Saturday, December 19, 2015

တရုတ္လူမ်ဳိး တစ္ဦးမွ တန္ဖိိုးနည္း ေလသန္႕စင္စက္ တီထြင္ထုတ္လုပ္

တရုတ္လူမ်ဳိး တစ္ဦးမွ တန္ဖိိုးနည္း ေလသန္႕စင္စက္ တီထြင္ထုတ္လုပ္

ရွန္ဟိုင္း၊ ဒီဇင္ဘာလ ၁၉ရက္(ဆင္ဟြာ)
တရုတ္ႏိုင္ငံ ရွန္ဟိုင္းျမိဳ႕ မွ တရုတ္အမ်ဳိးသားတစ္ဦးသည္ ရွန္ဟိုင္း ေလထုညစ္ညမ္းမႈအား ေလွ်ာ့ခ်ႏိုင္ရန္ အတြက္ တန္ဖိုးနည္း ေလသန္႕စင္စက္ အား တီထြင္ထုတ္လုပ္ခဲ့ျပီး ယင္း ေလသန္႕စင္စက္သည္ ေစ်းကြက္၌ ေရာင္းခ်ေနသည့္ တန္ဖိုးၾကီး ေလသန္႕စင္စက္မ်ားထက္ လုပ္ေဆာင္ခ်က္ မ်ား ပိုမိုပါဝင္ေၾကာင္း သိရသည္။

က်န္းေခ်ာင္းအမည္ရွိ အဆိုပါ ေလသန္႕စင္စက္သည္ ေစ်းႏႈန္းအားျဖင့္ ၄၆၂ အေမရိကန္ ေဒၚလာ သာ ကုန္က်ျပီး အျခား ေလသန္႕စင္ စက္မ်ားကဲ့သုိ႕ အခန္းတြင္း ေလထုထဲရွိ ညစ္ညမ္းေစသည့္ အရာမ်ားအား စစ္ထုတ္ေပးျပီး ၄င္းေလမ်ားအား အခန္းတြင္းသို႕ ျပန္လည္ လွည့္ပတ္ေစသည့္ စနစ္ကို အသံုးမျပဳ ဘဲ အခန္းတြင္းရွိ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကဲ့သုိ႕ေသာ ေလထုညစ္ညမ္းေစသည့္ အရာမ်ား ေရာေႏွာေနသည့္ ေလထုအား သန္႕စင္သည့္ ျပင္ပေလ ျဖင့္ အစားထိုးသည့္ စနစ္ကို အသံုးျပဳထားေၾကာင္းသိရသည္။

ေလသန္႕စင္စက္အားတီထြင္ထုတ္လုပ္သူ က်န္းေခ်ာင္းက သာမန္ေလသန္႕စင္စက္မ်ားသည္ အခန္းအတြင္းရွိ ေလကို အျပင္သို႕ မထုတ္လႊတ္ဘဲ အတြင္း၌သာ ျပန္လည္ လွည့္ပတ္ေစသည့္ စနစ္ကို အသံုးျပဳထားေသာ ေၾကာင့္ အႏၲရာယ္ ျဖစ္ေစသည့္ ေလထုသည္ အတြင္း၌ သာ က်န္ရွိေနေသာေၾကာင့္ ယခုကဲ့သို႕ ျပင္ပေလ ကို ျပန္လည္သန္႕စင္ျပီး အခန္းတြင္းရွိ ေလထုႏွင့္အစားထိုးရန္ စိတ္ကူးရရွိခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။
ထို႕အျပင္ ၄င္းမွ ေလသန္႕စင္စက္ တီထြင္ ႏိုင္ရန္ အတြက္ နည္းလမ္းမ်ား အား အင္တာနက္မွ ရယူခဲ့ျပီး အျခားသူမ်ားအေနျဖင့္လည္း အင္တာနက္ေပၚမွ နည္းလမ္းမ်ားအတိုင္း ကို္ယ္ပိုင္ ေလသန္႕စင္စက္မ်ားကို တီထြင္ႏိုင္ေၾကာင္း ေျပာၾကားခဲ့သည္။ (Xinhua)
----------------------------------------------
(Unicode Version)
တရုတ်လူမျိုး တစ်ဦးမှ တန်ဖိိုးနည်း လေသန့်စင်စက် တီထွင်ထုတ်လုပ်

ရှန်ဟိုင်း၊ ဒီဇင်ဘာလ ၁၉ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ မှ တရုတ်အမျိုးသားတစ်ဦးသည် ရှန်ဟိုင်း လေထုညစ်ညမ်းမှုအား လျှော့ချနိုင်ရန် အတွက် တန်ဖိုးနည်း လေသန့်စင်စက် အား တီထွင်ထုတ်လုပ်ခဲ့ပြီး ယင်း လေသန့်စင်စက်သည် ဈေးကွက်၌ ရောင်းချနေသည့် တန်ဖိုးကြီး လေသန့်စင်စက်များထက် လုပ်ဆောင်ချက် များ ပိုမိုပါဝင်ကြောင်း သိရသည်။

ကျန်းချောင်းအမည်ရှိ အဆိုပါ လေသန့်စင်စက်သည် ဈေးနှုန်းအားဖြင့် ၄၆၂ အမေရိကန် ဒေါ်လာ သာ ကုန်ကျပြီး အခြား လေသန့်စင် စက်များကဲ့သို့ အခန်းတွင်း လေထုထဲရှိ ညစ်ညမ်းစေသည့် အရာများအား စစ်ထုတ်ပေးပြီး ၄င်းလေများအား အခန်းတွင်းသို့ ပြန်လည် လှည့်ပတ်စေသည့် စနစ်ကို အသုံးမပြု ဘဲ အခန်းတွင်းရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ကဲ့သို့သော လေထုညစ်ညမ်းစေသည့် အရာများ ရောနှောနေသည့် လေထုအား သန့်စင်သည့် ပြင်ပလေ ဖြင့် အစားထိုးသည့် စနစ်ကို အသုံးပြုထားကြောင်းသိရသည်။

လေသန့်စင်စက်အားတီထွင်ထုတ်လုပ်သူ ကျန်းချောင်းက သာမန်လေသန့်စင်စက်များသည် အခန်းအတွင်းရှိ လေကို အပြင်သို့ မထုတ်လွှတ်ဘဲ အတွင်း၌သာ ပြန်လည် လှည့်ပတ်စေသည့် စနစ်ကို အသုံးပြုထားသော ကြောင့် အန္တရာယ် ဖြစ်စေသည့် လေထုသည် အတွင်း၌ သာ ကျန်ရှိနေသောကြောင့် ယခုကဲ့သို့ ပြင်ပလေ ကို ပြန်လည်သန့်စင်ပြီး အခန်းတွင်းရှိ လေထုနှင့်အစားထိုးရန် စိတ်ကူးရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ၄င်းမှ လေသန့်စင်စက် တီထွင် နိုင်ရန် အတွက် နည်းလမ်းများ အား အင်တာနက်မှ ရယူခဲ့ပြီး အခြားသူများအနေဖြင့်လည်း အင်တာနက်ပေါ်မှ နည်းလမ်းများအတိုင်း ကိ်ုယ်ပိုင် လေသန့်စင်စက်များကို တီထွင်နိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

No comments: