Tuesday, January 12, 2016

NLD ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတွင် အစိုးရနှင့် လွှတ်တော်ဖွဲ့စည်းရေးဆွေးနွေးသော်လည်း အတည်မပြုနိုင်ဟုဆို


ယနေ့ပြုလုပ်သော NLD ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတွင် အစိုးရဖွဲ့စည်းရေး၊
လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌ ပါဝင်သော လွှတ်တော်ဖွဲ့စည်းရေးနှင့် မလိုအပ်သည့်ဝန်ကြီးဌာန နှစ်ခုခန့်ကို ဖျက်သိမ်း၍ အခြားဝန်ကြီးဌာနတို့ဖြင့် ပူးပေါင်းရန်ဆွေးနွေးခဲ့ကြသော်လည်း အတည်ပြုဆုံးဖြတ်နိုင်ခြင်းမရှိသေးကြောင်း ဦးဥာဏ်ဝင်းက The Voice သို့ ပြောကြားသည်။

အစည်းဝေးကို နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ပြုလုပ်ခဲ့ပြီး ၂ နာရီခွဲခန်ကြာမြင့်ခဲ့ကြောင်း ၄င်းကဆိုသည်။

အစိုးရဖွဲ့စည်းရေးတွင် ရွေးချယ်ထားသောကာယကံရှင်တို့၏ လက်ခံမှု၊ လက်မခံမှု ကို မသိရသေးသောကြာင့် နောက်တစ်ကြိမ် ထပ်မံကျင်းပမည့် ဗဟိုအလုပ်အမှုဆောင်
အဖွဲ့အစည်းအဝေးကို ပြုလုပ်ရန်ပင် အခက်အခဲရှိနေကြောင်း ၄င်းက မီဒီယာများသို့ ပြောကြားသည်။

( Credit - The Voice weekly )

မူရင်းလင့် -

https://www.facebook.com/thevoiceweekly/photos/a.164790403541227.32157.158797964140471/1073747242645534/?type=3


No comments: