Tuesday, January 12, 2016

ရှင်ဘာလုပ်ပေးမလဲ ပြည်သူတွေ စောင့်မျှော်နေကြပါတယ် .... Jan 11, 2016



.
မှတ်မိသေးတယ် ( ၈၈ ) ပြီးတော့ သူ့ကို အကျယ်ချုပ်ချ ထားတယ် … သူဘာပြောခဲ့လဲ … ကျမကို အကျယ်ချုပ်က လွတ်အောင်လုပ် ပေးကြပါ … ပြည်သူတွေ လိုအပ်တာ အားလုံးလုပ်ပေးမယ် …
နောက်ဆုံး စစ်အစိုးရကို ကမ္ဘာ့ခုံရုံး တောင် တင်ပေးတော့ မလိုလိုပေါ့ …
.
စတေးလိုက်ကြတဲ့ ခလေးတွေ … ပြည်သူတွေ …
ပျက်လိုက်ကြတဲ့ ဘ၀တွေ … ကျိုးလိုက်ကြတဲ့ အညွန့်တွေ… ကျောင်း တစ်ဝက် တစ်ပြက်တွေနဲ့ချည်းပဲ ထောင်ထဲမယ် …
.
မမှူဘူး မူပြောင်းချင်တာကိုး … ရဟန်းရှင်လူ ကျောင်းသားတွေ သွေးချောင်းစီး ရင်းပြီး … ပုခုံးထမ်းတင်ကြတယ် …
( လွတ်လာတယ် … ဘာမှမဖြစ်လာဘူး … သူ့အတွက် စတေး ခဲ့တဲ့ ကျောင်းသား ပြည်သူတွေ အတွက် ဘာတစ်ခုမှ ပြန်မပေးဆပ်ဘူး )
(((( ပြည်သူတွေကလည်း သူဘာလုပ်ပေးတော့မလဲ စောင့်နေတယ် …. မဟုတ်သေးဘူးတဲ့ ))))
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
နောက်တစ်ဆင့်တက်ပြန်တယ် …
ကျမဘာမှလုပ်လို့မရဘူး ... ကျမကို လွှတ်တော်ထဲ ရောက်အောင် လုပ်ပေးပါ …
လွှတ်တော်ထဲရောက်မှ တင်ပြလို့ ရမှာပေါ့ …
ခြေဥရအောင်ပြင်မယ် …
ပြည်သူတွေ လိုတာအားလုံး လွှတ်တော်ကို တင်ပြ မယ် … အားလုံးပြောင်း လဲ စေရမယ် ……
.
သိပ်သနားစရာကောင်းတဲ့ နားယောင်လွယ်တဲ့ ပြည်သူတွေ …
ကိုယ်လုံးတီး ပုဆိုးစုတ်လေးတွေနဲ့ ထမင်းရည်သောက်ပြီး တွန်း တင်ကြ ပြန်တယ် ….
.
ရောက်သွားတယ် လွှတ်တော်ထဲ သူအပါအ၀င် လူ ( ၄၀ ) …
.
( ဘာမဟုတ်တဲ့ ချောက်တိချောက်ချက် စုတ်ချာချာ အမတ်တွေ အားလုံး သူတို့ဒေသတွေအတွက် လိုအပ်တာတွေ ပြည်သူဆီကလည်း အလှူခံတယ် လိုငွေကို လွှတ်တော်မှာတင်ပြကြတယ် အားလုံးမဟုတ်တောင် ထက်ဝက်ကျော်လောက်က လုပ်သင့်တာလုပ်တယ် တိုင်းရင်သား ပါတီတွေက အစ ) …
.
သူနဲ့ လူ ( ၄၀ ) ဘာလုပ်ခဲ့လဲ …
.
ရာဇ၀င်တွင်မယ့် တောင်းဆိုမှုကြီးတွေ တောင်းခဲ့တယ် … သူကိုယ်တိုင် ကို တရားဥပဒေစိုးမိုးရေး ဥက္ကဌ ရာထူး ပေးထားတယ် ... တရား ဥပဒေစိုးမိုးရေး ဆိုတာကို ပစပ်ဖျားက မချလို့ ....
ဘာတရားဥပဒေစိုးမိုးရေးမှလုပ်ခဲ့တာ ပြစရာမရှိဘူး ....
- သူကိုယ်တိုင်က ရှိပြီးသားဥ့ဒေကို ပြဌါန်းဘို့တင်ပြတယ်
( လွှတ်တော် အမတ်လုပ်ပြီး အတိုက်အခံခေါင်းဆောင် လုပ်ပြီး ကိုယ့်နိုင်ငံ မှာ ပြဌါန်းပြီးသား ဥပဒေကို မသိတာ လောကမှာ သူတစ်ယောက်ပဲရှိလိမ့်မယ် )
.
နောက်လိုက်တွေကလည်းမခေဘူး …
- ပြည်သူ ၁% က အမတ်ကိုဖြုတ်ချလို့ ရတယ်ဆိုတာ များတယ် ၂၀% ဖြုတ်ချမှ ရမယ်လို့ပြောင်းပေးပါ တို့
- အမတ်တွေ လစာတိုးပေးပါ တို့
- တောင်သူလယ်သမားနေ့ကို လယ်သမားတွေသတ်မှတ်ပေးပါတို့
- ဆရာ ဆရာမများကို သင်ကြားပို့ချသူလို့ ပြောင်းခေါ်ပါတို့
- ( ၃၈ ) ပိုဒ်ပဲ ရှိတဲ့ ဥပဒေတင်ပြတာကို … အပိုဒ် ( ၄၂ ) ကို ကန့်ကွက်ပါတယ်တို့စတဲ့ တိုင်းကျိုးပြည်ပြုတွေကိုတင်ပြခဲ့တယ် ….
.
( သူတို့အဖွဲ့ လွှတ်တော်ထဲ နေခဲ့တဲ့ သက်တမ်း တစ်လျှောက် မှတ်တိုင်တစ်ခု စိုက်နိုင်ခဲ့တယ် … အဲ့တာက … လွှတ်တော်ထဲ မှာ ပေါက်လွှတ်ပဲစား အဆန်ဆုံး စည်းကမ်း အမဲ့ဆုံးပါတီ တဲ့ )
.
ဒီလိုနဲ့ပဲ … လွှတ်တော်ထဲရောက်ပြီး ဒေါ်ညိုညိုသင်းနဲ့ ကိုရီးယား ကားတွေရိုက်ပြီး …
.
လွှတ်တော် အပြင်ဘက် ကားထဲက တိတ်တခိုး အသံဖိုင်တွေ ထွက်လာ ခဲ့တယ် …
(((( ပြည်သူတွေက သူဘာလုပ်ပေးတော့မလဲ ရင်ခုန်စွာ စောင့်နေကြပြန်တယ် …. မဟုတ်သေးပြန်ဘူးတဲ့ ))))
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
ထပ်ပြောပြန်တယ်
ကျမသမ္မတဖြစ်မှ လုပ်ပေးလို့ရမယ် … ပြည်သူ့အာဏာကို ပြည်သူတွေ လက်ထဲထည့်ပေးချင်တယ် … ကျမကိုသမ္မတဖြစ်အောင်လုပ်ပေးကြ ... ရှင်တို့လိုတာပေးမယ်တဲ့ ... တိန် ( စတေးလို့ပဲမ၀နိုင်တဲ့ မိန်းမ )
.
ထားပါတော့ ... ပြည်သူတွေနောက်ဆုံးအားနဲ့ နောက်ဆုံးထွက်သက်အနေနဲ့ မဲပေးခဲ့တယ် .... သူတို့ပါတီ မဲအပြတ်အသတ်နိုင်သွားတယ် .... သူတို့ အစိုးရဖွဲ့နိုင်ပြီ ...
.
လတ်တစ်လောလွှဲပြောင်းရေးကာလ .... လာမယ့်လ ၁ရက်နေ့မှာ အမတ်အသစတွေ လွှတ်တော် စတက်ရတော့ မယ် .... ခုထိ သူတို့အစိုးရ ရဲ့ သမ္မတ နဲ့ ဒု သမ္မတ ရာထူး လူတွေ လိုက်စုနေတုန်း ... လုပ်မယ့်သူ မရှိသေးဘူး .... တရားဝင်ချပြလို့ မရသေးဘူး ...
.
( ၂၈ ) နှစ်တိတိ ဘာလုပ်နေခဲ့လဲ ... ဘာစည်းမျဉ်းစည်းကမ်းဥပဒေ မူဝါဒမှမရှိဘူး .... ပါတီထောင်ထားတဲ့ ( ၂၈ ) နှစ်အတွင်း ... အမတ်တွေရှာထားတာ
.
( ၃ ) တန်းအောင် အေအိုင်ဒီအက် ဆံပင်ညှပ်သမား ဆိုက္ကားသမား အချောက် လူလိမ် ... နာမည်ပျက်နဲ့ တာဝန်ကနေ အနားယူခိုင်းခံရသူတွေ ချည်းပဲ .... ဒါလား ၂၈ နှစ်လုံးလုံး မနားမနေ အနစ်နာခံပြီး အရည် အချင်းပြည့်ဝ တဲ့ အမတ်တွေစုထားတာ
.
ဟော အာဏာရတော့မယ်လည်းဆိုရော …ယ္ခင်ပြောခဲ့တာတွေကတိတွေနဲ့ ဆန့်ကျင်ဘက် … တွေစလုပ်တော့တယ် …
ထိုင်းကခလေး နှစ်ယောက်ကိစ္စ …. သူတို့ပါတီအစိုးရသစ်တက်တော့မှာတဲ့ … ထိုင်းနဲ့အမုန်းမခံနိုင်ဘူးတဲ့ …
( ထိုင်းကိုရောက်တုန်းက ထိုင်းက မတ၇ားခိုင်းခံရ မတရားခံနေရတဲ့ မြန်မာအလုပ်သမားတွေအတွက်ဆိုပြီး သူကိုယ်တိုင်ပေးခဲ့တဲ့ကတိ သူမေ့သွားပြီ ) ….
ဆိုလိုတာ သူရှိနေတဲ့ ၅နှစ်အတွင်း ဘင်္ဂလားနဲ့အစ အမုန်းမခံပဲ သူတို့ကြိုက်တာလုပ်ကြ တောင်းကြ စတေးကြ … ၀င်မပါဘူး အဆင်ပြေအောင် လုပ်ပေးမယ် တောင်းတာ ပေးမယ်ပေါ့လေ …
.
ထားတော့ ဟိုတစ်နေ့က ရခိုင်က သူပုန်တွေကိစ္စ မေးတယ် …
ကျမတို့က ( ၅ ) နှစ်ပဲတာဝန်ယူရမှာ သူပုန်နဲ့ရော ဘယ်သူနဲ့မှ အမုန်းမခံနိုင်ဘူး … အားလုံးနဲ့ အဆင်ပြေအေင်နေရမယ် …ကျမတို့ အလုပ်မဟုတ်ဘူး ၀င်မပါနိုင်ဘူးတဲ့ … သူပုန်နဲ့လဲ မိတ်အပျက်မခံနိုင်ပါဘူးတဲ့…..
.
******* ((((((( ၅ - နှစ်ပဲ တာဝန်ယူရမှာမို့မလုပ်ပေးနိုင်သေးပါဘူးတဲ့ ရှင် .... )))))))
.
အိုဘယ့် ….. ရှင်ဘို့မယ်ဒေါ်စု …. ရှင်က ဘယ်အခြေအနေအထိ ဆက်တောင်း နေအုန်းမှာတုန်း … ဘယ်အခြအနေရောက်မှ စလုပ်မှာတုန်း …
.
ပြည်သူတွေကရော ဘယ်အတိုင်းအတာထိ ထမ်းတင်ပေးရ အုန်းမှာတုန်း … ကျမတို့ပြည်သူတွေ ရဲ့ သွေး ချွေး ဘ၀တွေနဲ့ရင်းလို့ … ရခဲ့တဲ့ ဆုပေါင် ( ၁၄၇ ) ဆုထဲက …
.
ပြည်သူကို ထမင်းရည်တစ်စွန်းတောင် တိုက်ဖို့စေတနာရှိခဲ့ရဲ့လား ….
.
( ၇သမျှဆုတွေကို သူ့သားကြီး နဲ့သူ့သားငယ်က လက်ခံပြီး နိုင်ငံခြား ဘဏ်ထဲ တန်းထည့် ခဲ့တာပဲမဟုတ်လား )
.
ဒီတော့ .....
သူအထင်မကြီးတဲ့ သူသိတ်ရွံတဲ့ ကျမတို့ ရဟန်း ရှင်လူ ပြည်သူတွေရဲ့ အသက် သွေး ချွေးတွေနဲ့ ရင်းပြီး၇လာတဲ့ ဆုတွေ ငွေတွေနဲ့ …
အစားအသောက်တောင် မြန်မာ့အစာ မသတီလို့ နိုင်ငံခြားကမှာစားပြီး သူ့မိခင်နိုင်ငံ အင်္ဂလန် သံရုံးရဲ့ အတွင်းဝန်ကို သူသိတ်ရွံ တဲ့ပြည်သူတွေကို စိတ်မချလို့ အနားခေါ်ထား တဲ့ … မိန်းမတစ်ယောက်
.
ကျမတို့နိုင်ငံရဲ့သယံဇာတတွေနဲ့ အာရှကို အရှေ့အလယ်ပိုင်းလို့ မငြိမ်းသောစစ်မီးတွေနဲ့ မွှေးပေးထားပြီး သယံဇာတတွေကို အချိုအချောင်ယူ လက်နက်တွေဈေးကြီးနဲ့ရောင်း … မိမိတို့နိုင်ငံတွေအင်အားကြီးအောင်လုပ်ဖို့ချောင်းနေသူတွေကို ကျမတို့နိုင်ငံအတွက် အခြေခံဥပဒေကို ဆွဲခိုင်းသောသူ …..
.
အဲ့ဒီ အခြေခံဥပဒေဆွဲတဲ့နိုင်ငံတွေ ကိုယ်တိုင်လက်မခံတဲ့ …. သူတို့ရေးပေး တဲ့ အခြေခံဥပဒေမှာကို … ထည့်မထားတဲ့ ….
မည်သည့် နိုင်ငံခြားသားမဆို မြန်မာနိုင်ငံ သမ္မတ ဖြစ်ခွင့်ရှိတယ်
ဆိုတဲ့ ဥပဒေကို ထပ်ဖြည့်ခိုင်းနေတဲ့ မိန်းမ ကို ကျမက လက်မခံနိုင်တာ ကျမ မမှားဘူးရယ် ။
.
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.
နောက်ဆုံးတော့ ........
မိမိတို့ကိုယ်တိုင် လက်ရှိကိုးကွယ်နေတဲ့ ဘုရားကို စင်ပေါ်ကန်ချလို့
ပြောင်းလဲတာ ခရီးရောက်စ ပြုနေတဲ့ သူတွေကို အရင်က အာဏာရှင်အဖွဲ့ဝင်တွေပါဆိုပြီး တံဆိပ်ကပ် ဖြုတ်ချ ….
အဲ့ဖြုတ်ချတဲ့သူတွေကို ပဲ ကျမ လက်အောက်မှာ လာလုပ်ပါဆိုပြီး လိုက်ခေါ် နေတဲ့ ….
.
သက်ဦးဆံပိုင် …. ရေမြေ့သနင်း ပြည့်ရှင်မင်း ….
တဏှာရူး အာဏာရူး ဘ၀င်ရူး အရူးစုံ ရူးနေတဲ့ ......
လောဘဒေါသ မောဟ ကြီးမားသူ အန္ဓဗာလ တစ်ယောက်ကို ဘုရားရဲ့ အထက်မှာ ထားပြီး ဘုရင်အဖြစ် တင်မြှောက်လိုက်ကြ လေ သတည်း ပေါ့ ….
.
( ဆက်စောင့်ကြပေအုန်းတော့ သူဘာလုပ်ပေးမလဲလို့ )
.
ခွစ်ဒစ် မယ်

No comments: