Sunday, December 20, 2015

မွတ်စလင်နိုင်ငံတွေကတော့ လွတ်လပ်မျှတစွာနဲ့ ခရစ်စမတ်ပွဲတော်ကိုပိတ်ပင်ပြီးစိန်ခေါ်လိုက်ပါပြီ အော်ကြပါအုံး

မွတ်စလင်နိုင်ငံတွေကတော့
လွတ်လပ်မျှတစွာနဲ့ ခရစ်စမတ်ပွဲတော်ကိုပိတ်ပင်ပြီးစိန်ခေါ်လိုက်ပါပြီ
အော်ကြပါအုံး
လူအခွင့်အရေးသမားတွေ
ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့များ ဘရူနိုင်းကိုသွားပြီး ဖွဲ့ချင်ကြရင်လည်း နယ်စားလေးဆီ
ဆက်သွယ်ပါ လေယာဉ်စင်းလုံးဌားပြီး အကုန်လုံးကို
ဘရူနိုင်းကိုပို့ပေးပါမယ်

ဘုရင်စနစ်နဲ့အုပ်ချုပ်တဲ့ ဘရူနိုင်းနိုင်ငံဟာ ဒီနှစ်ဧပြီလအစောပိုင်းတုန်းက အစ္စ လာမ်ဘာသာရေး အယူဆအရ လူတယောက်ကို ကျောက်တုံးနဲ့ မသေမချင်းထုသတ်နိုင်တဲ့ ဥပဒေနဲ့ ပတ်သက်ပြီး ကမ္ဘာတလွှားက ဝေဖန်မှုတွေလုပ်နေချိန်မှာပဲ နောက်ထပ်ဥပဒေတခုကို ထုတ်ပြန်လိုက်ပါတယ်။

ခရစ္စမတ်ပါတီဆင်နွှဲမယ့် ဘယ်သူ့ကိုမဆို ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်နိုင်တယ်ဆိုတဲ့ ဥပဒေကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ခုလိုတားမြစ်တာဟာ အစ္စလာမ်ဘာသာထက် တခြားဘာသာတွေ ပြန့်ပွားဖို့ကို တားမြစ်တာလို့ ဘရူနိုင်းနိုင်ငံသာသနာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဘရူနိုင်းနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဝင် ဦးရေဟာ အကြမ်းအားဖြင့် နိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းသာရှိနေတာပါ။

ဘရူနိုင်းနိုင်ငံအစိုးရ သတင်းထုတ်ပြန်ချက်မှာ အစ္စလာမ်နိုင်ငံတွေမှာ နေထိုင်ကြတဲ့ တခြားဘာသာဝင်တွေအနေနဲ့ နိုင်ငံရဲ့ချမှတ်တဲ့ ဥပဒေအောက်မှာ နေထိုင်ကြရမယ်လို့ ဖော်ပြထားတာပါ။

bummmစီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း ခရစ္စမတ်ပွဲတော်ကာလမှာ အများပြည်သူ ထင်သာမြင်သာဖြစ်အောင် အလှဆင်ပြသထားတာတွေကို ပြန်လည်ဖြုတ်ချရမှာဖြစ်ပြီး အခုချမှတ်ထားတဲ့ ဥပဒေအတိုင်း ပူးပေါင်းဆောင်ရွက်ကြရမယ်လို့ ဆိုပါတယ်။

အခုနောက်ဆုံးချမှတ်လိုက်တဲ့ ဘရူနိုင်းနိုင်ငံရဲ့ ပြစ်မှုဆိုင်ရာဥပဒေကို အသက် ၆၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘရူနိုင်းဘုရင် ဟာဆန်နာဘော်လ်ကီယာရဲ့ ခွင့်ပြုချက်နဲ့ အကောင်အထည်ဖော်သွားမယ်လို့ မလေးရှားနိုင်ငံအခြေစိုက် ကာဗာရေ့ခ်ျသတင်းမှာ ဖော်ပြပါတယ်

နောက်ဆိုမြန်မာပြည်မှာလည်း ကထိန်တို့ဆွမ်းကြီးလောင်းတို့ သင်္ကြန်တို့သီတင်းကျွတ်ပွဲတော် တန်ဆောင်တိုင်ပွဲတော်တို့လည်း ခုလိုပိတ်ပင်ခံရဖို့ရှိနေပါတယ်
photo to dvb

သထုံ နယ်စားလေး

No comments: