ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တစ်လျှောက် အကောင်းဆုံးအသင်းတွင် လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းမှ MSN တိုက်စစ်မှ တစ်ဦးမှ မပါဝင်သလို၊ ဘာစီလိုနာကစားသမားများလည်း ပါဝင်ခြင်းမရှိ
=================================
ဥရောပ ဘောလုံးအဖွဲ့ချုပ်(UEFA)သည် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တစ်လျှောက် ခြေစွမ်းပြသူများကို စုစည်းကာ အကောင်းဆုံး အသင်းကို ရွေးချယ်ခဲ့ရာ လက်ရှိချန်ပီယံအသင်းမှ နာမည်ကျော် MSN တိုက်စစ်အတွဲအပါအ၀င် ဘာစီလိုနာအသင်းမှ ကစားသမား တစ်ဦးမှ ပါဝင်လာခြင်းမရှိကြောင်း သိရသည်။
UEFA သည် အကောင်းဆုံးအသင်းကို ၄-၃-၃ ကစားကွက်ဖြင့် ရွေးချယ်ခဲ့ပြီး တိုက်စစ်တွင် ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်လ်ဒို၊ ဇင်းနစ်တိုက်စစ်မှူး ဟော့ခ်၊ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး မူလာတို့ ပါဝင်ခဲ့သည်။
ကွင်းလယ်(၃)ဦးတွင် မန်စီးတီး တောင်ပံကစားသမား စတာလင်၊ ချယ်လ်ဆီး တောင်ပံကစားသမား ၀ီလီယံ၊ ဂျန့်ကွင်းလယ်လူ ဆဗန်ကမ်စ်တို့ ပါဝင်ခဲ့သည်။
ဂိုးသမားအဖြစ် PSG ဂိုးသမား ထရပ်က ရွေးချယ်ခံရပြီး ခံစစ်ပိုင်းတွင် ဘိုင်ယန်မြူးနစ်နောက်ခံလူ အလာဘာ၊ အက်သလက်တီကို နောက်ခံလူ ဂိုဒင်၊ PSG နောက်ခံလူ သီယာဂိုဆေးလ်ဗား၊ ဂျူဗင်တပ်စ် နောက်ခံလူ ဘာဇာဂလီတို့ ပါဝင်ခဲ့ကြောင်း သိရသည်။
Photo: UEFA
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, December 16, 2015
ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တစ်လျှောက် အကောင်းဆုံးအသင်းတွင် လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းမှ MSN တိုက်စစ်မှ တစ်ဦးမှ မပါဝင်သလို၊ ဘာစီလိုနာကစားသမားများလည်း ပါဝင်ခြင်းမရှိ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment