ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရသူနှင့်သေဆုံးသူများကို ထောက်ပံ့ ရန်တောင်းဆိုမည်
မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူများကို ထောက်ပံ့ရန်အတွက် နောက်တက်မည့်အစိုးရကို ဘတ်ဂျက်ငွေချပေးရန် မြန်မာနိုင်ငံယာဉ်အန္တရာယ်ကင်းရှင်းရေးအဖွဲ့ (MORS) မှ တောင်းဆိုသွားမည်ဖြစ်ကြောင်း အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသစ်လွင်က ဆိုသည်။
"လက်ရှိ အစိုးရအနေနဲ့ ယာဉ်ထိခိုက်မှုကြောင့် သေဆုံးသွားတဲ့သူတွေ အတွက် သီးသန့်ဘတ်ဂျက်ငွေချပေးထားတာ မရှိဘူး။ သက်ဆိုင်ရာ ဌာနတွေက ဌာနရဲ့ သုံးစွဲငွေကို ခေါင်းစဉ်ပြောင်းပြီး လှူဒါန်းတာမျိုးပဲရှိ တယ်။တခြားနိုင်ငံတွေမှာ ရှိပါတယ်။ အဖွဲ့အနေနဲ့ နောင်ဘယ်အစိုးရတက် တက် ဘတ်ဂျက်ငွေသုံးစွဲပေးဖို့ တောင်းဆိုသွားဖို့ရှိပါတယ် " ဟု ၎င်းက ပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ၊ သေဆုံးသူများအတွက် ထောက်ပံ့ပေးနိုင်ရန် စည်းကမ်းဖောက်ဖျက် သူများထံမှ ဒဏ်ကြေးကောက်ခံထားခြင်း၊ စားသောက်ကုန်လုပ်ငန်း အခွန်ကောက်ခံထားရှိခြင်းများထဲမှ ၁၀ ရာခိုင်နှုန်းကို သုံးစွဲပေးသင့်ကြောင်း ၎င်းက အကြံပြုပြောဆိုသည်။
အဆိုပါယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူများ အတွက် အစိုးရ၏ထောက်ပံ့မှုလိုအပ်နေပြီး MORS အဖွဲ့ကိုလည်း ရေရှည် ရပ်တည်နိုင်ရန် ထောက်ပံ့မှုများ လုပ်ဆောင်ပေးသင့်ကြောင်း အဆိုပါအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဦးလှသောင်းမြင့်ကဆိုသည်။
"လက်ရှိအစိုးရအနေနဲ့ ယာဉ်တိုက်မှုအတွက် ထောက်ပံ့ပေးတာ သုညပဲ ရှိပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့လည်း NGO အဖွဲ့အစည်းဖြစ်လို့ ရေ ရှည်ရပ်တည်ဖို့ အသင်းဝင်အများကြီး လိုအပ်တယ်။ အစိုးရအနေနဲ့ အသင်းကိုထောက်ပံ့ပေးဖို့လည်း လိုပါတယ်" ဟု ၎င်းက ပြောသည်။
MORS အဖွဲ့အနေနှင့် ယာဉ်မတော်တဆမှုနှင့်ပတ်သက်သည့် ထိခိုက် ဒဏ်ရာရသူ၊ သေဆုံးသူများလျော့နည်းရန် ကြိုတင်ကာ ကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ယာဉ်မတော်တဆမှုကြောင့် ဒုက္ခိတဖြစ်သူများကို ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ ယာဉ်မတော် တဆမှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် အလုံးစုံအာမခံရရှိ ရန်နှင့် လျော်ကြေးရရှိရန်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
No comments:
Post a Comment