Sunday, December 20, 2015

လောက်ကိုင်မြို့ရှိ လောင်ချွန်ရေအားလျှပ်စစ်စက်ရုံအနီး မိုင်းထည့်ထားသည့် အိတ်တစ်လုံးတွေ့ရှိ

လောက်ကိုင်မြို့ရှိ လောင်ချွန်ရေအားလျှပ်စစ်စက်ရုံအနီး မိုင်းထည့်ထားသည့် အိတ်တစ်လုံးတွေ့ရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့ရှိ လောင်ချွန်ရေအားလျှပ်စစ်စက်ရုံ အနီးတွင် ဆာလာအိတ် အပြာရောင်ဖြင့် ထုပ်ပိုးထားသော မသင်္ကာဖွယ်အထုပ် တစ်ထုပ်အားတွေ့ရှိကြောင်း ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် သတင်းပေးချက်အရ နယ်မြေခံ တပ်မတော်စစ်ကြောင်းက ၎င်းနေရာသို့ သွားရောက် ရှင်းလင်းခဲ့ရာ ဆာလာအိတ်အပြာရောင်နှင့် ထုပ်ပိုးထားသော TNT ယမ်း ၆ ကီလိုကရမ်ခန့်ပါ မီးရှို့စနက်တံ တပ်ထားသည့် ဒေသန္တရလုပ် မိုင်းတစ်လုံးနှင့် TNT ယမ်း ၆ ကီလိုဂရမ်ခန့်ပါ ယမ်းထုပ်တစ်ထုပ်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

No comments: