါပါတယ်။

ကာလုံဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဦးကိုနီက သမ္မတဟာ နိုင်ငံရဲ့အကြီးအကဲဖြစ်ကြောင်း၊ နိုင်ငံသားအားလုံးရဲ့ အထွတ်အထိပ်ဖြစ်ကြောင်း၊ အစိုးရအကြီးအကဲဖြစ်ကြောင်း၊ အခုလွှတ်တော်မှာ ကာလုံဥပဒေကြမ်းကို အတည်ပြုပါက နောက်တက်လာမယ့် NLD ဦးဆောင်တဲ့ လွှတ်တော် က ဖျက်သိမ်းဖို့ကြိုးစားသင့်ကြောင်း ပြောဆိုထား ပါတယ်။ ကာလုံဆိုတာ သမ္မတကို ကာကွယ်ပေးရမယ်၊ သမ္မတရဲ့ အထက်မှာ လက်ရှိ အခြေခံ ဥပဒေအရ လုံးဝရှိလို့မရကြောင်း ပြောဆိုထားပါတယ်။ NLD ရွေးကောက်ပွဲအနိုင်ရမှ သမ္မတဟာ နိုင်ငံရဲ့ အကြီးအကဲလို့ပြောဆိုလာပြီး သမ္မတမဲတစ်မဲရဖို့ ထောက်ခံပြောနေတာပါ။ "ကာလုံဆိုတာ သမ္မတ အထက်မှာ နေဖို့ ဥပဒေ၊ အဲဒီလို ဥပဒေမျိုး ပြဋ္ဌာန်းပြီးတော့ သမ္မတကို ထိန်းချုပ်ဖို့လုပ်တယ်" လို့ ၁.၁.၂၀၁၆ ရက်နေ့ မလေးရှားနိုင်ငံ စာပေဟောပြောပွဲမှာ ပြောခဲ့ပါတယ်။ ဒါဆို ဒေါ်စု ပြောတဲ့ သမ္မတအထက်မှာ နေမယ်ဆိုတာက ဘယ်ဥပဒေ၊ ဘယ်ဖွဲ့စည်းပုံနဲ့ တိုင်းမလဲ ဦးကိုနီပြောကြည့်ပါလား။

ဦးကိုနီဟာ ၂၀၁၅ ခုနှစ်ဇွန်လအတွင်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အတွက် သတ်မှတ်နည်းလမ်းအတိုင်း ပြင်ဆင် ခြင်း(Formal Way)နဲ့ သတ်မှတ်နည်းလမ်းအတိုင်းမဟုတ်ဘဲပြင်ဆင်ခြင်း (Informal Way)ဆိုပြီး ၂ နည်းရှိ ကြောင်း ပြောဆိုခဲ့ပါသေးတယ်။ Informal Way နည်းလမ်းတစ်ခုအနေနဲ့ ပုဒ်မ ၅၉(စ)ကို ဆိုင်းငံ့ဖို့ အတွက်လည်း ဦးကိုနီက အကြံပြုထားပါတယ်။ "ဆိုင်းငံ့ဖို့ မပါဘူးဆိုရင် မဆိုင်းငံ့ရဘူးလို့ကော ပါသလား။ အဲဒီလိုလဲ မပါပါ ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တိုင်းသူပြည်သားတွေရဲ့ဆန္ဒကို မှီပြီးတော့ လုပ်ရတာပါ။ ဒါဥပဒေကိုပြင်တာမဟုတ်ဘူး။ အဆိုတင်ပြီးတော့ ခေတ္တဆိုင်းငံ့တာ။ အဲဒီတော့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်က ပြည်သူလူထုက ရွေးထားတဲ့ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်ပဲ။ ဒါပြည်သူလူထုကို ကိုယ်စားပြုတဲ့ လွှတ်တော်။ ပြည်သူလူထုက မကြိုက်ဖူးဆိုတဲ့ အဓိပ္ပါယ်၊ ပြည်သူလူထုက ဆိုင်းငံ့မယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်သွားတယ်။ ရပ်လို့ရပါတယ်။" ဆိုပြီး VOA နဲ့ အင်တာဗျူးမှာ ဦးကိုနီက ဖြေကြားဖူးပါတယ်။

သူဖြစ်ချင်တဲ့ဥပဒေကျတော့ ဆိုင်းငံ့ဖို့လုပ်မယ်ပြောပြီး သူမလိုချင်တဲ့ဥပဒေကျတော့ ဒီလွှတ်တော်သက်တမ်း အတွင်း အတည်ပြုပါက နောက်လွှတ်တော်သက်တမ်းအတွင်း ဖျက်သိမ်းဖို့ကြိုးစားသင့်တယ်လို့ ပြောပြန် ပါတယ်။

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်စေမယ့် နည်းလမ်း ၃ ခုရှိတယ်ဆိုပြီး ချပြပါသေးတယ်။ ပထမ ၁ နည်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်တဲ့နည်း။ ဒုတိယနည်းကတော့ လက်ရှိ ဦးသိန်းစိန်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ဦးကို မြန်မာနိုင်ငံသားတွေအဖြစ် ပြန်လက်ခံဖို့။ ဒေါ်အောင်ဆန်းစုကြည် သား ၂ ဦးက မြန်မာနိုင်ငံသားအဖြစ် လက်ရှိအစိုးရဆီကို ပြန်လည်လျှောက်ထား လိုက်ရင် ၅၉(စ) မပြင်ဘဲ ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတ လွယ်လွယ်ကူကူဖြစ်သွားမှာလို့ ဆိုပါတယ်။ တတိယနည်းကတော့ NLD အစိုးရ၊ NLD သမ္မတ လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် သား ၂ ဦးကို နိုင်ငံသားအဖြစ် ပြန်လက်ခံပြီး NLD သမ္မတက ရာထူးဆင်းပေးလို့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် NLD အစိုးရလက်ထက်မှာ NLD လွှတ်တော်က တင်မြှောက်မယ်လို့ ပြောပါတယ်။ ဦးကိုနီဟာ ဥပဒေကို လိုသလို၊ မလိုသလို အသုံးချနေပြီး နည်းလမ်းတွေနဲ့ အယူဝါဒတွေကို လိုသလို အသုံးချနေပါတယ်။

ကာလုံဥပဒေမူကြမ်း မဲဆန္ဒယူရာမှာ နိုင်ငံတော်သမ္မတဟာ ဆန္ဒမဲမပေးရ၊ ဆန္ဒမဲတူညီနေမှသာ နိုင်ငံတော် သမ္မတက အဆုံးအဖြတ်ပေးရမှာဖြစ်ကြောင်း၊ ခြွင်းချက် (ဒါမှမဟုတ်) သဘောထားကွဲလွဲချက်များရှိပါက ကွဲလွဲချက်များကို ရေးသားဖော်ပြပြီး သက်ဆိုင်ရာကောင်စီဝင်များကို လက်မှတ်ရေးထိုးစေပြီး မှတ်တမ်းတင် ပူးတွဲဖော်ပြနိုင်ကြောင်း ရေးသားထားတယ်ဆိုပြီး ဦးကိုနီက လိုတစ်မျိုး၊ မလိုတစ်မျိုးလုပ်ပြီး ကန့်ကွက်နေခြင်း ဖြစ်ပါတယ်။

ဦးကိုနီဟာ ဖွဲ့စည်းပုံကို ပုဂ္ဂိုလ်စွဲနဲ့ပြင်ချင်တာဖြစ်ပါတယ်။ လက်ရှိသင်ကြားနေတဲ့ NLD ပါတီဝင်အမတ်လောင်း တွေကို သူဖြစ်ချင်တာတွေပဲ သင်ပေးနေတာပါ။ ဦးကိုနီရဲ့ ဘာမဟုတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြောင့် တစ်ကနေ ပြန်စရတော့မှာဖြစ်ပါတယ်။ ဦးကိုနီဟာ အရင်က လွှတ်တော်ထဲမှာ USDP အသာစီးရချိန်က လွှတ်တော်ကို ပယ်ပယ်နယ်နယ်တွယ်ခဲ့ပြီး အခု NLD နိုင်တော့မှ စကားတွေပြောင်းပြန်ပြောပြီး ဒီလို စကား ရှေ့နောက်မညီတဲ့ မွတ်ဆလင်တစ်ယောက်ကို ဆရာတင်နေရတဲ့ NLD အမတ်တွေဟာ ဘယ်လို အရည်အချင်းတွေ ရှိကြမယ်ဆိုတာ စဉ်းစားစရာဖြစ်သလို နောက်လာမယ့် ဥပဒေပြုရေးမဏ္ဍိုင်အတွက် ရင်လေးမိပါတယ်။

သူရိယမိုးဟိန်း

No comments: