Monday, December 21, 2015

International Champions Cup တွင် မဲလ်ဘုန်းနှင့်အတူ စပါး၊ ဂျူဗီတို့ပါဝင်ယှဉ်ပြိုင်မည် ---------------

International Champions Cup တွင် မဲလ်ဘုန်းနှင့်အတူ စပါး၊ ဂျူဗီတို့ပါဝင်ယှဉ်ပြိုင်မည်
----------------------------------------------
လာမည့်နှစ်တွင် သြစတြေးလျ နိုင်ငံ၌ ကျင်းပမည့် International Champions Cup ပြိုင်ပွဲတွင် မဲလ်ဘုန်းအသင်းနှင့်အတူ ဥရောပ ထိပ် သီးအသင်းများဖြစ်ကြသည့် စပါး၊ ဂျူ ဗင်တပ်စ်တို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူ များက အတည်ပြုထုတ်ပြန်ခဲ့သည်။

အဆိုပါပြိုင်ပွဲကို လာမည့်နှစ်၊ ဇူ လိုင်လအတွင်း ကျင်းပမည်ဖြစ်ပြီး
အသင်း(၄)သင်းပါဝင်မည်ဖြစ်သလို တတိယမြောက် ဥရောပကလပ်ကို ဖေဖ်ာဝါရီလတွင် ကြေညာမည်ဟုသိရသည်။ အဆိုပါပြိုင်ပွဲကို ယခင်က အ မေရိကန်နိုင်ငံတွင်သာ ကျင်းပခဲ့ပြီး ယခုနှစ်မှသာ သြစတြေးလျနိုင်ငံက လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့ သည့်ဇူလိုင်လအတွင်းက ကျင်းပခဲ့ သည့် ICC ပြိုင်ပွဲတွင် ရီးယဲလ်၊ မန်စီးတီး၊ ရိုးမားအသင်းတို့ပါဝင်ခဲ့ပြီး ယင်း ပွဲစဉ်များကစားခဲ့သည့် မဲလ်ဘုန်း ခရစ်ကတ်ကွင်းအတွင်း စုစုပေါင်း ပရိ သတ်(၂)သိန်းကျော် လာရောက်အား ပေးခဲ့ကြောင်းသိရသည်။ လာမည့်နှစ် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် သြစ တြေးလျအေလိဂ်ချန်ပီယံ မဲလ်ဘုန်း အသင်းမှာ ဇူလိုင်လ(၂၃)ရက်နေ့၌ အီတလီထိပ်သီး ဂျူဗင်တပ်စ်အသင်း နှင့် အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းသိရသည်။

No comments: