Sunday, December 20, 2015

ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ လူတစ်ဦးတစ်ယောက် မိသားစု တစ်စု က အိမ်ခြံမြေ အမြောက်အများ ပိုင်ဆိုင်ခွင့်မရှိကြပါဘူး။

ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ လူတစ်ဦးတစ်ယောက် မိသားစု တစ်စု က အိမ်ခြံမြေ အမြောက်အများ ပိုင်ဆိုင်ခွင့်မရှိကြပါဘူး။

Property tax လို့ခေါ်တဲ့ အိမ်ခြံမြေပိုင်ဆိုင်မှု အခွန်ကို သေသေချာချာကောက်ရင် ဘယ်သူကမှ အိမ်ခြံမြေ တွေအများကြီးသိမ်းပိုက် မထားနိုင်ပါဘူး။

အိမ်ခြံမြေ တစ်ခု ထက်ပိုပြီး ပိုင်ဆိုင်တဲ့ မိသားစု (သို့မဟုတ်) ပုဂ္ဂိုလ်တွေ ကို ပိုင်ဆိုင်တဲ့ အိမ်ခြံမြေ တစ်ခုချင်းစီရဲ့ တန်ဖိုးအလိုက် အခွန်ကောက်ခံရမှာပါ။ (အခွန်ဝန်ထမ်း နဲ့ ညှိပြီး ဈေးနှုန်းပြင်ဆင်တာမျိုး မဖြစ်အောင် ကြပ်မတ်ဖို့ အဓိကလိုအပ်ပါတယ်)

ပထမ အိမ်ခြံမြေ ပိုင်ဆိုင်မှုအတွက် ၃%
ဒုတိယ အိမ်ခြံမြေ ပိုင်ဆိုင်မှုအတွက် ၁၀%
တတိယ အိမ်ခြံမြေ ပိုင်ဆိုင်မှုအတွက် ၃၀%
စတုထ္ထ အိမ်ခြံမြေ ပိုင်ဆိုင်မှုအတွက် ၅၀% စသည်ဖြင့် ပိုင်ဆိုင်မှုအလိုက် အခွန်နှုန်းတိုးမြှင့် ကောက်ခံလိုက်ရင် မြေဈေးထိုးကျသွားမှာပါ။

ရှိသင့်ရှိထိုက်တဲ့ ဈေးနှုန်းဖြစ်ပေါ်လာတော့မှ မြန်မာလူမျိုးအများစု အတွက် အိမ်ခြံမြေ ပိုင်ဆိုင်ခွင့်တွေရှိလာမှာပါ။

တကယ်လုပ်ရင် တကယ်ဈေးကျသွားလိမ့်မယ်။

လူတစ်စု ရဲ့ လက်ထဲ မြန်မာတနိုင်ငံလုံးရဲ့ အိမ်ခြံမြေတွေ ရောက်နေတာဟာ တိုင်းပြည်အတွက် အခွန် ဆုံးရှုံးသလို မြန်မာနိုင်ငံသားအများစု အတွက်လဲ နစ်နာတယ်။

ဒီလို ပေါက်ကရ မြေဈေးမျိုးနဲ့တော့ သံယံဇာတ အချောင်နှိုက်မယ့် ကုမ္ပဏီ တွေကလွဲပြီး နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုတွေလဲ ဝင်လာမှာမဟုတ်ပါဘူး။

မြေဈေးကျဖို့ အရေးကြီးတယ်။

မူရင်းရေးသားသူ koMelvin Moe
Photo .online

No comments: