Tuesday, December 22, 2015

ဘိုတန်ကို ပြန်လည်ခေါ်ယူမည်ဟု အေစီမီလန်အသင်း အတည်ပြု

ဘိုတန်ကို ပြန်လည်ခေါ်ယူမည်ဟု အေစီမီလန်အသင်း အတည်ပြု
============================
အေစီမီလန်အသင်း၏ အမှုဆောင်ချုပ် ဂယ်လီယာနီက အသင်း၏ ကွင်းလယ်လူဟောင်း ဘိုတန်ကို ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

အသက်(၂၈)နှစ်အရွယ်ရှိ ဂါနာကွင်းလယ်လူ ဘိုတန်သည် ၂၀၁၀တွင် ပို့စ်မောက်အသင်းမှ အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ပြီး (၃)နှစ်ကြာ ကစားခဲ့ကာ ဂျာမန်ကလပ် ရှော်လ်ကေးအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။

ရှော်လ်ကေးအသင်းသည် ဘိုတန်အား ပြီးခဲ့သည့် မေလက စာချုပ်ဖျက်သိမ်းခဲ့ပြီး ယင်းနောက်ပိုင်းတွင် ဘိုတန်မှာ အသင်းလက်မဲ့ ဖြစ်နေခဲ့သည်။

သို့ဖြစ်ရာ အေစီမီလန်အသင်းသည် ၄င်းတို့၏ ကွင်းလယ်လူဟောင်း ဘိုတန်ကို ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်ခဲ့ပြီး လာမည့် ဇန်န၀ါရီတွင် စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

Ref & Photo: DailyMail
(၂၀၁၀ ခုနှစ်က အေစီမီလန်အသင်းသို့ ဘိုတန် ပြောင်းရွှေ့ခဲ့စဉ်)

No comments: