လေပွေလှိုင်းအရှိန်ကြောင့် လာမည့်သီတင်းပတ်အတွင်း အချိန်အခါမဟုတ် မိုးရွာမည်
တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် တိုင်ဖွန်းမုန်တိုင်း(Melor) သည် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဖြတ်ကျော်နေသဖြင့် အဆိုပါမုန်တိုင်းအကြွင်းအကျန်လေပွေလှိုင်းများကြောင့် လာမည့်သီတင်းပတ်အတွင်း တနင်္သာရီတိုင်းဒေသကြီးနှင့် ဒေသအချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အချိန်အခါမဟုတ် မိုးအနည်းငယ်ရွာသွန်းနိုင်ကြောင်း အဆိုပါဌာနညွန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဆိုသည်။
တိုင်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဖြတ်ကျော်ပြီးနောက် ထိုင်းပင်လယ်ကွေ့သို့ ဦးတည်ရွေ့လျားမည်ဖြစ်သဖြင့် မြန်မာနိုင်ငံဘက်သို့ မုန်တိုင်းဒဏ်သက်ရောက်မှုမရှိနိုင်သော်လည်း ဒေသအချို့တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။
No comments:
Post a Comment