Tuesday, January 12, 2016

လူမှုအဖွဲ့အစည်း အမည်ခံတွေဟာ ကန့်လန့်တိုက်ဖို့သက်သက်သာ Jan 11, 2016


10-1-2016


ဇန်နဝါရီလ ၁၂ ရက်နေ့မှာ လုပ်မယ့် ငြိမ်းချမ်းရေးညီလာခံကို လူမှုအဖွဲ့အစည်း ၁၂၀ ကျော် ကန့်ကွက်ဆိုပြီး သတင်းလေးတွေ ကြားနေရတယ်။ ဒီအဖွဲ့အစည်း ၁၂၀ ကျော်ဆိုတဲ့ အစုအဖွဲ့ကို ဦးဆောင်သူက ဒေါ်ခင် ဥမ္မာလို့ ပြောတယ်။ ဒေါ်ခင်ဥမ္မာဆိုတာ ဘယ်သူလဲဆိုတော့ ကျောင်းသားသူပုန်အဖွဲ့ခေါင်းဆောင် ဒေါက်တာ နိုင်အောင်ရဲ့ မိန်းမဖြစ်တယ်။ ဒေါက်တာနိုင်အောင်ဆိုတာက ကျောင်းသား သူပုန်တွေ မြောက်ပိုင်းဒေသမှာ အစုလိုက်အပြုံလိုက်သတ်ခဲ့တဲ့ လူသတ်ပွဲအတွက် တာဝန်ရှိသူဖြစ်ပြီး ခင်ဥမ္မာကတော့ အရင်က မြေအောက် လှုပ်ရှားမှုကို တာဝန်ယူခဲ့သူ။ အခုအချိန်မှာတော့ မိုးသီးဇွန်နဲ့ ချိတ်ဆက်ပြီး မြန်မာနိုင်ငံမှာ တက်ကြွလှုပ်ရှားသူ များဆိုတဲ့ ခေါင်းစဉ်တွေနဲ့ အဖွဲ့မျိုးစုံဖွဲ့စည်းပြီး လှုပ်ရှားနေတယ်။ လက်ပံတောင်းဒေသမှာ ဆန္ဒပြမှုတွေကို ဦးစီးနေတဲ့ ဟန်ဝင်းအောင်ကို ထောက်ပံ့သူက ခင်ဥမ္မာ၊ ခင်ဥမ္မာရဲ့ ပြည်ပစပွန်ဆာကတော့ မိုးသီးဇွန်။သူတို့တွေဟာ မြို့ထဲအထိ SSPP သူပုန်တွေ ဗုံးလာခွဲတုန်းက ငြိမ်နေခဲ့တယ်။ ဖုန်ကြားရှင်အဖွဲ့တွေ လောက်ကိုင်မြေကို ဒုက္ခပေးတုန်းက ငြိမ်နေခဲ့တယ်။ အခုလည်း တစ်နိုင်ငံလုံးဟာ ထိုင်းမှာ မတရားအမိန့်ချ ခံ ထားရတဲ့ ရခိုင်ညီငယ် နှစ်ဦးအတွက် လှုပ်ရှားနေချိန် ဒီအဖွဲ့အစည်းတွေ ပါးစပ်ပိတ်နေကြတယ်။

AA လို့ ခေါ်တဲ့ ရခိုင်ဓါးပြတွေ မဟာမြတ်မုနိဘုရားနားအထိ လာသောင်းကျန်းတာကိုငြိမ်နေကြတယ်။ ဒါပေမယ့် လိုင်ဇာက သူပုန်သင်တန်းကျောင်းကို တပ်မတော်က အမြောက်နဲ့ပစ်တုန်းကလိုမျိုး၊ SSPP ကို လေယာဉ်နဲ့ ပစ်တာမျိုး တို့ဆိုရင် စစ်ပွဲတွေရပ် ခေါင်းစဉ်နဲ့ စတင်လှုပ်ရှားပါတော့တယ်။ အခုလည်း ကေအိုင်အေနဲ့ “ဝ” အကြိုက် နိုင်ငံရေးလှုပ်ရှားမှု လုပ်ကွက်ပြတဲ့အနေနဲ့ ငြိမ်းချမ်းရေးညီလာခံကို ကန့်ကွက်တယ်လို့ ပြောတာဖြစ်တယ်။

တကယ်ဆို မြန်မာနိုင်ငံမှာ ဦးသိန်းစိန်အစိုးရအဖွဲ့တက်လာပြီးနောက်ပိုင်းမှာ ပွင့်လင်းမှုကို ဦးစားပေးခဲ့တဲ့ အတွက် အခုလို အရပ်ဘက်လူမှုအဖွဲ့ အစည်းဆိုတာတွေ မရေတွက်နိုင်အောင် ပေါ်ပေါက်လာခဲ့တယ်။ လူမှု အဖွဲ့အစည်းနာမည်သုံးပေမယ့် ပရဟိတအသင်းအဖွဲ့တွေလို နာ/ကူ လိုအဖွဲ့မျိုးတွေနဲ့ လှုပ်ရှားမှုချင်း တူညီမှု မရှိဘဲ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ကွန်ရက်ချိတ်ဆက်ထားတယ်။ အများဆုံးကတော့ တိုက်ပွဲဖြစ်နယ်မြေ တွေမှာ ဒုက္ခသည်အကူအညီပေးရေးဆိုတဲ့ ခေါင်းစဉ်ပြပြီး အလှူခံတယ်။ ပြီးတော့ အစိုးရတပ်တွေကြောင့် ဆိုတဲ့ သတင်းထုတ်လွှင့်မှုတွေ ဒိုင်ခံပြုလုပ်ပေးကြတယ်။ နောက်တစ်ခုကတော့ ဆန္ဒပြမှုတွေ ဖြစ်ပါတယ်။

အစိုးရနဲ့ တိုက်ရိုက်သက်ဆိုင်ပြီး ဖြစ်လာတဲ့ ပြည်သူလူထုကြားက ပြဿနာမျိုးတွေဖြစ်တဲ့ လယ်မြေကိစ္စမျိုး တွေမှာ ဒီလို လူမှုအဖွဲ့အစည်းတွေဟာ ဆန္ဒပြဖို့ နဲ့ ထွန်တုံးတိုက်ပွဲဆိုတာမျိုးတွေ လုပ်ကြဖို့ ငွေအား၊ လူအား စိုက်ထုတ်ပေးကြပါတယ်။
အရင်တုန်းကလည်း မျိုးစောင့်ဥပဒေကို ကန့်ကွက်မှုပြုခဲ့တဲ့ အဖွဲ့အစည်း ၉ဝ ကျော်ဟာလည်း အခု ငြိမ်းချမ်းရေး ညီလာခံကို ကန့်ကွက်တဲ့ လူမှုအဖွဲ့အစည်း ၁၂၀ ထဲကပဲ ဖြစ်နေတာ တွေ့ရမှာပါ။ များသောအား ဖြင့်တော့ လူ ၅ ယောက်လောက်နဲ့ ထောင်ထားတဲ့ အဖွဲ့ဆိုတာမျိုးတွေ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ဘာမှအလုပ်မရှိ အကူအညီမပေးဘဲ ရှိနေတဲ့ အဖွဲ့သက်သက်ဆိုတာ တွေ့ရမယ်။ ဒါပေမယ့် ထူးဆန်းတာတစ်ခု ဖြစ်ခဲ့သေး တယ်။ မျိုးစောင့်ဥပဒေကို ကန့်ကွက်မှုကို အောင်မျိုးမင်းဆိုတဲ့ လိင်တူစိတ်ဝင်စားသူတစ်ဦးနဲ့ ပြည့်တန်ဆာ အရေးလှုပ်ရှားသူ ခင်လေးတို့ အဖွဲ့တွေက ဦးဆောင်ခဲ့ပြီး သူတို့ကို ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် အဆောက်အဦ အိုင် ၁၂ ထဲအထိ ခေါ်ယူတွေ့ဆုံပြီး ချီးကျူးခဲ့တယ်ဆိုတာပဲ။

အခုလည်း သောင်းကျန်သူ ဆန္ဒနဲ့အညီ ညီလာခံ မဖြစ်မြောက်စေချင်တဲ့ သဘောကို သူပုန်ဟောင်းမိန်းမရဲ့ ဦးစီးပြီး ကန့်ကွက်တယ်ဆိုတာ အစိုးရကို မြေပေါ်မြေအောက် ညှပ်ပြီး ဖိအားပေးချင်တဲ့ လုပ်ရပ်ဆိုပေမယ့် ကံကောင်းတာက ဒီအဖွဲ့အစည်း ၁၀၀ ကျော်ဆိုတာကို ဘယ်သူမှ မမြင်ဖူး မကြားဖူးဘူးတာ ဖြစ်နေတာပဲ။ အားလုံးသတိထားရမှာက ဒီလို လူမှုအဖွဲ့အစည်းဆိုတာတွေက မြန်မာနိုင်ငံအတွက် မဟုတ်ဘဲ နယ်စပ်က သူပုန်တွေနဲ့ ချိတ်ဆက်ထားတဲ့ ကွန်ရက်တွေပဲ ဆိုတာ သိသာစေချင်တာ။ မြန်မာနိုင်ငံအရေးမှာ ကန့်လန့်တိုက်ဖို့၊ ပွဲမဆူ ဆူအောင် ဖွဖို့၊ အလှူခံ ကိုယ်ကျိုးရှာဖို့၊ သက်သက်သာသာ လေသုံးပြီး လှုပ်ရှားနေတဲ့အဖွဲ့ တွေပဲဆိုတာ ပြည်သူတွေကို သိစေချင်လို့ ဒီစာကိုရေး လိုက်တယ်။

Kaung San

No comments: