နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အား နိုင်ငံတော်သမ္မတထံပေးအပ်
ပထမအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဇန်န၀ါရီ ၁၅ ရက်မတိုင်မီခေါ်ယူရမည်ဖြစ်
------------------------------------
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အား နိုင်ငံတော်သမ္မတထံသို့ ပေးအပ်ခြင်းအခမ်းအနားကို နေပြည်တော်ရှိ MICC-2 ခန်းမ၌ ယနေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ကြောင်း သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)၏ တတိယအကြိမ် စုံညီအစည်းဝေးတွင် အဆိုပါမူဘောင်ကို အောင်မြင်စွာ အချောသတ်သဘောတူရေးဆွဲနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမူဘောင်ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်တို့ပါဝင်သည့် အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့ စသည့် ၁၆ ဦးကျစီပါဝင်သည့် အစုအဖွဲ့သုံးစုမှ ကိုယ်စားလှယ်များမှ ဆွေးနွေး သဘောတူညီခဲ့ကြခြင်းဖြစ်ပြီး ရရှိလာသည့်မူချောကို နိုင်ငံတော်သမ္မတမှ ၂၀၁၆ ဇန်နဝါရီ ၁၅ မတိုင်မီ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ခေါ်ယူကျင်းပပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပသွားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NCA ကို ယခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့်အတွက် NCA Timeline အရ ဒီဇင်ဘာ ၁၅ ရက်တွင် နိုင်ငံရေးမူဘောင်မူချောကို အပြီးသတ်ရေးဆွဲနိုင်ရမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့မတိုင်မီတွင် နိုင်ငံရေးဆွေးနွေးပွဲများကို စတင်ရမည်ဖြစ်သည်။
Photo - Myanmar Peace Center Facebook
No comments:
Post a Comment