Friday, December 4, 2015

ငါးထောင်တန်ငွေဒင်္ဂါးထုတ်ဝေခဲ့ခြင်းမှာ ဥပဒေနှင့်ညီဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌပြော ++++++++++++++++++++++++

ငါးထောင်တန်ငွေဒင်္ဂါးထုတ်ဝေခဲ့ခြင်းမှာ ဥပဒေနှင့်ညီဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌပြော
++++++++++++++++++++++++++++++++++++++++++
ရန်ကုန်၊ ဒီဇင်ဘာ ၃-ပြည်ထောင် စုအစိုးရအဖွဲ့ပထမသက်တမ်းအ ထိမ်းအမှတ်အဖြစ် ကျပ် ၅၀၀၀ တန် ငွေဒင်္ဂါးထုတ်ဝေခဲ့ခြင်းမှာ ဥပဒေ နှင့်ညီကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦးစိုးမင်းကပြောသည်။
ဒီဇင်ဘာ ၃ ရက်ကကျင်းပသည့်ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး တွင်၂၀၁၅-၂၀၁၆ ခုနှစ်ဘဏ္ဍာရေး နှစ်နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ရှင်း လင်းရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှင့်ပတ်သက်၍ ဒုတိယဥက္ကဋ္ဌဦးစိုး မင်းက ယင်းကဲ့သို့ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
''အထိမ်းအမှတ်ဒင်္ဂါးကို တစ် ကြိမ်သာသွင်းလုပ်ပြီး အရေအ တွက်တစ်သောင်းသာကန့်သတ်ထုတ် ဝေတဲ့အတွက် အထိမ်းအမှတ်ဒင်္ဂါး လို့သုံးနှုန်းပေမယ့် ဒင်္ဂါးမှာ တန်ဖိုးသတ် မှတ်ချက်ငါးထောင်လို့ဖော်ပြထား တဲ့အတွက် မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥပဒေအခန်း(၉) ပြည်တွင်း သုံးငွေထုတ်ဝေခြင်းအခန်းပါ ဗဟိုဘဏ် ကသာငွေစက္ကူနှင့်ဒင်္ဂါးများထုတ်ပိုင်ခွင့်ရှိသည်။ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူနှင့်ဒင်္ဂါးများ သည်နိုင်ငံတစ်ဝန်းလုံးတွင်တရား ဝင်ငွေအဖြစ်တည်ရှိစေရမည်ဟု ဖော် ပြထားတဲ့ ပုဒ်မ ၆၂ နဲ့အညီဖြစ်ပါ ကြောင်းနှင့်နိုင်ငံအသီးသီးရှိဗဟို ဘဏ်တွေကလည်း ထိုကဲ့သို့အထိမ်း အမှတ်ဒင်္ဂါးများသွန်းလုပ်ထုတ်ဝေ လေ့ရှိပါကြောင်း တင်ပြပါတယ်''ဟု  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိ ယဥက္ကဋ္ဌဦးစိုးမင်းက ပြောသည်။
ငွေဒင်္ဂါးရောင်းချငွေများကို   မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ဝင် ငွေစာရင်းတွင်ထည့်သွင်းမှာဖြစ် ကြောင်း ၎င်းကထပ်လောင်းပြော ကြားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ပြည်ထောင်စုအစိုးရ ဖွဲ့ပထမသက်တမ်း အထိမ်းအမှတ် အဖြစ်ငွေစင်ငွေသား ၉၂ ဒသမ ၅၀  ရာခိုင်နှုန်းပါဝင်သည့်ငွေဒင်္ဂါးတစ် သောင်းကိုသွန်းလုပ်ကာ ကျပ် ငါး ထောင်ဟုရိုက်နှိပ်ပြီး ကျပ်သုံးသောင်း နှင့်ရောင်းချခဲ့မှုအပေါ် လွှတ်တော် ကိုယ်စားလှယ်များက ဥပဒေနှင့်ညီ ညွတ်မှုရှိ၊ မရှိနှင့်ရောင်းချငွေများကို မည့်သို့ဆောင်ရွက်သည်နှင့်ပတ် သက်ပြီး ဆွေးနွေးခဲ့သည့်အပေါ် ယင်းကဲ့သို့ဖြေရှင်းခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်ပြည်ထောင်စု၏နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းတွင် ဖြည့်စွက်ငွေ တင်ပြတောင်း ခံရခြင်းမှ လစာငွေများတိုးမြှင့်ခြင်း ကြောင့်ဖြစ်သည်ဟု ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက စပ်လျဉ်းပြောကြားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် နောက်ထပ်ဘဏ္ဍာငွေခွဲ ဝေသုံးစွဲရန်ဖြည့်စွက်ငွေကျပ် ၅၉ ဘီလီယံတင်ပြတောင်းခံထားပြီး ငွေ စက္ကူရိုက်နှိပ်ခနှင့် ဒင်္ဂါးသွန်းလုပ် ခအတွက် လိုအပ်ငွေကျပ် ၃၆ ဒသမ  ၈ဘီလီယံနှင့်အပ်နှံငွေအပေါ် အ တိုးပေးရငွေကျပ် ၁၆ဘီလီယံနှင့် နိုင်ငံတော်သို့ထည့်ဝင်ငွေကျပ် ၆ ဒသမ ၁၉ ဘီလီယံတို့အတွက်ဖြစ် ကြောင်း သိရသည်။
လစာငွေတိုးမြှင့်ခြင်းကြောင့် ငွေကြေးလိုအပ်ချက်အရ ငွေစက္ကူများတိုးမြှင့်ရိုက်နှိပ်ခြင်း၊ ငွေစက္ကူရိုက် နှိပ်ခတိုးမြှင့်လာခြင်းတို့ကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မူလ လျာထားခွင့်ပြုခဲ့သည့်ငွေစက္ကူရိုက် နှိပ်ခနှင့်ဒင်္ဂါးသွန်းလုပ်စာရင်းတွင် လုံလောက်မှုမရှိသဖြင့် ကျပ် ၃၆ ဒသမ ၈ ဘီလီယံကိုထပ်မံတောင်းခံရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
လစာတိုးမြှင့်ပေးခြင်း၊ လို ငွေဘတ်ဂျက်ကျယ်ပြန့်နေခြင်းတို့ သည်စနစ်အတွင်း ငွေကြေးပိုမို ဝင်ရောက်လာစေသည့်အတွက် ငွေကြေးဖောင်းပွမှုဖြစ်ပေါ်စေ နိုင်တဲ့အကြောင်းအရင်းတစ်ရပ် လည်းဖြစ်သည်ဟု ဦးစိုးမင်းကသုံးသပ်သည်။
''မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရဲ့ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရခြင်း အကြောင်းဟာ လစာငွေတိုးမြှင့် လို့၊ ဘတ်ဂျက်လိုငွေကျယ်ပြန့်လို့ပို မိုရိုက်နှိပ်ရတဲ့ငွေစက္ကူ၊ စီးပွားရေး စနစ်အတွင်းဝင်ရောက်လာတဲ့ထပ် တိုးငွေပမာဏ၊ ထပ်တိုးငွေ ပမာဏ ကြောင့်ဖြစ်ပေါ်လာတဲ့ ငွေကြေးဖောင်း ပွမှု၊ ငွေကြေးဖောင်းပွမှုကိုထိန်းသိမ်း ဖို့အတွက် အတိုးပေးအပ်နှံစေမှုစ တဲ့ အကျိုးဆက်များကြောင့်ဖြည့်စွက် ခွင့်ပြုငွေတောင်းခံရန်အကြောင်း  အရင်းဖြစ်ကြောင်းတင်ပြပါတယ်''ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌဦးစိုးမင်းကလွှတ်တော်သို့ ထပ်လောင်းရှင်းလင်းခဲ့သည်။
နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေကြမ်းပါဖြည့်စွက် တောင်းခံငွေများနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၁ရက်မှ ၂ ရက်အထိ သက် ဆိုင်ရာဝန်ကြီးဌာနများ၏ ရှင်းလင်း မှုများပြီးဆုံးခဲ့ပြီးဖြစ်ကာ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဝန်ကြီး ဌာနများ၏တင်ပြမှုများနှင့်ဥပဒေ ကြမ်းပါအချက်များအပေါ်ဆက်လက် ဆွေးနွေးလိုပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော် နာယကမှ ကြေညာထားသည်။

#Democracytoday

No comments: