ရွှေကူတွင် ဖခင်က သမီးနှစ်ဦးကို ဓားဖြင့်ခုတ်သတ်
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ကချင်ပြည်နယ်၊ ရွှေကူမြို့၊ စည်သာကျေးရွာအုပ်စု၊ မန်းနားကျေးရွာရှိ နေအိမ်တစ်လုံးတွင် ဒီဇင်ဘာ ၂၃ ရက်၊ နံနက် ၇ နာရီခွဲတွင် အသက် ၄၀ အရွယ် ဖခင်ဖြစ်သူက အသက် ၈နှစ်နှင့် ၁၃နှစ်အရွယ် သမီးနှစ်ဦးကို ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်ခဲ့ကြောင်း ရွှေကူမြို့နယ် ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။
ယင်းကျေးရွာတွင် နေထိုင်သော ဦးမောင်လွင်မှာ ဇနီးသည်နှင့် အခြားသားသမီးများမရှိခိုက် နေအိမ်တွင် ၎င်းနှင့်အတူ ကျန်ခဲ့သော ၎င်းနှင့်အတူရှိနေသော အသက် ၁၃ နှစ်အရွယ် မဇင်မာဌေးနှင့် အသက် ၈ နှစ်အ ရွယ် မခိုင်ဇာဌေးတို့နှစ်ဦးကို အရှည်တစ်ပေခွဲခန့်ရှိ ထင်းခုတ်ဓားမဖြင့် ခုတ်သတ်ခဲ့ကြောင်းရွှေကူမြို့ မရဲစခန်း ထံမှ သိရှိရသည်။
“ သူ့မှာ သားသမီးက ၅ယောက် ၊ ဇနီးနဲ့ အခြားသားသမီးတွေ အပြင်ထွက် အလုပ်လုပ်နေတုန်း သူက စိတ်ဖောက်ပြန်ပြီး သမီးနှစ်ယောက်ကို သတ်လိုက်တာ ၊ ညနေပိုင်း သူ့ကိုစခန်းမှာ ခေါ်စစ်တော့ လူက ပုံမှန်ပြန်ဖြစ် သွား ပြီး သူ့သမီးနှစ်ယောက်ကို သတ်တယ်လို့ ဝန်ခံတယ်” ဟု ရွှေကူမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်နုက ပြောသည်။
ဓားဖြင့်ခုတ်ခံရသဖြင့် ၇ တန်းကျောင်းသူ မဇင်မာဌေး၏ ဦးခေါင်းထိပ်၊ ကျောကုန်း၊ ပါးတို့တွင် ပြတ်ရှ ဒဏ်ရာများ၊ ဒုတိယတန်းကျောင်းသူ မခိုင်ဇာဌေးတွင် လည်ပင်းပြတ်လုဒဏ်ရာ၊ ဝဲလက်ကောက် ပြတ်ရှဒဏ်ရာ၊ ဦး ခေါင်းပြတ်ရှဒဏ်ရာ များဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ လူသတ်မှုကျူးလွန်သော ဖခင်ကို (ပ) ၁၆၅။၁၅ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှု ဖွင့်စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။
No comments:
Post a Comment