Saturday, December 19, 2015

ဆီးရီးယား ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အတြက္ လမ္းျပေျမပံု ကုလသမဂၢ လံုျခံဳေရး ေကာင္စီ အတည္ျပဳ

ဆီးရီးယား ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အတြက္ လမ္းျပေျမပံု ကုလသမဂၢ လံုျခံဳေရး ေကာင္စီ အတည္ျပဳ

ကုလသမဂၢ၊ ဒီဇင္ဘာ ၁၉ ရက္ (ဆင္ဟြာ)
ႏိုင္ငံအတြင္း ပဋိပကၡမ်ား အဆံုးသတ္ရန္ ဆီးရီးယား ဦးေဆာင္သည့္ ႏိုင္ငံေရး အသြင္ကူးေျပာင္းမႈ အတြက္ အျပည္ျပည္ဆိုင္ရာ လမ္းျပေျမပံုအတြက္ ဆံုးျဖတ္ခ်က္အား ကုလသမဂၢ လံုျခံဳေရး ေကာင္စီက ဒီဇင္ဘာလ ၁၈ ရက္က အတည္ျပဳခဲ့ၾကၿပီး ဆီးရီးယား ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈမ်ားအား ဇန္နဝါရီလ အေစာပိုင္းတြင္ စတင္ရန္ ေတာင္းဆိုခဲ႔ၾကသည္။

ယခုဆံုးျဖတ္ခ်က္သည္ ဆီးရီးယားႏိုင္ငံတြင္ တစ္ႏိုင္ငံလံုး အပစ္အခတ္ရပ္စဲေရး အတြက္ ဆီးရီးယား အစိုးရႏွင့္ အတိုက္အခံတို႔က တာဝန္ယူ၍ ကုလသမဂၢ ဦးေဆာင္မႈအာက္တြင္ ျမန္ႏိုင္သမွ်ျမန္ျမန္ ႏိုင္ငံေရး အသြင္ကူး ေျပာင္းမႈ ကနဦး အဆင့္သို႔ စတင္ တက္လွမ္းႏိုင္ရန္ ေဆြးေႏြးသြားမည္ ျဖစ္သည္။

၁၅ ႏိုင္ငံပါဝင္သည့္ ေကာင္စီ အေနျဖင့္ ဂ်ီနီဗာ၊ ဆြစ္ဇာလန္၊ ဗီယင္နာ၊ ၾသစေၾတးလ်တြင္ ေဆြးေႏြးခဲ႔စဥ္ အ တြင္း သေဘာတူ ေၾကညာထားခ်က္ အတိုင္း ေထာက္ပံ့ေပးမည္ဟု ေဖာ္ျပခဲ႔ၿပီး ဆီးရီးယား အနာ ဂတ္အတြက္ ဆီးရီးယား ျပည္သူမ်ားက ဆံုးျဖတ္ရမည္ ျဖစ္ေၾကာင္း အေလးထား ေျပာၾကားခဲ႔သည္။
ဆီးရီးယားတြင္ လတ္တေလာ ၾကံဳေတြ႕ေနရသည့္ ပဋိပကၡအေရး အတြက္ ေရရွည္တည္တံ့သည့္ ဆံုးျဖတ္ခ်က္ က သာလွ်င္ ဆီးရီးယား ျပည္သူမ်ားအတြက္ သဘာဝက်ၿပီး ျပင္းျပသည့္ ရည္မွန္းခ်က္ ျဖစ္ေၾကာင္း ထိုဆံုးျဖတ္ ခ်က္တြင္ ေဖာ္ျပခဲ႔သည္။(Xinhua)
----------------------------------------------
(Unicode Version)
ဆီးရီးယား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လမ်းပြမြေပုံ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အတည်ပြု

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)
နိုင်ငံအတွင်း ပဋိပက္ခများ အဆုံးသတ်ရန် ဆီးရီးယား ဦးဆောင်သည့် နိုင်ငံရေး အသွင်ကူးပြောင်းမှု အတွက် အပြည်ပြည်ဆိုင်ရာ လမ်းပြမြေပုံအတွက် ဆုံးဖြတ်ချက်အား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ဒီဇင်ဘာလ ၁၈ ရက်က အတည်ပြုခဲ့ကြပြီး ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးမှုများအား ဇန်နဝါရီလ အစောပိုင်းတွင် စတင်ရန် တောင်းဆိုခဲ့ကြသည်။

ယခုဆုံးဖြတ်ချက်သည် ဆီးရီးယားနိုင်ငံတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် ဆီးရီးယား အစိုးရနှင့် အတိုက်အခံတို့က တာဝန်ယူ၍ ကုလသမဂ္ဂ ဦးဆောင်မှုအာက်တွင် မြန်နိုင်သမျှမြန်မြန် နိုင်ငံရေး အသွင်ကူး ပြောင်းမှု ကနဦး အဆင့်သို့ စတင် တက်လှမ်းနိုင်ရန် ဆွေးနွေးသွားမည် ဖြစ်သည်။

၁၅ နိုင်ငံပါဝင်သည့် ကောင်စီ အနေဖြင့် ဂျီနီဗာ၊ ဆွစ်ဇာလန်၊ ဗီယင်နာ၊ သြစတြေးလျတွင် ဆွေးနွေးခဲ့စဉ် အ တွင်း သဘောတူ ကြေညာထားချက် အတိုင်း ထောက်ပံ့ပေးမည်ဟု ဖော်ပြခဲ့ပြီး ဆီးရီးယား အနာ ဂတ်အတွက် ဆီးရီးယား ပြည်သူများက ဆုံးဖြတ်ရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။
ဆီးရီးယားတွင် လတ်တလော ကြုံတွေ့နေရသည့် ပဋိပက္ခအရေး အတွက် ရေရှည်တည်တံ့သည့် ဆုံးဖြတ်ချက် က သာလျှင် ဆီးရီးယား ပြည်သူများအတွက် သဘာဝကျပြီး ပြင်းပြသည့် ရည်မှန်းချက် ဖြစ်ကြောင်း ထိုဆုံးဖြတ် ချက်တွင် ဖော်ပြခဲ့သည်။(Xinhua)

No comments: