အပူပိုင်းမုန်တိုင်းငယ်အရှိန်ကြောင့် ဒေသအချို့တွင်အချိန်အခါမဟုတ်မိုးရွာမည်
ဖိလစ်ပိုင်ပင်လယ်ပြင်အရှေ့ပိုင်း၌ အစပျိုးနေသည့် အပူပိုင်းမုန်တိုင်းငယ်အရှိန်ကြောင့် ရှမ်းပြည်နယ်အပါအဝင်ဒေသအချို့တွင် အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလေဗေဒညွှန်ကြားမှုဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ထားသည်။
“ဒီဇင်ဘာလဝက်ကျော်ရင်အအေးပိုပြီးခြောက်သွေ့တတ်ပေမယ့် အခုကလေပွေလှိုင်းတွေဖြတ်ကျော်နေတဲ့အတွက် မိုးဆက်လက် ရရှိနိုင်သေးတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဆိုသည်။
အဆိုပါအပူပိုင်းမုန်တိုင်းငယ်အပြင် အနောက်ဘက်မှရွေ့လျားလာ သည့်လေပွေလှိုင်းများအရှိန်ကြောင့်လည်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာသွန်းမည်ဖြစ်ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ရှမ်းပြည်နယ်၌ မိုးရေချိန် တစ်လက်မခန့်ရရှိသည် အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။
No comments:
Post a Comment